သင်ရေစချိုးတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းက သင့်ရဲ့စိတ်နေသဘောထားကို ဖော်ပြနေပါတယ်

လူတိုင်းနီးပါးဟာ မနက်တိုင်းလိုလို ရေချိုးကြပါတယ်။ ရေချိုးပုံရေချိုးနည်းကတော့ တစ်ယောက်နဲ့တစ်ယောက် ကွဲပြားမှုအနည်းငယ်ရှိပါတယ်။ သတိထားမိချင်မှ ထားမိနိုင်ပေမဲ့ ရေချိုးတဲ့အခါ အမြဲတမ်း ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုကို စပြီးရေလောင်းလေ့ရှိကြပါတယ်။ လူတစ်ယောက်ရေချိုးတဲ့အခါ အဲဒီလိုရေ စလောင်း တတ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းဟာ သင့်ရဲ့စိတ်နေသဘောထားနဲ့ ဆက်စပ်မှုရှိနေတယ်လို့ ဆိုပါတယ်။


၁။ ရေချိုးတဲ့အခါ မျက်နှာကို အရင်ဆုံးသစ်တတ်သူ


ရေချိုးတဲ့အခါ မျက်နှာကိုအရင်သစ်တတ်သူဆိုရင် သင်ဟာ အနံ့၊ အမြင်၊ အရသာ၊ အထိအတွေ့နဲ့ အကြားဆိုတဲ့ အာရုံငါးပါးကို အခြေခံသူပါ။ တစ်စုံတစ်ယောက်က သင့်ကိုမြင်မြင်ချင်း သတိအပြုစေချင်ဆုံးအရာကတော့ သင့် မျက်နှာပါပဲ။ ဒါပေမဲ့ သင်ဟာ တခြားသူတွေရဲ့အမြင်ကို ဂရုစိုက်လွန်းသူဖြစ်ပြီး အဲဒီအပေါ်မှာလည်း စိတ်ခံစားမှု ထားကြပါတယ်။ ဒါ့ပြင် အဲဒီလိုလူမျိုးတွေဟာ သူတပါးရဲ့ဝေဖန်ခြင်းကို ခံနိုင်ရည်မရှိကြပါဘူး။


၂။ ရေချိုးတဲ့အခါ ခြေထောက် ဒါမှမဟုတ် လက်မောင်းကို အရင်ရေလောင်းတတ်သူ


သင်ရေချိုးတဲ့အခါ ခြေထောက် ဒါမှမဟုတ် လက်မောင်းကို ရေစလောင်းတတ်သူဆိုရင်တော့ သင်ဟာ ကိုယ့်ကိုယ်ကိုနှိမ်ချတတ်သူပါ။ ဒါပေမဲ့ တစ်ဖက်မှာလည်း လက်မောင်း ဒါမှမဟုတ် ခြေထောက်ဆိုတာဟာ ကြံ့ခိုင်သန်စွမ်းခြင်းနဲ့ စိတ်စွမ်းအားတို့ရဲ့ သင်္ကေတတွေလည်း ဖြစ်ပါတယ်။ အဲဒီလိုလူတွေဟာ သင့်ရဲ့ရွေးချယ်မှု နဲ့ စိတ်သဘောထားကို ပွင့့်ပွင့်လင်းလင်းထုတ်ပြဖို့ မကြောက်ရွှံ့သူတွေပါ။ အထူးသဖြင့် သင်ဟာ လက်မောင်း ကို အရင်ဆုံးရေလောင်းတတ်သူဆိုရင် သင့်ရဲ့လူမှုအသိုင်းအဝိုင်းမှာ ယုံကြည်စိတ်ချရတဲ့ ပုဂ္ဂိုလ်တစ်ယောက် အဖြစ် ရေပန်းစားသူဖြစ်ပါတယ်။


၃။ သင့်ရဲ့ private အစိတ်အပိုင်းကို ပထဆုံးရေလောင်းသူ


အဲဒီလိုရေချိုးတတ်သူ ဆိုရင်တော့ သင်ဟာ အလွန်ရှက်တတ်သူတစ်ယောက် ဖြစ်နိုင်ပြီး ဘာသိဘာသာ နေတတ်သူလည်း ဖြစ်ပါတယ်။ သင်ဟာ တော်ကောင်းတော်နိုင်ပေမဲ့ လူမှုအသိုင်းအဝိုင်းမှာ အာရုံစိုက်ခံရသူ တစ်ယောက်မဟုတ်ပါဘူး။ သင်ကိုယ်တိုင်ကလည်း လူအများနဲ့သိပ်မရောနှောတတ်ပါဘူး။


၄။ ရင်အုပ်ကို အရင်ဆုံးရေလောင်းတတ်သူ


ရေချိုးတဲ့အခါ ရင်အုပ်ကို အရင်ဆုံးရေလောင်းချိုးတတ်သူ ဆိုရင်တော့ သင်ဟာ သင့်အသားအရေနဲ့ ပတ်သက် ပြီး ယုံကြည်မှုရှိသူ ဖြစ်ပါတယ်။ ဒါ့ပြင် သင်ဟာ လက်တွေ့ကျပြီး ဒဲ့ဒိုးပြောတတ်လွန်းသူလည်း ဖြစ်ပါတယ်။ သင်ဟာ ဆုံးဖြတ်ချက်ပြတ်သားပြီး အမီအခိုကင်းသူလည်း ဖြစ်ပါတယ်။ အဲဒီအချက်ကြောင့်ပဲ လူတွေက သင့်ကို လေးစားအားကျကြပါတယ်။


၅။ ဆံပင်ကိုအရင်ဆုံး ရေလောင်းတတ်သူ


ရေချိုးတဲ့အခါ ဆံပင်ကိုအရင်ဆုံးရေလောင်းတတ်သူ ဆိုရင်တော့ သင်ဟာ စည်းကမ်းနဲ့ အမိန့်တွေကို လိုက်နာ တတ်သူ ဖြစ်ပါတယ်။ အဲဒီလိုခန္ဓာကိုယ်ရဲ့ ထိပ်ပိုင်းကို အရင်းဆုံးရေစလောင်းတတ်သူဟာ အရာရာတိုင်းမှာ ခိုင်မာတဲ့ ထင်မြင်ယူဆချက်ထားတတ်ပြီး လက်တွေ့ကျသူ ဖြစ်ပါတယ်။ အချိန်ကိုလည်း ကောင်းကောင်း စီမံခန့်ခွဲတတ်သူတွေပါ။


၆။ ပုခုံးနဲ့ လည်ပင်းကို အရင်ရေလောင်းတတ်သူ


အလုပ်ကြိုးစားတဲ့သူ အများစုဟာ ရေချိုးတဲ့အခါ ပုခုံးနဲ့လည်ပင်းကို အရင်ရေလောင်းတတ်သူတွေ ဖြစ်ပါသတဲ့။ ပုခုံးတွေဟာ အလုပ်တာဝန်တွေဖြစ်ပြီး သင်ဟာ အလုပ်တာဝန်တွေကို လုံးဝပြီးမြောက်ချင်သူ ဖြစ်ပါတယ်။ သင်ဟာ အကောင်းမြင်စိတ်ရှိသူဖြစ်သလို ပြိုင်ဆိုင်လိုစိတ်လည်း ရှိတာကြောင့် အမြဲတမ်း သူများတကာထက် ခြေတစ်လှမ်းသာနေချင်သူလည်း ဖြစ်ပါတယ်။


၇။ ကျောကို အရင်ဆုံးရေလောင်းချိုးတတ်သူ


ရေချိုးတဲ့အခါ နောက်ကျော်ကို အရင်ဆုံးရေလောင်းချိုးတတ်သူဆိုရင်တော့ သင်ဟာ အရမ်းသတိရှိလွန်းသူ ဖြစ်ပြီး လူတွေကိုလည်း လွယ်လွယ်နဲ့ မယုံတတ်ပါဘူး။ သင်ဟာ ဘယ်အရာကိုမဆို အလေးအနက်ထားတတ် တဲ့ အကျင့်ရှိပြီး သေချာစဉ်းစားဆုံးဖြတ်တတ်သူ ဖြစ်ပါတယ်။


ကဲ သင်ကရော ရေချိုးတဲ့အခါ ခန္ဓာကိုယ်ရဲ့ဘယ်အစိတ်အပိုင်းကို အရင်ဆုံးရေလောင်းချိုးတတ်ပါသလဲ?


by Cherry Mon
Ref; Bright Side

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။