ထိပ်ပြောင်များက နေအလင်းရောင်မှ စွမ်းအင်ကိုပိုမိုစုပ်ယူနိုင်

ဇူလိုင် ၃၁၊ ၂၀၁၉၊ ဗလင်စီယာ၊ စပိန်

စပိန်နိုင်ငံ ရှိ ဗလင်စီယာ ပိုလီတက္ကနစ် ယူနီဗားစီးတီး ကျောင်းသားများ နှင့် ဗလင်စီယာကွင်းဆင်းသုတေသနအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်မှုတစ်ခုအတွင်း တွေ့ရှိချက်က ထူးဆန်းပါသည်။

ထိုအချက်မှာ သာမန်လူများထက် ထိပ်ပြောင်နေသူများက နေအလင်းရောင်မှစွမ်းအင်ကို ပိုမိုစုပ်ယူနိုင်သည် ဆို၏။



စွမ်းအင်ဆိုသည်မှာ ဗီတာမင်ဒီအပါအဝင် ခန္ဓာကိုယ်ကျန်းမာရေးအတွက် လိုအပ်သော အရာမှန်သမျှကိုဆိုလိုသည်။ ကနဦးစမ်းသပ်ချက်အရ သာမန်လူ ၁၀ ယောက်နှင့် ထိပ်ပြောင်နေသူ ၃ ဦးနှိုင်းယှဉ်လျှင် ထိပ်ပြောင်နေသူများစုပ်ယူနိုင်သည့်အနေအတွက်မှာ သာမန်လူတို့ထက်ပိုများသည်။



အကြမ်းဖျင်းပြောရလျှင် ထိပ်ပြောင်တို့စုပ်ယူလိုက်သော စုစုပေါင်းစွမ်းအင်မှာ 4000 miliamps ရှိပြီး ထိုစွမ်းအင်မှာ ကားစက်နှိုးခြင်း၊ ဖုန်းအားသွင်းခြင်း အပြင် အိမ်ရှိ အဝတ်လျှော်စက်၊ ရေခဲသေတ္တာ နှင့် အဲကွန်းများကိုပါ မောင်းနှင်နိုင်သောအစွမ်းဖြစ်သည်ဟု ပိုလီတက္ကနစ်ကျောင်းသူတစ်ဦးဖြစ်သော အဘီဂေးလ် ကဆိုသည်။



ထိပ်ပြောင်များနှင့် စွမ်းအင်စပ်ဆက်မှုကို မသိရသေးသော်လည်း ပေါ်လစ်တိုက်ထားသလိုပြောင်နေသော ငယ်ထိပ်သည် စွမ်းအင်စုပ်ယူမှုတိုင်း၏ အဓိကရင်းမြစ်ဖြစ်သည်ဟု ယူဆကြသည်။

Gabriel
Source - 9gags



we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။