ဒညင်းသီးကို အဆိပ်အတောက်မဖြစ်အောင် ဘယ်လိုစားကြမလဲ

သိတဲ့အတိုင်း မြန်မာမှန်ရင် ဒညင်းသီး သိပ်ကြိုက်ကြတာ။ ဒညင်းသီးမကြိုက်တဲ့ မြန်မာလူမျိုးတော်တော်ရှားတာ။

ဒါပေမယ့် ဒညင်းသီး ဆိုတာ အဆိပ်သီးတစ်မျိုးပါပဲ။ ဒါကိုလူတိုင်းသိကြမှာပါ။ အရသာကို မငြင်းနိုင်လို့သာ စားနေရပေမယ့် သူ့ရဲ့ဆိုးကျိုးတွေကိုတော့ သိကြတယ်။ အဆိုးဆုံးက ကျောက်ကပ်ကိုပျက်စီး၊ ထိခိုက်စေတဲ့ ဓာတ်တွေ ဒညင်းသီးထဲမှာ အပြည့်အသိပ်ပါဝင်နေတယ်။

ဆိုတော့ကာ စားရမှာလည်း သဲတရှပ်ရှပ်၊ ပစ်ရမှာလည်း အဆီနဲ့ဝင်းဝင်း ဖြစ်နေသူတွေအတွက် အလွယ်ကူဆုံးအသုံးချ ဒညင်းသီး အဆိပ်အတောက်မဖြစ်အောင်စားနည်း လေးမျှဝေပေးလိုက်ပါတယ်။

( ၁ ) နာနတ်သီးနဲ့ပြုတ်



နံပါတ်တစ် အချက်က ဒညင်းသီးကို နာနတ်သီးနဲ့တူတူရောပြုတ်ပြီးစားတဲ့နည်းပါ။ နာနတ်သီးမှာပါတဲ့ ဗီတာမင်စီ က ဒညင်းသီးရဲ့အဆိပ်အတောက်တွေကို လျော့ပါးသွားစေပြီး အချိုအရသာကြောင့် ဒညင်းသီးက အရသာပိုထူးကဲသွားစေတယ်။ များများချိုပြီး များများ အဆိပ်အတောက်လျော့ချင်ရင်တော့ နာနတ်သီးအစိတ်များများရောပြီး ပြုတ်ပါ။

( ၂ ) ထန်းလျက်



နံပါတ်နှစ်ကတော့ ထန်းလျက်နဲ့ပြုတ်တဲ့နည်းပါ။ ထန်းလျက်ဆိုတာ ထန်းရည်က ချက်ရတာဖြစ်လို့ ထန်းပင်ကရတဲ့ အန်တီအောက်ဆီးဒင့်တွေအများကြီးပါဝင်နေတယ်။ အထူးသဖြင့် ဗီတာမင်အီး၊ ကာရိုတင်းနွိုက် နဲ့ ဖိုင်တိုစတီရောလ် ဓာတ်တွေဟာ အဆိပ်အတောက်ကိုပြေလျော့စေတဲ့ဓာတ်တွေပဲ။ နောက်ပြီး ထန်းသီးမှာ ကင်ဆာဆဲလ်တွေကို တိုက်ဖျက် ( ဒါမှမဟုတ် ) လျော့ပါးစေတဲ့ ဓာတ်တွေလည်းအများကြီးရှိတယ်။ အဲ့ဒီတော့ ထန်းလျက်နဲ့ဒညင်းသီးကိုတွဲပြုတ်တာက အရသာပိုလေးပြီးချိုသွားသလို အဆိပ်အတောက်တွေလည်း အတိုင်းအတာတစ်ခုထိလျော့ကျစေတယ်။

( ၃ ) ရှောက်ရွက်



ဒညင်းသီးစားပြီးတိုင်း ရှောက်ရွက် တစ်ရွက်လောက်ဝါးပေးတာက အဆုတ်ထဲရောက်သွားတဲ့ အဆပိအတောက်တွေကို သက်သာစေတယ်။ နောက်ပြီး ဒညင်းသီးကြောင့် ပါးစပ်နံတာကိုလည်း သက်သာစေသတဲ့။

( ၄ ) ဆား



အလွယ်ကူဆုံးနည်းပါပဲ။ ဆားဆိုတာက အပုတ်စပ် နဲ့ အဆိပ်တွေကိုပြေလျော့စေတဲ့ အိမ်သုံးဆေးတစ်မျိုးပါ။ ဒညင်းသီးပြုတ်တဲ့အခါ ဆားလက်ဖက်ရည်ဇွန်းနှစ်ဇွန်းလောက်ထည့်ပြုတ်ရင် အဆိပ်အတောက်တွေက ဆားထဲမှာပျော်ဝင်သွားတယ်။ ဆားနဲ့အရင်ပြုတ်ပါ။ ပြီးမှ ဒညင်းသီးကို သတ်သတ်ထပ်ပြုတ်ပါ။

( ၅ ) မာလကာရွက်



နောက်ဆုံးတစ်ခုကတော့ မာလကာရွက်ပါ။ အပေါ်ကဟာတွေ အလုပ်ရှုပ်တယ်။ ဘာမှမလုပ်ချင်ဘူးဆိုရင် ဒညင်းသီးစားပြီးတိုင်း မာလကာရွက်တစ်ရွက်ကို ဝါးစားပြီး ပလုပ်ကျင်းလိုက်ပါ။ နောက်ပြီး ရေများများသောက်ပေးပါ။ ကျောက်ကပ်မထိအောင်လို့ပါ။

ဒီနည်းတွေသုံးပြီး ကြိုက်လှပါချေရဲ့ဆိုတဲ့ ဒညင်းသီးကို အဆိပ်အတောက်ကင်းကင်းနဲ့အလွယ်ကူဆုံးစားလို့ရပါပြီ။

Gabriel
Source - Wai Linn

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။