ကျန်းမာရေးအတွက်သာမက အလှအပအတွက်ပါ အသုံးဝင်တဲ့ သင်္ဘောသီး

သင်္ဘောသီး မှည့်ဟာဆိုလျှင် ချိုသော အရသာရှိပြီး လူတိုင်းနီးပါး ကြိုက်နှစ်သက် လိမ့်မယ်လို့ ထင်ပါတယ်။ 

သင်္ဘောသီးမှည့်ကို စားလျှင် ရရှိနိုင်သော အကျိုးကျေးဇူးတွေကတော့-

(၁) အသားအရေကို လှပစေပါတယ်။

(၂) ကိုယ်လေးချိန်ကို လျော့ချပေးနိုင်ပါတယ်။

(၃) ဝက်ခြံများကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။

(၄) ဝမ်းကို ပျော့စေပါတယ်။

(၅) တုပ်ကွေးမိနေချိန် (သို့) အဖျားရှိနေချိန် စားပါက ရောဂါကို ပျောက်ကင်းသက်သာစေနိုင်ပါတယ်။

(၆) ကိုယ်ခံအား ကျဆင်းမှုကိုလည်း တာဆီးပေးပါတယ်။

(၇) အူမကြီးကင်ဆာ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

(၈) ချောင်းဆိုးရောဂါ၊ အဆုတ်ရောဂါ၊ တီဘီရောဂါများ အတွက်လည်း ကောင်းမွန်ပါတယ်။

အထူးသဖြင့် သင်္ဘောသီးမှည့်ကို အမျိုးသမီးများ ပို၍ စားသင့်ပါတယ်။ နေ့တိုင်း မစားနိုင်ဘူး ဆိုရင်တောင် အနည်းဆုံး တစ်ပါတ်တစ်ခါ စားသုံးရုံဖြင့် အထက်ပါ ရောဂါများကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်။

သင်္ဘောသီးတွင်ပါဝင်သော အင်ဇိုင်းများနှင့် ဗီတာမင်အေတို့က အရေပြားအတွက် အကောင်းဆုံး သဘာဝ ဆေးတစ်လက်ဖြစ်ပါတယ်။

အရေပြား လန်းဆန်းတောက်ပစေဖို့အတွက် ချေမွထားသော သင်္ဘောသီးနဲ့ ရှားစောင်းလက်ပတ် ၃ဇွန်းခန့်ကို အရေပြားပေါ်သို့ ၅မိနစ်ခန့် လိမ်းကျံပေးပြီး ရေနှင့်စင်အောင်ဆေးကြောရပါမယ်။ ၎င်းနည်းကို တစ်ပါတ်တစ်ကြိမ် ပြုလုပ်ပေးပါက သန့်စင်တောက်ပသော အရေပြားကို ရရှိနိုင်ပါတယ်။ အရေပြားထိခိုက်လွယ်သူများ ပထမဦးဆုံးအကြိမ် စလိမ်းလိမ်းချင်းမှာ သတိထားပြီး လိမ်းသင့်ပါတယ်။ အခန့်မသင့်ပါက ၎င်းအရေပြားပိုင်ရှင်များတွင် အဖုအပိန့်စသော လက္ခဏာများ ဖြစ်ပေါ်တတ်ပါတယ်။ 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။