ရွှေချောင်း နဲ့ တရားမဝင်ငွေကြေးများပြန်လည်အပ်နှံမည် ဟု အာဏာရှင်ဟောင်းမိသားစုမှ ထုတ်ပြန်

တိုင်းပြည်၏ တရိပ်ရိပ်ကျဆင်းနေသော စီးပွားရေး နှင့် လိုငွေပြနေသော ဘတ်ဂျက်တို့ကို အထိုက်အလျောက်သက်သာစေရန်အတွက် ရွှေချောင်းနှင့်ငွေကြေးများ ပြန်လည်အပ်နှံမည် ဟု အာဏာရှင်မိသားစုက ကမ်းလှမ်းခဲ့သည်။

နိုင်ငံအား နှစ်ပေါင်းများစွာကြာအောင် အုပ်ချုပ်လာခဲ့ပြီး ပြည်သူနှင့်တိုင်းပြည်သယံဇာတများကို မတရားသိမ်းယူခဲ့သော အာဏာရှင်မိသားစုမှ ထိုသို့ကမ်းလှမ်းလာခြင်းကို အများစုက မယုံမကြည်ဖြစ်နေကြသည်။ သို့သော်လက်ရှိသမ္မတကမူ ထိုကမ်းလှမ်းချက်ကို လက်ခံမည်ဟု ဆိုသည်။



ပြတ်သားသော သမ္မတအနေဖြင့် ထိုကိစ္စကို တကယ်လက်ခံမည်လော၊ သို့မဟုတ် ငြင်းပယ်မည်လောကို လိပ်ခဲတည်းလည်းဖြစ်နေပုံရသည်။ ပြည်သူတစ်ချို့က လက်ခံစေလိုသော်လည်း သဘောထားတင်းမာသူတို့က ပြန်အပ်သော ငွေကြေးနဲ့ရွှေများကို အကြောင်းပြုပြီး အာဏာရှင်ဟောင်းအနေဖြင့် နိုင်ငံရေးလောကထဲ တစ်ဖန်ပြန်ဝင်ရောက်လာမည်ကို စိုးရိမ်ကြသည်။

ကမ်းလှမ်းသူမှာ သမ္မတဟောင်း ဖာဒီနန်မားကို့စ် ဖြစ်ပြီး လက်ခံမည့်သူမှာ လက်ရှိ ဖိလစ်ပိုင်သမ္မတ ဒူတာတေး ဖြစ်ပါသည် xD



Gabriel
Credit - sarar ommar

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။