တခြားအမျိုးသမီးကိုကြည့်လို့ ရည်းစားကို laptop နဲ့ လိုက်ပေါက်တဲ့အမျိုးသမီး အဖမ်းခံရ

လွန်ခဲ့တဲ့ရက်ပိုင်းက လေယာဉ်ခရီးစဉ်တစ်ခုမှာ အမျိုးသမီးဖြစ်သူဟာ အဖော်အမျိုးသားကို laptop တစ်လုံးနဲ့ ပေါက်ခဲ့တာကြောင့် ခရီးသည်တွေကြားမှာ ရုန်းရင်းဆန်ခတ်ဖြစ်သွားခဲ့ပါတယ်။ အဲဒီလိုပစ်ပေါက်ရတဲ့ အကြောင်းအရင်းကတော့ အဆိုပါအမျိုးသားဟာ တခြားခရီးသည်အမျိုးသမီးတစ်ယောက်ကို ကြည့်ခဲ့တာ ကြောင့် ရည်းစားဖြစ်သူအမျိုးသမီးက အခုလိုပြုမူခဲ့တာလို့ သိပါတယ်။


မိုင်ယာမီကနေ အယ်လ်အေကိုသွားတဲ့ အမေရိကန်လေကြောင်းလိုင်းရဲ့ ခရီးစဉ်တစ်ခုမှာ အခုလိုအဖြစ်အပျက် ဖြစ်ခဲ့တာပါ။ အဲဒီအဖြစ်အပျက်ကို လေယာဉ်ပေါ်က ခရီးသည်တစ်ယောက်က ဗီဒီယိုရိုက်ကာ မှတ်တမ်းတင်ခဲ့ တာ ဖြစ်ပြီး အဲဒီဗီဒီယိုကိုလည်း ဆိုရှယ်မီဒီယာပေါ် တင်ခဲ့ပါတယ်။


လေယာဉ်ပေါ်က နှစ်ယောက်တွဲခုံမှာထိုင်နေတဲ့ အဲဒီစုံတွဲဟာ ဘေးနားကအမျိုးသမီးတစ်ယောက် ဖြတ်သွားပြီး ချိန်မှာ ရုတ်တရက်ကြီးထပြီး ရန်ဖြစ်ကြတာ ဖြစ်ပါတယ်။ အမျိုးသားက ခုံကရုတ်တရက်ထပြေးပြီး သူ့ရည်းစား ဖြစ်ဟန်တူတဲ့ အမျိုးသမီးကတော့ နောက်ကနေ laptop နဲ့ လိုက်ပေါက်ပြီး လိုက်လံထုရိုက်ခဲ့ပါတယ်။


တခြားခရီးသည်တွေ ထိခိုက်မှာစိုးတာကြောင့် အဲဒီအဖြစ်ကို လေယာဉ်ဝန်ထမ်းတွေက ဝိုင်းဝန်းတားမြစ်ခဲ့ပြီး အဆိုပါစုံတွဲကိုလည်း လေယာဉ်ပေါ်ကနေ ဆင်းခိုင်းခဲ့ပါတယ်။ အဆိုပါဖြစ်စဉ်မှာ လေယာဉ်ဝန်ထမ်း တစ်ယောက်လည်း အနည်းအကျဉ်းထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအဖြစ်အပျက်ကြောင့် လေယာဉ်ထွက်ခွာချိန်ဟာလည်း ပုံမှန်ထက် ၂ နာရီလောက် နောက်ကျခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအတွက် ပြဿနာရှာခဲ့တဲ့ ခရီးသည်အမျိုးသမီးကိုလည်း ဒဏ်ကြေးတပ်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါအမျိုးသမီးဟာ တခြားအမျိုးသမီးကိုကြည့်တယ်လို့ စွပ်စွဲပြီး သူမရဲ့ရည်းစားဖြစ်သူကို ကိုယ်ထိလက် ရောက် လုပ်ရုံတင်မကဘဲ ပါးစပ်ကနေလည်း အမျိုးစုံအောင် ဆဲရေးတိုင်းထွာခဲ့ပါတယ်။ အဲဒီဗီဒီယိုကို ဆိုရှယ်မီဒီယာမှာ တင်ခဲ့ရာမှာလည်း အတော်လေးဝေဖန်ပြောဆိုခံခဲ့ရပါတယ်။ နောက်ပိုင်းပြန်သိရတဲ့ သတင်း အရတော့ အဆိုပါခရီးသည်အမျိုးသမီးဟာ အဖမ်းခံခဲရတယ်လို့လည်း သိရပါတယ်။


စုံတွဲချင်း တစ်ယောက်နဲ့တစ်ယောက် သဝန်တိုတာ၊ ရန်ဖြစ်တာဟာ ကိစ္စမဟုတ်ပေမဲ့ အခုလို လူရှေ့သူရှေ့မှာ အများသူငါကို အနှောင့်အယှက်ဖြစ်စေတဲ့အထိ၊ လေယာဉ်ခရီးစဉ်ကို နှောင့်နှေးစေခဲ့တဲ့အထိ ဖြစ်သွားတာက တော့ အတော်လေးကို ဆိုးရွားပါတယ်။ အဲဒါကြောင့် သဝန်တိုတာတော့ တိုပါ၊ ရန်ဖြစ်တာတော့ ဖြစ်ပါ၊ အခြေအနေနဲ့ အချိန်အခါလေးတော့ ကြည့်ဖို့လိုပါတယ်။


by Cherry Mon
Ref; Daily Mail, 9GAG   

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။