ကြက်သွန်ဖြူ အသားကင် ဖက်ထုပ်ခေါက်ဆွဲဆီချက် Feel Restaurant မှာ အလကားကျွေးနေပြီ

အစားအသောက်ကောင်းကောင်းကြိုက်တတ်သူတွေအတွက် အခုဆိုရင် Feel နဲ့ Thai အကျိုးတူပူးပေါင်းပြီး AROI ထိုင်း ဆီချက်ကို မြန်မာပြည်မှာ စတင်ရောင်းချနေပြီပဲဖြစ်ပါတယ်။

ဆိုင်ဖွင့်ပွဲ အထိမ်းအမှတ်အနေနဲ့  ဂျူလိုင် ၁၁ရက်နေ့ကနေ၊ သြဂုတ်လ ၁၁ရက်နေ့အထိ (နေ့စဉ် မနက် ၈နာရီမှ ၁၂နာရီထိ၊ ညနေ ၄နာရီမှ ည ၈နာရီထိ) ၁လတိတိ ပြည်ထောင်စုရိပ်သာလမ်း FEEL restaurant မှာ အခမဲ့ သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။

ဝယ်စားချင်တဲ့သူတွေအတွက်ကတော့ တစ်ပွဲကို ၂၅၀၀ ကျပ်ပါ။ အသားကင် ၈ဖတ်၊ ဖက်ထုပ်၁ခု အပါအဝင် ထိုင်းအချဉ်အစပ်များနဲ့ တွဲသုံးဆောင်ရမှာပါ။

promotion ကာလ ဖြစ်တဲ့အတွက် ၁၀ပွဲဝယ်လျင်၂ပွဲ . . . ၅ပွဲဝယ်လျင် ၁ပွဲ လက်ဆောင်ပေးပါသေးတယ်။ထိုင်းစာ ကြိုက်တဲ့သူတွေ၊ ဆီချက်ကောင်းကောင်းကြိုက်တဲ့သူတွေအနေနဲ့ စားဖြစ်အောင် သွားစားကြည့်သင့်တဲ့ ဆိုင်လေးတစ်ခုအဖြစ် ဖော်ပြလိုက်ရပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။