သင့်ချစ်သူက သင့်ကို ဒီစကားတစ်ခွန်းမေးတယ်ဆိုရင် သင့်ကိုသူအတည်တွဲနေတာပါ

အချစ်က ရှုပ်ထွေးတယ်လို့ လူတွေက ပြောကြပါတယ်။ တကယ်တော့ အချစ်က မရှုပ်ပါဘူး။ လူတွေက ရှုပ်အောင်လုပ်နေတာပါ။ လူတစ်ယောက်နဲ့ တစ်ယောက် တကယ်ချစ်ကြတဲ့အခါ ဘယ်အရာကမှ မရှုပ်ထွေးတော့ပါဘူး။ တကယ်မချစ်တဲ့သူတွေအတွက်တော့ ရှုပ်ထွေးမှုတွေ၊ ပြဿနာတွေနဲ့ ပြည့်နေမှာပါ။

Related image

ဘုန်းဘုန်းတစ်ယောက် တရားဟောတာ ကြားဖူးတယ်။ “လူတွေဟာ ရန်ဖြစ်တဲ့အခါ ဘာလို့ အော်ကြီးဟစ်ကျယ် ပြောကြလဲသိလား။ လူတွေ တစ်ယောက်နဲ့ တစ်ယောက် အလှမ်းကွာနေတဲ့အခါ ကြားအောင် အော်ပြောရတယ်မလား။ အဲလိုပဲ လူတွေဟာ တစ်ယောက်အပေါ်တစ်ယောက် မေတ္တာ မရှိတော့တဲ့အခါ နှလုံးသားတွေကလည်း ဝေးကွာသွားတယ်။ ဒါကြောင့် တစ်ဖက်လူရဲ့နှလုံးသားက ကြားရဖို့ အော်ပြောကြရတယ်။ လူနှစ်ယောက်ကပ်လျက်ရှိနေတာတောင် နှလုံးသားချင်း ဝေးကွာနေတဲ့အတွက် တိုးတိုးလေးပြောရင် မကြားနိုင်တော့ဘူး။”

“လူနှစ်ယောက်ချစ်နေတဲ့အခါ တိုးတိတ်ညင်သာစွာနဲ့ပြောကြတယ်မလား။ အဲဒါဟာ နှလုံးသားချင်းနီးနေကြလို့ပါ။ တစ်ယောက်ကိုတစ်ယောက်ချစ်နေကြတဲ့အတွက် နှုတ်ကနေတောင် ပြောစရာမလိုဘဲ အလိုလို နားလည်နေတတ်ကြတယ်။ နှလုံးသားချင်းနီးနေတဲ့အခါ စကားတွေအများကြီး၊ အကျယ်ကြီး ပြောစရာမလိုတော့ဘူး” တဲ့။

Related image

ဒီလိုပါပဲ သင့်ချစ်သူဟာ သင့်ကို တကယ်ချစ်လား မချစ်လားဆိုတာ စကားတွေ ဖောင်ဖွဲ့ပြောနေမှ သိနိုင်တာမဟုတ်ပါဘူး။ သူ့ရဲ့အချို့သော အပြုအမူ အပြောအဆိုတွေကနေ အလွယ်တကူ သိနိုင်ပါတယ်။ တစ်ခါတလေမှာ ချစ်တယ်ဆိုတဲ့ စကားထက် တချို့စကားတွေက ပိုလေးနက်ပါတယ်။ အဲလို လေးနက်တဲ့စကားတွေထဲကမှ ဒီတစ်ခွန်းကို မေးတယ်ဆိုရင် သင့်ချစ်သူက သင့်ကို တကယ်ချစ်ပြီး အတည်ရည်ရွယ်ထားတာပါ။ “ပျော်ရဲ့လား?” ဆိုတဲ့ စကားပါ။

Image result for happy couple

ဘာကြောင့်လဲ? လူတိုင်းက ရည်းစားထားမှတော့ ပျော်ချင်တယ်၊ စိတ်ချမ်းသာချင်ကြတယ်။ ကိုယ်ပျော်တာတော့ ဟုတ်ပါပြီ။ တစ်ဖက်လူကော ပျော်ရဲ့လား။ မချစ်တဲ့သူတွေက ကိုယ်ပျော်ဖို့သာ ကိုယ်ကြည့်တတ်ပြီး ကိုယ့်ချစ်သူရဲ့ ခံစားချက်ကို ထည့်မတွက်တတ်ကြပါဘူး။ တကယ်ချစ်တဲ့သူတွေကသာ ကိုယ့်ချစ်သူကို “ပျော်ရဲ့လား” လို့မေးတာပါ။ ဘာလို့လဲဆိုတော့ သူက သူ့ချစ်သူရဲ့ခံစားချက်ကို အလေးထားလို့ပါ။

Image result for happy couple

“ပျော်ရဲ့လား” လို့မေးတဲ့နေရာမှာ “ငါနဲ့တွဲရတာ ပျော်ရဲ့လား” ဆိုတဲ့ တစ်ခုတည်းမဟုတ်ပါဘူး။ အလုပ်မှာ ပျော်ရဲ့လား၊ သူငယ်ချင်းတွေနဲ့သွားလည်ရတာ ပျော်ရဲ့လား၊ ကျောင်းတက်ရတာ ပျော်ရဲ့လား၊ စသည်ဖြင့် သင်ဖြတ်သန်းရတဲ့ နေ့ရက်တွေမှာ သင်ပျော်ရွှင်နေရဲ့လား၊ စိတ်ချမ်းသာနေရဲ့လားဆိုတဲ့ မေးခွန်းမျိုးပါ။ ရွဲ့ပြီး မေးတာမျိုးမဟုတ်ဘဲ စိတ်ထဲကနေ တကယ်ပျော်စေချင်လို့မေးတဲ့ မေးခွန်းမျိုး ဖြစ်ရပါမယ်။

Image result for happy couple

နောက်တစ်ခုက အတွဲတစ်တွဲမှာ တစ်ယောက်က ကိစ္စတစ်ခုခုကြောင့် စိတ်ဆင်းရဲနေရတယ်ဆိုရင် အချစ်ရေးကိုလည်း အနည်းနဲ့အများထိခိုက်လာတတ်ပါတယ်။ တခြားအရာအတွက် စိတ်ဆင်းရဲနေရချိန်မှာ ချစ်သူနဲ့ပျော်ပျော်နေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ မချစ်တဲ့သူကတော့ ချစ်သူဘာဖြစ်နေနေ နေသာသလို နေမှာပါ။ တကယ်ချစ်တဲ့ နှစ်ကိုယ့်တစ်စိတ်ချစ်သူတွေကတော့ တစ်ယောက်မပျော်ရွှင်ရင် နောက်တစ်ယောက်က အတတ်နိုင်ဆုံး စိတ်ချမ်းသာအောင် ကူညီပေးလေ့ ရှိပါတယ်။

Related image

ဒီလိုပြောလို့ သင်ပျော်ရွှင်ဖို့အတွက် သင့်ချစ်သူမှာပဲ အပြည့်အဝ တာဝန်ရှိတယ်လို့ မယူဆလိုက်ပါနဲ့။ သင်ပျော်ရွှင်ဖို့ သင်ကိုယ်တိုင်မှာပဲ တာဝန်ရှိပါတယ်။ သင့်ချစ်သူက ဘေးကနေဘဲ နှစ်သိမ့်ဆွေးနွေးပေးနိုင်မှာပါ။ တကယ်လို့ သင်တို့ချစ်သူနှစ်ယောက်ဟာ တစ်ယောက်ရဲ့ပျော်ရွှင်မှုကို တစ်ယောက်အလေးထားတယ်ဆိုရင် တကယ်ချစ်ကြလို့ပါပဲ။ ဒါကြောင့် “ပျော်ရဲ့လား” လို့ မေးပြီး သင့်ပျော်ရွှင်မှုကို အလေးထားတဲ့ ချစ်သူမျိုးရှိနေပြီဆိုရင် လက်လွတ်မခံပါနဲ့။

Ref; www.romper.com

By Paulina