နိုင်ငံများစွာ ဝင်ပြိုင်တဲ့ Kids Supermodel ပြိုင်ပွဲမှာ First Runner Up ဆုကို ရရှိသွားတဲ့ သမီးလေး ပုပု

ယမန်နေ့ ဇူလိုင်လ (၂၁)ရက်နေ့က တရုတ်နိုင်ငံ၊ Suzhou မှာ ကျင်းပပြုလုပ်တဲ့ C Plan Kids Supermodel 2019 ပြိုင်ပွဲကြီးကို နိုင်ငံပေါင်း (၄၅)နိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင် (၁၂၈)ယောက်အထိ ရှိခဲ့ပါတယ်။ အဆိုပါ ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် Isabell (ခ) သမီးလေး ပုပုမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး First Runner Up ဆုကို ထိုက်ထိုက်တန်တန် ရရှိသွားခဲ့တယ်လို့ သိရပါတယ်။

အခုလို ဆုရရှိတာနဲ့ ပတ်သက်ပြီး Isabell ဆိုတဲ့ လူမှုကွန်ယက်မှာ “ ဒီနေ့ယှဉ်ပြိုင်တဲ့ C Plan Kids Supermodel 2019, Suzhou, China မှာ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ နိုင်ငံပေါင်း (၄၅) နိုင်ငံက ပြိုင်ပွဲဝင်ပေါင်း (၁၂၈) ယောက်မှာ ပုပုက မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ First Runner Up ဆုကို ဆွတ်ခူးရရှိခဲ့ပြီး ထိုင်းနိုင်ငံမှ Kid Boy မှ Winnerဆု၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Kid girl မှ Second Runner Up ဆုနဲ့ မွန်ဂိုလီးယားနိုင်ငံမှ Kid Girl မှ Best In Talent ဆုတို့ကို အသီးသီး ဆွတ်ခူးရရှိခဲ့ပါတယ်ရှင့်။ ပြီးတော့ Kids Fashion Week World Organization ရဲ့ ရွေးချယ်မှုနဲ့ (၂၀၁၉)ခုနှစ် အောက်တိုဘာလမှ နိုဝင်ဘာလအထိ ဟန်ဂေရီနိုင်ငံမှာ ကျင်းပမယ့် World Kids Fashion Week 2019 သို့ တက်ရောက်လည်ပတ်ရန် အထူးရွေးချယ်ဖိတ်ကြားခြင်းခံရပါတယ်ရှင့်။

ဆုလက်ခံရရှိတဲ့အချိန်မှာ အချိန်နဲ့တပြေးညီ live မလွှင့်နိုင်ခဲ့တဲ့အတွက် ဝမ်းနည်းမိပါတယ်ရှင့်။ အခုလို မြန်မာနိုင်ငံဂုဏ်ဆောင် ဆုရရှိခဲ့တဲ့အတွက် ဒီပွဲကိုဝင်ရောက်ယှဉ်ပြိုင်ဖို့နဲ့ ပွဲစဉ် တစ်လျှောက်ယှဉ်ပြိုင်ရာမှာ အကူအညီအများကြီးပေးခဲ့တဲ့ ဆရာ John Lwin နဲ့ Stars & Model International Org, Talent အတွက် မြန်မာအကသင်ကြားပေးတဲ့ ဆရာမဒေါ်ချောစုမျိုး၊ အားပေးကြတဲ့ချစ်ပရိသတ်ကြီးနဲ့အတူ ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင်ရှိပါတယ်ရှင့် ... နောက်ထပ်ကြိုးစားမယ့် လှုပ်ရှားမှုတိုင်းကိုလည်း အားပေးကြပါဦးရှင့် ” ဆိုပြီး ရေးသားထားခဲ့ပါတယ်။

နိုင်ငံတကာ ပြိုင်ပွဲဝင်များကိုကျော်လွန်ပြီး မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့တဲ့ သမီးလေး Isabell ဟာ တတိယတန်းကျောင်းသူလေးတစ်ဦးဖြစ်ပြီး လက်ရှိပြိုင်ခဲ့တဲ့ ပြိုင်ပွဲမဝင်ခင်က Interview လေးကိုလည်း ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။

">

Source; Isabell 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။