အမျိုးသားတွေက အမှိုက်သာသာ သဘောထားတဲ့ လက်ဆောင်

လူတစ်ယောက်နဲ့တစ်ယောက် လက်ဆောင်ပေးတယ်ဆိုတာ တော်တော် ခေါင်းစားတဲ့အလုပ်ပါ။ အထူးသဖြင့် ကိုယ်ချစ်တဲ့သူတွေကို ပေးတဲ့အခါ ပိုစဉ်းစားရပါတယ်။ အမှတ်တရဖြစ်ပါ့မလား၊ သဘောကျပါ့မလား၊ အသုံးရော ဝင်ပါ့မလား ဆိုပြီး အဖက်ဖက်က စဉ်းစားရပါတယ်။ ကိုယ်ကတော့ ကောင်းမယ်ထင်လို့ ပေးလိုက်ပေမယ့် တစ်ဖက်လူအတွက် ဘာမှ အသုံးမဝင်တာမျိုးက ဖြစ်တတ်ကြပါတယ်။ ဒီတစ်ခါတော့ ချစ်သူကောင်လေးကို မပေးသင့်တဲ့ လက်ဆောင်အကြောင်း ပြောပြပေးချင်ပါတယ်။ 

Image result for man dislike these presents

ဟောင်ကောင်က ကောင်မလေးတစ်ယောက်ဟာ သူမရဲ့ချစ်သူကောင်လေးနဲ့တွဲလာတာ ၆ လရှိပြီ ဖြစ်ပြီး သူ့ကောင်လေးအတွက် လက်ဆောင်တွေ ကိုယ်တိုင်လုပ်ပေးလေ့ ရှိပါတယ်။ တစ်နေ့မှာ သူမဟာ ချစ်သူကို အံ့သြသွားစေချင်လို့ Pop-Up စက္ကူ အယ်လ်ဘမ်လေး လုပ်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အထဲမှာလည်း သူတို့၂ဦးရဲ့ အမှတ်တရ ဓာတ်ပုံလေးတွေ ထည့်ထားတာပေါ့။ တကယ်လို့ ဘယ်လိုဟာမျိုးလဲဆိုတာ မသိရင် အောက်က ဗီဒီယိုမှာ ပြထားပါတယ်နော်။

ဒီလို Pop-Up Box လေးထဲမှာ များသောအားဖြင့် ဓာတ်ပုံလေးတွေ၊ ချစ်သူကို ပြောချင်တဲ့ စကားလေးတွေ ရေးပေးထားတတ်ကြပါတယ်။ ဒီလိုလက်ဆောင်မျိုးက ကိုယ်လိုချင်တဲ့ ဒီဇိုင်းကို အလွယ်တကူ ဝယ်လို့ရတာမျိုးလည်း မဟုတ်ပါဘူး။ ခက်ခက်ခဲခဲ ကိုယ်တိုင်လုပ်ရတာမျိုးပါ။ ဒါကြောင့် ကောင်မလေးကလည်း ဒီလိုခက်ခဲတဲ့လက်ဆောင်မျိုးကို ချစ်သူအတွက် အမှတ်တရ ဖြစ်စေချင်လို့ လုပ်ပေးခဲ့ပါတယ်။ 

ဒီလက်ဆောင်ကိုလုပ်ဖို့ စက္ကူတွေ၊ Sticker တွေ၊ ဖဲကြိုးတွေ ဝယ်လာတုန်းက သူမရဲ့ကောင်လေးက အမှိုက်တွေ ဝယ်လာတယ်ဆိုပြီး သူမကို အပြစ်ပြောခဲ့ပါသေးတယ်။ ဒါပေမဲ့ ကောင်မလေးကတော့ “လက်ဆောင်လေး လုပ်ပြီးသွားရင်တော့ စိတ်ပြောင်းသွားမှာပါလေ” ဆိုတဲ့ အထင်နဲ့ ဂရုမစိုက်ခဲ့ပါဘူး။ သူမလုပ်ပြီးသွားလို့ ကောင်လေးကို လက်ဆောင်အဖြစ် ပေးတဲ့အခါမှာတော့ ကောင်လေးက တစ်ချက်လောက်ပဲကြည့်ပြီး “ဒါက အသုံးမဝင်တဲ့ အမှိုက်ပဲ” လို့ပြောခဲ့ပါတယ်။ 

Image result for “This is Useless Rubbish,” Guy Says After GF Gives Him Present She Had Lovingly Made

ကောင်လေးစကားကို ကြားတော့ ကောင်မလေးက အရမ်းဝမ်းနည်းပြီး ငိုချင်သွားပါတယ်။ ဒီလက်ဆောင်ဖြစ်လာဖို့ သူမဘယ်လို ကြိုးစားခဲ့ရကြောင်း ပြောပြခဲ့ပါတယ်။ ဒါပေမဲ့ ကောင်လေးကတော့ သူအပြစ်ပြောခဲ့တာအတွက် စိတ်မကောင်းတောင် မဖြစ်ခဲ့ပါဘူး။ “ဒါက တကယ် အမှိုက်ပဲလေ။ ငါက ဒါကို ဘာလုပ်ရမှာလဲ” လို့သာ ဆက်ပြောခဲ့ပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကောင်မလေးက Social Media မှာ “ဒီလက်ဆောင်ပေးမိတာ ငါ့အမှားလား” ဆိုပြီး မေးခွန်းထုတ်ထားပါတယ်။ ပို့စကဒ်တွေ ပေးတဲ့အခါလည်း သူမ ကောင်လေးက ဖွင့်တောင် ကြည့်လေ့မရှိဘူးလို့ သူမက ရေးထားပါသေးတယ်။ ဒီလို Pop-Up Box တွေက ယောက်ျားလေးတွေအတွက် တကယ်ပဲ ဘာမှ အသုံးမဝင်ဘူးလားဆိုတာကို သူမက ရေးသားမေးမြန်းထားပါတယ်။

သူမရဲ့ Post အောက်မှာ အချို့သူတွေက ဒါဟာ ကောင်လေးအမှားဖြစ်ကြောင်း၊ ကောင်လေးက စေတနာကို တန်ဖိုးမထားတတ်တာဖြစ်ကြောင်း ပြောထားကြပါတယ်။ အချို့သူတွေကလည်း ကောင်လေးကို ဒီလိုလက်ဆောင်မျိုးပေးမယ့်အစား ကောင်လေးကြိုက်မယ့်၊ ကောင်လေးအတွက် အသုံးဝင်မယ့် လက်ဆောင်မျိုးသာ ပေးသင့်ကြောင်း အကြံပြုထားကြပါတယ်။

Related image

တကယ်ပဲ ဒီလက်ဆောင်က အသုံးမဝင်ဘူးလားဆိုတာ စဉ်းတော့စဉ်းစားစရာပါ။ မိန်းကလေးတွေအတွက် ရိုမန်းတစ်ဆန်တယ်လို့ထင်ရပေမယ့် ယောက်ျားလေးတွေအတွက်တော့ အမှိုက်ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ်။ ယောက်ျားတစ်ယောက် အမြင်မှာကျ စက္ကူနဲ့လုပ်ထားတာဆိုတော့ ပျက်စီးလွယ်တယ်၊ ရေရှည်မှာလည်း အသုံးဝင်တဲ့ပစ္စည်းတစ်ခု ဖြစ်မလားဘူးလို့ တွေးကောင်းတွေးနိုင်ပါတယ်။ 

Image result for diy memory box

ဥပမာ- အိမ်ပြောင်းရွှေ့မယ်ပဲ ဆိုပါစို့။ ဒီပစ္စည်းတွေအတွက် အလုပ်ရှုပ်ခံနိုင်သူက ခပ်ရှားရှားရယ်လေ။ အမှတ်တရဖြစ်စေချင်ရင် အခြားနည်းလမ်းတွေလည်း အများကြီး ရှိပါတယ်။ တော်ရုံတန်ရုံ ယောက်ျားလေးကတော့ ဒီလို လက်ဆောင်မျိုးကို သဘောကျမယ် မထင်ဘူး။ ဒါကြောင့် သင့်ကောင်လေးက သိပ်ပြီး ရိုမန်းတစ်မဆန်ဘူးဆိုရင် သင်လည်း ဒီလိုလက်ဆောင်မျိုး မပေးမိစေနဲ့ပေါ့နော်။ ကိုယ့်လက်ဆောင်က အမှိုက်တစ်ခုလို ဖြစ်သွားမှာတော့ ရင်နာစရာကောင်းတယ်လေ။

Ref; www.worldofbuzz.com

By Paulina