၀မ်းနည်းစရာတွေ မရှိတော့ဘဲ ရင့်ကျက်တဲ့ ပုံစံမျိုးတွေနဲ့မြင်တွေ့ရမယ့် ဆောင်းဟေကို ပုံရိပ်များ

နာမည်ကျော် ကိုရီးယားမင်းသမီးတစ်ယောက် ဖြစ်ပြီး ခေတ်သုံးခေတ်တိုင် အာရှမှာ အောင်မြင်မှုတွေ ရရှိနေတဲ့ ဆောင်းဟေကို ဟာ 25 ရက်နေ့က Monaco မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Jewelry Event ပွဲတစ်ခုကို တတ်ရောက်လာခဲ့ပါတယ်။

ဒီပွဲမှာ Ambassador တစ်ယောက်အနေနဲ့ တတ်ရောက်လာခဲ့ပြီး CEO Antoine Arnault နဲ့ CEO Jean-Marc Mansvelt တို့ နဲ့လည်း တွေ့ဆုံခဲ့ကြသေးတယ်။

CEO Jean-Marc Mansvelt

သူမ ကွာရှင်းပြီးနောက်ပိုင်းမှာ ပွဲတွေတတ်လာတိုင်း အရင်ကနဲ့မတူတော့ဘဲ လွတ်လွတ်လပ်လပ် နဲ့ရှိနေတာလား ဆောင်းဟေကို ရဲ့ အလှတွေ ပျောက်မကွယ်သေးဖူး စတဲ့ ခေါင်းစဉ်အမျိုးမျိုးနဲ့ ကိုရီးယား မီဒီယာတွေကတော့ ရေးသားဖော်ပြထားကြပါတယ်။

ဆောင်းဟေကို ကို ချစ်တဲ့ ပရိသတ်တွေအတွက် ရုပ်ရှင် ဇာတ်လမ်းတွဲအသစ်နဲ့ သရုပ်ဆောင်လောကကို ပြန်ဝင်လာနေပြီလို့ အေဂျင်စီကလည်း အတည်ပြုကြေငြာထားသလို ရှေ့ဆက်ပြီးလဲ ကိုယ်ပိုင်စီးပွားရေး ထူထောင်ပြီး နေထိုင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ 

နတ်သမီးလေးလို လှပနေတဲ့ ဆောင်းဟေကို ရဲ့ ပုံရိပ်များ 

Soompi 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။