ကြက်သားအစိမ်းတုံးက အသက်ပြန်ဝင်လာပြီး ထမင်းစားပွဲပေါ်က ခုန်ဆင်းသွားတဲ့ ဖြစ်ရပ်ဆန်း

ခေါင်းမပါလည်း ကြက်တွေက ချက်ချင်းမသေဘဲ ပတ်ပြေးနေနိုင်သေးတယ်ဆိုတဲ့ ယုံတမ်းစကားမျိုးတွေကို လယ်သမားတွေ ပြောလေ့ ရှိကြပါတယ်။ တကယ်လည်း ကြက်တွေဟာ ခေါင်းပြုတ်ထွက်သွားရင်တောင် ဆက်ပြီး ပြေးလွှားနိုင်ပါသေးတယ်။

Image result for what is brain stem of chicken

ကြက်တွေက ဦးခေါင်းနဲ့ အသက်ရှင်တာမဟုတ်ပါဘူး။ Brain Stem လို့ခေါ်တဲ့ ဦးနှောက်ပင်စည်အားဖြင့် အသက်ရှူခြင်း၊ နှလုံးခုန်ခြင်း၊ လှုပ်ရှားခြင်းတွေကို ပြုလုပ်တာပါ။ ခေါင်းမရှိတော့ရင်တောင် လည်ပင်းပိုင်းမှာ Brain Stem ကျန်နေသေးရင် ကြက်တွေက ဆက်ပြီး အသက်ရှင်နိုင်သေးတယ်ဆိုတဲ့ သဘောပါ။

ဦးခေါင်းမပါလည်း ကြက်က ဆက်ပြီး လှုပ်ရှားနိုင်တယ်ဆိုတာတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ အပိုင်းပိုင်းခုတ်ထားတဲ့ ကြက်သားတုံးက ဘယ်လိုများ ထပြီး လှုပ်ရှားနိုင်တော့မှာလဲနော်။ အခု အင်တာနက်မှာ ထမင်းစား စားပွဲပေါ်က ပန်းကန်ထဲကနေ ကြက်သားတုံးက သူ့အလိုလို ခုန်ဆင်းသွားတဲ့ ဗီဒီယိုတစ်ခု ပျံ့နှံ့လို့နေပါတယ်။

ဒီဗီဒီယိုက ဘယ်က ဘယ်လို ပျံ့နှံ့နေတယ်ဆိုတာတော့ မသိပါဘူး။ ဒါပေမဲ့ ဒီ Post ကိုတော့ Rie Phillips ဆိုသူက လွန်ခဲ့တဲ့ ၂ ပတ်က သူ့ရဲ့ဖေ့ဘုတ် စာမျက်နှာပေါ်မှာ ချက်ကျလက်ကျရှင်းပြပြီးကို တင်ထားခဲ့တာပါ။ တချို့တွေက အတုကြီးလို့ထင်ကြပါတယ်။ တချို့ကတော့ ဒီအသားဟာ လတ်လတ်ဆတ်ဆတ် ခုတ်ပြီးခါစဖြစ်လို့ အာရုံကြောတွေ မသေသေးတာ ဖြစ်နိုင်တယ်လို့ ထင်ကြေးပေးထားကြပါတယ်။

ပရိသတ်ကြီးကရော ဘယ်လို ထင်ပါသလဲ။ ဒါဟာ ပြုပြင်ဖန်တီးထားတဲ့ ဗီဒီယိုအတုကြီးဖြစ်မလား။ Brain Stem ရဲ့အပိုင်းအစ ကျန်နေသေးလို့ အကြောတွေ မသေသေးတာလား။ ဒါမှမဟုတ် ကြက်သားတုံးထဲကို သရဲပဲ ဝင်ပူးသွားတာလား။ ဒါကတော့ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် ဆုံးဖြတ်နိုင်ပါတယ်နော်။

ယခုလိုမျိုးပဲ ခုတ်ထစ်ပြီးတာတောင် မသေသေးတဲ့ တိရိစ္ဆာန်တွေများစွာ ရှိပါသေးတယ်။ ဗဟုသုတအနေနဲ့ တင်ပေးလိုက်ပါတယ်နော်။

Ref; www.mirror.co.uk, www.worldofbuzz.com

By Paulina

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။