သင့်ကောင်လေး သင့်ကို ပိုချစ်လာစေမယ့် နည်းလမ်းများ

တကယ်တော့ အချစ်ဆိုတာ ပျိုးထောင်လို့ရတဲ့ သဘောသဘာဝရှိပါတယ်။ နည်းဗျူဟာတော့ လိုတာပေါ့နော်။ စစချင်းတော့ အတွဲတိုင်း သဲသဲလှုပ်ချစ်ကြတာချည်းပဲ။ အချိန်ကြာလာတဲ့အခါကျ စတွေ့တုန်းကလို ချစ်ကြည်နူးနေဖို့ ဆိုတာတော့ နှစ်ဦးနှစ်ဖက်လုံးက အားစိုက်ထုတ်ကြိုးစားဖို့ လိုလာပါတယ်။ 

Related image

လူတစ်ယောက် ကိုယ့်ကိုယ် သဘောကျလာအောင် တမင်လုပ်ယူလို့မရဘူးဆိုတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ကိုယ့်အပေါ် စိတ်ခံစားချက် တစ်စွန်းတစ်စရှိပြီးသူကိုတော့ ကိုယ့်ကို ချစ်လာအောင်၊ သဘောကျလာအောင် လုပ်နိုင်တဲ့ စိတ်ပညာသုံး နည်းလမ်းတွေ ရှိပါတယ်။

၁) အကူအညီတောင်းပါ

Image result for girl asking favor to boy

လူတိုင်းက ကူညီရတာကို နှစ်သက်ကြပါတယ်။ အဲလိုပဲ သူတို့ အကူအညီပေးလိုက်ရတဲ့သူကိုလည်း သဘောကျလေ့ ရှိတယ်လို့ စိတ်ပညာရှင်တွေက ဆိုပါတယ်။ ဘာလို့လဲဆိုတော့ လူတွေရဲ့ မသိစိတ်ထဲမှာကိုက ကိုယ်ကူညီပေးလိုက်တဲ့သူက ကိုယ့်ကိုပြန်ကူညီလိမ့်မယ်လို့ အလိုလို လက်ခံထားလို့ပါပဲ။ ဒါ့အပြင် ကူညီပေးလိုက်လို့ရတဲ့ ပီတိက လူနှစ်ယောက်ကို ပိုနီးစပ်သွားစေပါတယ်။

၂) တစ်ခါတစ်ရံ ချီးမွမ်းပါ

Image result for complimenting to man

လူတွေက ယောက်ျားလေးတွေကို ချီးမွမ်းစကားပြောကြတာ ရှားပါတယ်။ ဒါကြောင့် ယောက်ျားလေးတွေက ချီးမွမ်းစကားကြားရရင် အရမ်းကို ပျော်တတ်ကြပါတယ်။ ဒါပေမဲ့ တစ်ချိန်လုံးကြီး ပြောနေလို့တော့ မရပါဘူး။ တစ်ရက်ခြား တစ်ခါလောက်ပဲဖြစ်ဖြစ် ချီးမွမ်းစကားပြောပေးရုံနဲ့ သင့်ကောင်လေးဟာ စိတ်ပျော်ရွှင်ပြီး သင့်အပေါ် ပိုအကောင်းမြင်လာပါလိမ့်မယ်။

၃) အကြည့်ခြင်းဆုံအောင်လုပ်ပါ

Related image

အကြည့်ခြင်းဆုံပါများရင် လူနှစ်ယောက်ဟာ ချစ်ကျွမ်းဝင်ဖို့ ပိုလွယ်ကူသွားပါတယ်။ စိတ်ပညာသဘောအရ မျက်လုံးခြင်းဆုံတယ်ဆိုတာ သင့်တင့်လျောက်ပတ်တဲ့ စိတ်ခံစားချက်ရှိလို့(ဒါမှမဟုတ်) စိတ်ဝင်စား သဘောကျ နှစ်သက်လို့ ပါတဲ့။

၄) နာမည်ခေါ်ပါ

Related image

အခြားတစ်ယောက်က ကိုယ့်နာမည်ကိုခေါ်တဲ့အခါ ကိုယ့်ကို အသိအမှတ်ပြုသလို ခံစားရစေပါတယ်။ လူတွေဟာ သူတို့ရဲ့နာမည်ကိုခေါ်တဲ့အခါ ဦးနှောက်က ထူးခြားတဲ့လှုပ်ရှားမှုတွေ ဖြစ်သွားတတ်ပါတယ်။ ဒါ့အပြင် လူတစ်ယောက်နဲ့တစ်ယောက် နာမည်အရင်းတွေ ခေါ်တာက ပိုရင်းနှီးစေတယ်လို့ စိတ်ပညာရှင်တွေက ဆိုပါတယ်။ နာမည်တစ်ခုလုံးမဟုတ်ရင်တောင် အဖျားစွတ်ပြီး ခေါ်တာမျိုးပေါ့။

၅) အမူအရာတွေကို အတုခိုးပါ

Image result for girl asking favor to boy

လူတစ်ယောက်နဲ့တစ်ယောက် အလွယ်တကူ ဆက်နွယ်သွားဖို့ အမူအရာတွေကို အတုခိုးခြင်းက အကောင်းဆုံး နည်းလမ်းပါပဲ။ ဘာလို့လဲဆိုတော့ လူတွေဟာ ကိုယ်နဲ့တူတဲ့သူကို အလွယ်တကူ သတိထားမိတတ်ကြပါတယ်။ ကိုယ်သဘောကျနေသူရဲ့ ဟန်အမူအရာတွေကို လိုက်အတုခိုးခြင်းအားဖြင့် သူနဲ့ပိုပြီး နီးစပ်သွားစေပါတယ်။ ဒီလိုပဲ သူဝါသနာပါတဲ့အရာ၊ သူစိတ်ဝင်စားတဲ့အရာတွေကို အတူလိုက်သဘောကျပေးခြင်းအားဖြင့် သူနဲ့ရင်းနှီးမှုပိုရနိုင်ပါတယ်။

၆) အပြစ်အနာဆာတွေကို ပြဖို့မကြောက်ပါနဲ့

Related image

မိန်းကလေး တော်တော်များများက ယောက်ျားလေးတွေရဲ့ စွဲလန်းမှုကိုရဖို့ အားနည်းချက်တွေကို ဖုံးကွယ်ထားတတ်ကြပါတယ်။ တကယ်တော့ သင်အပါအဝင် ဘယ်သူကမှ အတုအယောင်တွေကို မကြိုက်ပါဘူး။ ဒါပေမဲ့ အပြစ်အနာအဆာအားလုံးကို တစ်ခါတည်း ထုတ်ပြဖို့ ပြောတာမဟုတ်ပါဘူး။ အခါအားလျော်စွာ သင့်ရဲ့စစ်မှန်မှုတွေကို ဖော်ထုတ်ပေးရုံပါပဲ။ ဒီလိုနည်းနဲ့ သူလည်း သင့်အပေါ် ပိုပြိး ယုံကြည်မှု ရှိလာပါလိမ့်မယ်။

၇) အကောင်းမြင်ပေးပါ

Related image

ဒီအချက်က အရမ်းအရေးကြီးတဲ့အချက်ပါ။ လူတွေဟာ သူတို့မျှော်လင့်ထားတဲ့အတိုင်း သူတို့ဘဝက ပုံပေါ်လာတာပါ။ လူတွေရဲ့ စိတ်စွမ်းအားက အရမ်းအစွမ်းထက်တယ်ဆိုတာ သင်သိပါသလား။ သူ့ကို မကောင်းတဲ့ကောင်လို့မြင်ရင် သူကလည်း တဖြည်းဖြည်း မကောင်းတဲ့ကောင်ပုံစံ ပေါက်လာပါတယ်။ ဘာလို့လဲဆိုတော့ သင့်စိတ်ရဲ့ပြင်းပြမှုက သင့်အပြုအမူတွေအပေါ် တိုက်ရိုက် လွှမ်းမိုးနေပါတယ်။ သင့်အပြုအမူအပြောအဆိုတွေက တခြားသူကို သင်စိတ်ထင်တဲ့အတိုင်း ဖြစ်လာဖို့ ဖိအားပေးသလို ဖြစ်နေလို့ပါ။ ဒါကြောင့် သင့်ချစ်သူ သင့်အပေါ် ကောင်းစေချင်တယ်ဆိုရင် သူ့ကို အကောင်းမြင်ပေးပါ။

၈) သူ့အကြောင်းပြောခွင့်ပေးပါ

Image result for complimenting to man

လူတိုင်းက ကိုယ့်အကြောင်းကိုယ် ပြောရတာ ကြိုက်ကြပါတယ်။ လောကကြီးမှာ ဘယ်သူတွေ ဘယ်လောက် အရေးပါနေပါစေ လူတိုင်းက ကိုယ့်ကိုယ်သာ အလေးအထားဆုံးပါ။ သူ့အကြောင်းတွေကို မေးခွန်းထုတ်ခြင်းအားဖြင့် သူ့ရဲ့အာရုံစိုက်ခြင်းကို ပိုရမှာ အသေအချာပါပဲ။

၉) ကိုယ့်ဘဝနဲ့ကိုယ်ရှင်သန်ပါ

Related image

မိန်းမတွေဟာ ယောက်ျားတစ်ယောက်ကို ချစ်ပြီဆိုရင် သူ့မျက်နှာ တစ်ကမ္ဘာ ထင်တတ်ကြပါတယ်။ ဒါဟာ အလွဲကြီးလွဲတာပါပဲ။ သင်ဟာ သင့်ဘဝကို အပိုင်းတွေခွဲခြားထားနိုင်တယ်၊ ထိန်းသိမ်းနိုင်တယ်၊ သူ့တစ်ယောက်တည်းကိုပဲ အသေအလဲကြွေနေတာမဟုတ်ဘူးဆိုတဲ့ စိတ်ဓာတ်မျိုး ထားရပါမယ်။ မယုံမရှိနဲ့။ ယောက်ျားတွေက အဲလို မိန်းကလေးမျိုးကိုပဲ အထင်ကြီးတာ။ သဘောကျခြင်းရဲ့အစက အထင်ကြီးခြင်းကပဲ။

၁၀) ပြတ်သားတတ်ပါစေ

Related image

ယောက်ျားတစ်ယောက်ကို အောက်ကျခံ ချစ်ပြမနေဘဲ ကိုယ့်တန်ဖိုးကိုယ် နားလည်တဲ့ မိန်းမလောက် စွဲဆောင်မှု ရှိတဲ့သူ မရှိတော့ပါဘူး။ သူ့မှာ သင်နဲ့ထပ်တူကျတဲ့ ခံစားချက်မျိုး မရှိဘူးဆိုရင် လွှတ်သာ ချခဲ့ပါ။ အချစ်ဆိုတာ လိုက်လွန်းရင်လည်း မကောင်းဘူး။ ပြေးသင့်ရင် ပြေးရမယ်လေ။

တကယ်တော့ ဒီအချက်လေးတွေက မိန်းကလေးတွေသာမက ယောက်ျားလေးတွေအတွက်ပါ အသုံးဝင်ပါတယ်။ သင်က တစ်စုံတစ်ယောက်ရဲ့ သဘောကျနှစ်သက်မှုကို လိုချင်လို့ပဲ ဖြစ်ဖြစ်၊ သင့်ချစ်သူရဲ့အချစ်တွေ ပိုလိုချင်လို့ပဲ ဖြစ်ဖြစ် ဒီနည်းလမ်းတွေ သုံးပြီး အဆင်ပြေအောင် ကြိုးစားလို့ရပါတယ်။

Ref; www.topbuzz.com

By Paulina