အမေအနားမှာ ကပ်ချွဲပြီး လိုချင်တာတွေ ပူဆာနေတဲ့ ရတနာခင်ရဲ့ သားချောလေး

တစ်ခေတ်တစ်ခါက ပရိသတ်များကြား အရမ်းကို နာမည်ကြီးပြီး ပရိသတ်များစွာ အားပေးထောက်ခံခြင်းရရှိထားတဲ့ နိုင်ငံကျော် မင်းသမီးချော ရတနာခင်ဟာ လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ရပ်နားထားပြီး သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုလေးနဲ့သာ ပျော်ရွှင်နေပါတယ်။

ရတနာခင်ဟာ သူမကိုယ်တိုင် ချောမောလှပတဲ့ ရုပ်ရည်ကိုပိုင်ဆိုင်ထားသိလို သူမရဲ့ သားလေးဟာလည်း အမေတူပြီး ရူပကာချောမောတာမို့ ဝန်းရံသူ နှုတ်ခမ်းနီမလေးများကြား အချစ်တော်လေး ဖြစ်နေပါတယ်။ အသက်(၁၃)နှစ်ကျော်ပြီဖြစ်တဲ့ ရတနာခင်ရဲ့ အကြီးဆုံးသား ဇွဲဦးထက်ကတော့ အခုဆို လူပျိုပေါက်လေးဖြစ်လာပြီမို့ အမေလို ဖက်ရှင်ကျကျ ဝတ်ဆင်တတ်လာပြီး စတိုင်ကျလာတာမို့ ခန့်ချောကြီး ချောကာ ချစ်တဲ့ခင်တဲ့သူ ပေါများလာပါတယ်။

အခုတစ်ခေါက်မှာတော့ ရတနာခင်ဟာ သူမဈေးဝယ်ထွက်လာတာကို ဘေးနားက ကူညီမလိုနဲ့ လိုချင်တာတွေ ပူဆာနေတဲ့ သားချောလေး အကြောင်းကို လူမှုကွန်ယက်ပေါ်မှာ တင်ခဲ့ပါတယ်။ “ အမေ shopping လုပ်တာကို လိုက်ပေးရှာတဲ့သားကြီး (သူလိုချင်တာတွေလဲ ပူဆာချင်တာကိုး) ” ဆိုပြီး ချစ်စရာကောင်းအောင် ရေးသားခဲ့ပါတယ်။ 

ပြည်သူ့အချစ်တော် ရတနာခင်ဟာ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးအပြင် သားကြီး အသက်(၁၃)နှစ်နဲ့ (၆)နှစ်၊ (၄)နှစ်ခွဲဆိုပြီးတော့လည်း သားချောလေးတွေ ပိုင်ဆိုင်ထားပါသေးတယ်။ 

Source; Yadanar Khin 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။