အီးပေါက်ရင် မနံအောင် လေကိုစစ်ပေးနိုင်မယ့်အတွင်းခံ ဝယ်လို့ရပြီ

မနံတဲ့အီးစော်ရယ်လို့မကြားဖူးဘူး။ အီးပေါက်ပြီဆိုရင် အီးစော်ကတော့ အနည်းနဲ့အများနံတာချည်းပါပဲ။

တစ်ခါတစ်လေ မအောင့်နိုင်လို့ public area တွေမှာ လွှတ်လိုက်မိပြီဆိုရှက်စရာ။ ခိုးပြီး အီးထု လိုက်ရင် သူလိုကိုယ်လိုမသိသာပေမယ့် မတော်တဆရယ်လိုက်မိတာမျိုး၊ မအောင့်နိုင်တာမျိုးဆိုလို့ကတော့ ကိုယ်ပေါက်တာလူသိပြီပေါ့။ ဒီကြားထဲ တစ်ညလောက် အောင်းထားတဲ့ဂတ်စ်တွေ ဆိုရင် သွားပြီ။ ရုပ်လေးက ချောချောလေး၊ အီးစော်နဲ့ရုပ်နဲ့တောင်မလိုက်ဘူး ဆိုသလိုပေါ့။



အဲ့ဒီလို အီးပေါက်ပြီး အီးနံ့မနံအောင် လေကိုစစ်ထုတ်ပေးမယ့် အတွင်းခံဘောင်းဘီတစ်မျိုးကို အမေရိက အခြေစိုက် စွန့်ဦးတီထွင် ကော်ပိုရေးရှင်းကြီးဖြစ်တဲ့ Flat-D Innovations Inc. က တီထွင်လိုက်ပါတယ်။ အဲ့ဒီအတွင်းခံကို ချည်သားနဲ့ချုပ်လုပ်ထားတာဖြစ်ပေမယ့် သူ့ရဲ့ ဘေးလိုင်းတွေထဲမှာ ပိုလီစတာ ကော်ပျော့ ကိုထည့်သွင်းပေးထားတယ်။ ဒီအထိက သာမန်သူလိုကိုယ်လိုစိတ်ဝင်စားစရာသိပ်ပြီး မရှိလှပေမယ့်လို့ ထူးခြားတာက ဘောင်းဘီအလယ်တည့်တည့် ( မြင်သာအောင်ပြောရရင် ဂွကြားမှာပေါ့ ) မှာ ကာဗွန်နဲ့လုပ်ထားတဲ့ အပြားတစ်ပြားကို ခံထားတယ်။ အဲ့ဒီအပြားလေးက လေမလုံပေမယ့် သင်ပေါက်လိုက်တဲ့ အီးထဲက အနံ့တွေကို စုပ်ယူလိုက်မှာဖြစ်တယ်။ အဲ့ဒီအတွက် အီး ဟာ ရိုးရိုးဂတ်စ်ငွေ့တစ်ခုအဖြစ်နဲ့ပဲထွက်လာမှာဖြစ်ပြီး အနံ့ရှိမှာမဟုတ်တော့ဘူး။



အနံ့မရှိတဲ့အတွက် စိတ်ချလက်ချပေါက်လို့ရပြီတော့မထင်ပါနဲ့။ အနံ့မရှိတော့သည့်တိုင် သင်ပေါက်လိုက်တဲ့အီးက အသံတော့ထွက်နေဦးမှာပါ။ အဲ့ဒီအထူးအတွင်းခံဘောင်းဘီဟာ အနံ့မထွက်အောင်ထိန်းလို့ရပေမယ့် အသံမထွက်အောင်တော့လုပ်လို့မရပါဘူး။

အဲ့ဒီဘောင်းဘီဟာ ဝတ်ဆင်တဲ့သူကို အရမ်းတင်းကျပ်တဲ့ခံစားမှုမျိုး၊ စိတ်မသက်မသာဖြစ်စေမယ့်ခံစားမှုမျိုးတွေပေးမှာမဟုတ်သလို ဘောင်းဘီကျပ်တာကြောင့်ဖြစ်လာမယ့် allergic တွေလည်း မဖြစ်ပေါ်စေဘူးလို့ဆိုတယ်။ နောက်ပြီး ကာဗွန်ပြားထဲမှာ ရေမြှုပ်နဲ့တခြား fabric အပျော့စားလေးတွေထည့်သွင်းထားတဲ့အတွက် မာတောင့်တောင့်ဖြစ်နေမှာမဟုတ်ပဲ ပုံမှန်ဝတ်ဆင်ထားတဲ့ချည်သားနဲ့တစ်ထပ်တည်းကျနေမှာပါ။



ဒီဘောင်းဘီကို ထုတ်လုပ်ခဲ့တဲ့ Flat-D Innovations Inc. ရဲ့ စီအီးအိုဖြစ်သူ ဘရိုင်ယန် ကွန်နန့် က တော့ ဘောင်းဘီရဲ့အရည်အသွေး၊ စိတ်ချရမှုတို့ကို အာမခံထားပြီး သုံးစွဲသူကို စိတ်ကျေနပ်မှုအပြည့်အဝပေးနိုင်မယ်လို့ဆိုတယ်။ အဲ့ဒီဘောင်းဘီကိုတော့ စက်တင်ဘာ ၁၆ မှာ Amazon, eBay တို့မှာ စတင်ဝယ်ယူနိုင်မှာဖြစ်ပြီး သင့်တင့်တဲ့စျေးနှုန်းနဲ့ရောင်းချပေးမှာဖြစ်တယ်လို့ဆိုတယ်။

ဘော်ဒါတွေထဲက နှာခေါင်းရော၊ နားကိုပါ ဒုက္ခပေးတဲ့သူငယ်ချင်းတွေကို မန်းရှင်းခေါ်ပေးလိုက်ပါဦး။

Gabriel
Source - 9gags

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။