ခွေးမကြီးကို ပညာပေးချင်လို့ ခွေးပေါက်လေးတွေကို ရက်စက်စွာသတ်ခဲ့တဲ့ အမျိုးသမီး

လမ်းဘေးခွေးတွေဟာ လူတွေနဲ့ များစွာ နီးစပ်မှုရှိပြီး သူတို့ ခင်မင်တဲ့ လူတွေရဲ့ အကြိုက်ကို လိုက်ကာ နေထိုင်ပြုမူတတ်ကြပါတယ်။ ခွေးတွေဟာ လူတွေလောက် အသိဉာဏ်မရှိပေမယ့် တစ်လုပ်စားဖူး သူ့ကျေးဇူးအတိုင်း အစာကျွေးမွေးတဲ့ အိမ်နဲ့ ရပ်ကွက်ကိုလည်း တစ်ဖက်တစ်လမ်း စောင့်ရှောက်ပေးလေ့ရှိပါသေးတယ်။

အခုလည်း အိန္ဒိယနိုင်ငံရဲ့ Krishna nagar မြို့မှာ အသက်(၄)နှစ်အရွယ် လမ်းဘေးခွေးတစ်ကောင်ဖြစ်တဲ့ Ammu ဟာ ရပ်ကွက်အတွင်း နေထိုင်ကျက်စားပြီး သူ့ကို မသိတဲ့လူမရှိလောက်ကို လိမ္မာတဲ့ ခွေးမလေးပါ။ Ammu ဟာ လိမ္မာတဲ့အပြင် သနာစရာကောင်းလို့လည်း ရပ်ကွက်အတွင်းနေထိုင်တဲ့ လူတွေက စားစရာတွေ ကျွေးမွေးကြတာရှိပေမယ့် ရပ်ကွက်ထဲက အမျိုးသမီးကြီးတစ်ယောက်ကတော့ လမ်းဘေးခွေးတွေဆို သဘောမကျဘဲ အမြဲမုန်းတီးလေ့ရှိပါတယ်။

တစ်နေ့မှာ ခွေးတို့ရဲ့ သဘောသဘာဝအတိုင်း Ammu ဟာ သားပေါက်ပြီး ခွေးလေး (၈)ကောင်ကို အဆိုပါ အမျိုးသမီးရဲ့ အိမ်အနီးမှာ မွေးခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ အရင်တည်းက လမ်းဘေးခွေး မုန်းတီးတဲ့ အမျိုးသမီးကြီးဟာ သူ့အိမ်အနားမှာ မွေးတဲ့ ခွေးမကြီးကို ပညာပေးချင်လို့ဆိုပြီး မွေးခါစ ခွေးပေါက်လေးတွေကို တစ်ကောင်ပြီး တစ်ကောင်ယူကာ ကျောက်တုံးနဲ့ ရိုက်ပြီး လူမဆန်စွာ ရက်ရက်စက်စက် သတ်ခဲ့ပါတယ်။

အဲ့နောက်မှာ ၎င်းအမျိုးသမီးကြီးဟာ သေဆုံးသွားတဲ့ ခွေးပေါက်လေး (၈)ကောင်ကို လယ်ကွင်းထဲမှာ သွားပစ်ခဲ့ပြီး နေအိမ်ကို ပြန်သွားခဲ့ပါတယ်။ သနားစရာ ခွေးမလေး Ammu ကတော့ သူ့အရှေ့မှာ သားသမီးတွေ ကျောက်တုံးနဲ့ ရိုက်ပြီး အသတ်ခံရတာကို နားမလည်တဲ့အခါ ချစ်လို့ ကိုယ်တွယ်နေတာလို့ ထင်မှတ်ပုံရပါတယ်။ နောက်ဆုံးမှာ Ammu ဟာ လယ်ကွင်းထဲ ပစ်ထားခံရတဲ့ ခွေးပေါက်လေးတွေ အနားသွားကာ ခေါင်းလေးနဲ့ တွန်းလိုက် ပွတ်လိုက်လုပ်ပြီး နှိုးဖို့ကြိုးစားခဲ့ပါသေးတယ်။

အဆိုပါ အမျိုးသမီးကြီးရဲ့ လုပ်ရပ်ကို မြင်တဲ့ လူတချို့က အိမ်နီးချင်းတွေနဲ့ တိုင်ပင်ပြီး ဒီလုပ်ရပ်အပေါ် သက်ဆိုင်ရာ တိုင်ကြားခဲ့ပါတယ်။ ၎င်းအမျိုးသမီကြီးရဲ့ တိရစ္ဆာန်အပေါ် ညှင်းပန်းနှိပ်စက်မှုက သိသာထင်ရှားတဲ့အပြင် လူမဆန်တဲ့အတွက် အနည်းဆုံး ထောင်ဒဏ် (၅)နှစ်မှ (၇)နှစ်အတွင်း ကျနိုင်ဖွယ်ရှိတယ်လို့လည်း သိရပါတယ်။

Source; mensxp.com

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။