၃ ရက်တည်းနဲ့ ၈ပေါင်လောက် ကျချင်တယ်ဆိုရင် မုန်လာဥနီနဲ့ ဝိတ်ချပါ

ပထမဦးဆုံး ပြောချင်တာက ဒီနည်းလမ်းဟာ ဝိတ်ကျဖို့ဆိုတာထက် အစာအိမ်နဲ့အူလမ်းကြောင်းကို ညီညွှတ်မျှတဖို့ ကုသနည်းတစ်ခုလို့ ပြောရပါမယ်။ အချိန်ကြာလာတဲ့အခါ အူလမ်းကြောင်းနဲ့ပတ်သတ်တဲ့ ရောဂါသည်တွေဟာ အူလမ်းကြောင်း ပြန်လည်ကောင်းမွန်လာပြီး အဝလွန်တဲ့ လူနာတွေလည်း ဝိတ်ကျလာစေတယ့် လက်တွေ့နည်းလမ်းပါ။

 

၃ ရက်တာ မုန်လာဥနီနဲ့ ဝိတ်ချမယ်ဆိုရင် တစ်ရက်တာ စားသောက်ပုံကတော့ -

မနက်စာ - အဆီထုတ်ထားတဲ့ နွားနို့(Low-fat milk) ၁ ခွက်

ဒုတိယ မနက်စာ - မုန်လာဥနီနဲ့ ပန်းသီး သုတ်

နေ့လည်စာ - မုန်လာဥနီနဲ့ ပန်းဂေါ်ဖီ စွတ်ပြုတ်

ညနေခင်းစာ - မုန်လာဥ ဖျော်ရည် နှင့် လိမ္မော်သီး

ညစာ - မုန်လာဥ ဖျော်ရည်

ဒီနည်းအတိုင်း ၃ ရက် ကျင့်သုံးမယ်ဆိုရင် ခန္ဓာကိုယ်ကို ဘာအန္တရာယ်မှ မဖြစ်ဘဲ ၈ ပေါင်ကျနိုင်ပါတယ်။ Diet လုပ်နေစဉ်အတွင်း ရေများများသောက်ဖို့တော့ မမေ့ပါနဲ့။ တစ်ရက်ကို ရေ ၂ လီတာနှင့်အထက်သောက်ပါ။ ဆရာဝန်တွေကိုယ်တိုင် အစာအိမ်လူနာတွေအတွက် ကျင့်သုံးတဲ့ နည်းလမ်းဖြစ်တာကြောင့် စိတ်ချလက်ချ ပြုလုပ်နိုင်ပါတယ်။

Image result for carrot diet 

၁၀ ရက်တာ မုန်လာဥနီနဲ့ ဝိတ်ချမယ်ဆိုရင် တစ်ရက်တာ စားသောက်ပုံကတော့ -

မနက်စာ - အစိမ်းရောင် ပန်းသီး ၂ လုံး

နေ့လည်စာ - ကြက်သားကင်၊ အဆီထုတ်ထားတဲ့ ချိစ်အနည်းငယ်၊ အဖတ်လေးတွေဖြစ်အောင် ခြစ်ထားတဲ့ မုန်လာဥနီ၊ သုံးမျိုးပေါင်းပြီး သံလွင်ဆီနည်းနည်းနဲ့ နယ်စားပါ

ညစာ - မုန်လာဥနီနဲ့ပန်းသီးရော၊ သံပုယိုသီညှစ်ပြီး သုတ်စားပါ

ဒီနည်းလမ်းကတော့ ၁၀ ရက်ကြာတဲ့အခါ အလေးချိန် ၁၅ ပေါင်ကနေ ၁၇ ပေါင်ထိ ကျနိုင်ပါတယ်။ ရေကတော့ များများသောက်ပေးရပါမယ်။ တစ်ခါတစ်ရံ ရေအစား မုန်လာဥနီဖျော်သောက်ပေးလည်း ရပါတယ်။

Related image 

မုန်လာဥနီနဲ့ ဝိတ်ချတဲ့နည်းလမ်းရဲ့ ရလဒ်ကတော့ အကောင်းတွေ ချည်းပါပဲ။ တစ်ခုကရှိတာက ဒီနည်းက ကြာကြာလုပ်နိုင်ဖို့ မလွယ်သလို၊ ကျင့်သားရသွားရင်လည်း ဖျောက်ရခက်ပါတယ်။ အရင်ဆုံး ၃ ရက်တာ နည်းလမ်းနဲ့ စလုပ်ပါ။ ပြီးရင် ရက်အနည်းငယ်လောက် ကွေကာ၊ စွတ်ပြုတ်နဲ့ အသီးအရွက်သုပ်တွေ စားနိုင်ပါတယ်။ တစ်ပတ်မှာ ၃ ရက်လောက်လုပ်ပြီး ကျန်တဲ့ရက်တွေမှာ သင့်တင့်မျှတအောင် စားဆိုတဲ့သဘောပါပဲ။

Ref; www.therealhealthything.com

By Paulina