Starbucks ကအသစ်ထပ်ထုတ်လိုက်တဲ့ Ombre Pink Drink

June လအစပိုင်းမှာ Starbucks ကနေပြီးတော့ သောက်စရာ Menu အသစ်ကိုထုတ်လုပ်လိုက်ပါတယ်။
ဒီသောက်စရာရဲ့ နာမည်ကတော့ Ombre Pink Drink လို့ အမည်ရတယ်လို့သိရပါတယ်…။
ဒီ Ombre Pink Drink မှာ သံပရာ၊ အုန်းနို့နဲ့ လက်ဖက်ရည်တို့ပါဝင်ပါတယ်… ။

Instagram မှာတော့ Starbucks ကအသစ်ထုတ်လုပ်လိုက်တဲ့ Ombre Pink Drinkကပေါ်ပြူလာဖြစ်လို့နေပါတယ်…။
Ombre Pink Drink ကိုသောက်ပြီးရိုက်ထားတဲ့ပုံတွေကလည်း များပြားလို့နေပါတယ်…။
Ombre Pink Drink ကအမြင်လေးလှသလောက် အရသာအနေနဲ့ရော ကောင်းရဲ့လား?
သောက်ပြီးသွားတဲ့သူတွေရဲ့ပြောပြချက်အရ “ Starbucks က icetea ကိုသောက်နေကြပါ…။
အခု Ombre Pink Drink ကိုသောက်ကြည့်တဲ့အခါမှာ အရမ်းကိုကောင်းပါတယ်…သဘောလဲကျပါတယ်…။
ပထမဆုံးသောက်လိုက်တဲ့အချိန်မှာတင် အရမ်းကောင်းတဲ့အရသာပဲလို့ ကိုယ့်ကိုကိုယ်ပြောမိပါတယ်…။
နွေရာသီမှာသောက်လို့ကောင်းတဲ့ Drink တစ်ခုဖြစ်လာမှာပါ…။
သောက်လိုက်တဲ့အခါမှာ လက်ဖက်ရည်ကအရမ်းမချိုတဲ့အရသာနဲ့ အုန်းနို့ရဲ့ချိုတဲ့အရသာကို တပြိုင်နက်ခံစားရမှာဖြစ်ပါတယ်…။
ပြီးရင်တော့ သံပရာကချဉ်တဲ့အရသာလေးပေါ်လာတယ်” လို့ဆိုပါတယ်…။
သောက်ပြီး လန်းဆန်းတက်ကြွသွားစေတယ်လို့ဆိုပါတယ်။
ဒီလို လှပတဲ့ပန်းရောင်လေးနဲ့ Ombre Pink Drink တခွက်ကို  $4.35နဲ့ ရောင်းချပေးနေကြောင်း သိရပါတယ်။

ကဲ သင်ရော  Ombre Pink Drink လေးကို စမ်းသောက်ကြည့်ချင်နေပြီလား…?