ကပ္ပတိန်အမေရိကမင်းသားနဲ့ တွဲခဲ့ဖူးတဲ့ (or) သတင်းထွက်ခဲ့ဖူးတဲ့ မိုဒယ်မင်းသမီး ၁၃ ယောက်

ကပ္ပတိန်အမေရိကမင်းသားအဖြစ် လူသိများတဲ့ အသက် ၃၈ နှစ်အရွယ် အမေရိကန်မင်းသားချော ခရစ်အီဗန် (Chris Evans) ကို ဟောလိဝုဒ်ရဲ့ နာမည်ကျော် FA တွေထဲက တစ်ယောက်အဖြစ် ပရိသတ်တွေက ချစ်စနိုး နောက်ပြောင် လေ့ရှိကြပါတယ်။ ဒါပေမဲ့ ခရစ်အီဗန်ဟာ လက်ရှိမှာ FA ဖြစ်နေပေမဲ့လည်း ဟောလိဝုဒ်က နာမည်ကျော်အမျိုးသမီး တချို့ နဲ့ တွဲခုတ်ဖူးသူ ဖြစ်ပါတယ်။


အဲဒါကြောင့် သူ့ရဲ့အချစ်ရေးကို စိတ်ဝင်စားနေကြတဲ့ ပရိသတ်တွေအတွက် သူနဲ့တွဲခုတ်ဖူးတဲ့ ဒါမှမဟုတ် သတင်းထွက်ဖူးတဲ့ အမျိုးသမီးတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။


1. Kate Bosworth


ခရစ်နဲ့ မင်းသမီးချောကိတ်ဘော့စ်ဝေါ့သ်တို့ဟာ ၂၀၀၀ ပြည့်နှစ်တုန်းက သူတို့နှစ်ယောက်တွဲဖက်ပါဝင်ထားတဲ့ The Newcomers ဒရမ်မာဇာတ်လမ်း ရိုက်ကွင်းမှာ တွေ့ဆုံပြီးတဲ့နောက် နှစ်ဦးသားတွဲခဲ့တယ်လို့ သတင်းထွက် ခဲ့ဖူးပါတယ်။


2. Jessica Biel


နာမည်ကျော်မင်းသမီးချော ဂျက်ဆီကာဘေးလ်နဲ့ ခရစ်တို့ဟာ ၂၀၀၁ ခုနှစ်ကစလို့ အမှန်တကယ် တွဲခုတ်ခဲ့ကြ တာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ Cellular (2004) နဲ့ London (2005) ရုပ်ရှင်တို့မှာလည်း အတူတကွ ပါဝင် သရုပ်ဆောင်ခဲ့ကြပါတယ်။ သူတို့နှစ်ဦးရဲ့အချစ်ရေးဟာ ငါးနှစ်လောက်ကြာခဲ့ပြီး ၂၀၀၆ ခုနှစ်မှာတော့ နှစ်ဦးသား လမ်းခွဲခဲ့ကြပါတယ်။ ဂျက်ဆီကာဘေးလ်ဟာ အခုချိန်မှာ အဆိုတော်မင်းသား ဂျက်စတင်တင်းဘားလိပ် ရဲ့ ဇနီးသည်ဖြစ်နေပါပြီ။


3. Gisele Bundchen


ခရစ်နဲ့ ဂျက်ဆီကာဘေးလ်တို့ လမ်းခွဲခဲ့ကြတဲ့ နှစ်မှာပဲ Page Six ဆိုတဲ့သတင်းကနေ ခရစ်နဲ့ နာမည်ကျော် စူပါမိုဒယ် ဘန်ချန်တို့ တွဲခုတ်နေတယ်လို့ ကောလာဟလလွှင့်ခဲ့ပါတယ်။ ဒါပေမဲ့ ဘန်ချန်ကတော့ Arena မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ လုံးဝမဟုတ်ကြောင်း ငြင်းဆိုခဲ့ပါတယ်။

ဒါ့ပြင် သူမက “ကျွန်မနဲ့ပတ်သက်တဲ့ သတင်း တိုင်းသာ အမှန်ဆိုရင် အိမ်ထောင် ၅ ကြိမ်လောက်ကျပြီး ကလေး ၁၀ ယောက်လောက် ရနေလောက်ပြီ။ ခရစ်အီဗန်ဆိုတာကလည်း အဲဒီလိုသတင်းထွက်တဲ့ထဲက တစ်ယောက်ပါပဲ။ ကျွန်မ သူ့နာမည်ကို လွန်ခဲ့တဲ့ ၂ နာရီလောက်ကမှ ပထမဆုံးအကြိမ် ကြားဖူးတာပါ” လို့ ပြောခဲ့ဖူးပါတယ်။


4. Emmy Rossum


ခရစ်နဲ့ မင်းသမီးချော အမ်မီတို့ဟာ ၂၀၀၇ ခုနှစ် အစောပိုင်းက တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ သူတို့နှစ်ယောက် ဟာ အဲဒီနှစ် မတ်လက ဟောလိဝုဒ်မှာရှိတဲ့ Teddy’s ဘားမှာ ချိန်းတွေ့ခဲ့ကြတယ်လို့ သတင်းထွက်ခဲ့ပေမဲ့ အမ်မီဘက် ကတော့ သူတို့နှစ်ယောက်ဟာ သူငယ်ချင်းတွေပါလို့ ခုခံပြောဆိုခဲ့ပါတယ်။


5. Christina Ricci


ခရစ်နဲ့ နာမည်ကျော်မင်းသမီး ခရစ္စတီနာရီချီတို့ ဘယ်လောက်ကြာအောင် တွဲခဲ့တယ်ဆိုတာတော့ မသိပါဘူး။ ဒါပေမဲ့ သူတို့နှစ်ယောက်ဟာ ၂၀၀၇ ခုနှစ်က Met Gala ပွဲကြီးရဲ့ ကော်ဇောနီလျှောက်လမ်းပေါ်မှာ လက်ချင်း ချိတ်ကာ အတူတကွ ပွဲတက်ခဲ့ကြပါတယ်။


6. Vida Guerra


အဲဒီတုန်းက အသက် ၂၆ နှစ်အရွယ်သာ ရှိသေးတဲ့ Fantastic Four မင်းသားချော ခရစ်အီဗန်ဟာ ၂၀၀၈ ခုနှစ် တုန်းက ကျူးဘားမိုဒယ် Vida Guerra နဲ့ အယ်လ်အေမြို့တော်မှာ အကြိမ်အနည်းငယ်လောက် တွဲဖက်တွေ့မြင် ခဲ့ရဖူးတယ်လို့ သတင်းထွက်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက် တကယ်တွဲခုတ်ခဲ့သလားဆိုတာကတော့ မသေချာပါဘူး။


7. Amy Smart


၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လက မင်းသမီးချော အေမီစမတ်ကို လန်ဒန်ကလပ်တစ်ခုကနေ ခရစ်အီဗန်နဲ့ တွဲထွက် လာတာကို တွေ့မြင်ခဲ့ကြဖူးပါတယ်။ ဒါပေမဲ့ အေမီစမတ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတွေကတော့ တွဲနေတာမဟုတ ကြောင်း ငြင်းဆိုခဲ့ပါတယ်။


8. Dianna Agron


အဲဒီအချိန်က မင်းသား Alex Pettyfer နဲ့ လမ်းခွဲထားတဲ့ မင်းသမီးချော ဒိုင်ယန်နာဟာ ၂၀၁၁ ခုနှစ်၊ ဧပြီလ နောက်ပိုင်း မှာ ခရစ်နဲ့တွဲခုတ်ခဲ့တယ်လို့ သတင်းထွက်ခဲ့ဖူးပါတယ်။


9. Ashley Greene


Twilight ဇာတ်လမ်းတွေမှာ ပါဝင်ခဲ့ဖူးတဲ့ မင်းသမီးချော အက်ရှလေဂရီင်းန်ဟာလည်း ၂၀၁၁ ခုနှစ်ဝန်းကျင်က ခရစ်နဲ့ တွဲခဲ့တယ်လို့ သတင်းထွက်ခဲ့ဖူးသူ တစ်ယောက်ပါပဲ။


10. Sandra Bullock


ခရစ်က သူ့ရဲ့ငယ်ဘဝက crush ဟာ မင်းသမီးကြီး ဆန်ဒရာဘူးလော့ခ်ပါလို့ အမြဲလိုလို ပြောလေ့ရှိသူပါ။ ၂၀၁၂ ခုနှစ်တုန်းက Vanity Fair ပါတီမှာ နှစ်ဦးသား ဖက်လှဲတကင်းနဲ့ ဓာတ်ပုံအတူရိုက်ခဲ့ကြပါသေးတယ်။ ၂၀၁၄ ခုနှစ်မှာတော့ သူတို့နှစ်ဦးဟာ သူငယ်ချင်းတွေဖြစ်ကြတဲ့ ချဲလ်ဆီးဟန်ဒလာ၊ မယ်လီဆာမက်ကာသီတို့နဲ့ အတူ ညစာအတူစားခဲ့ကြပါသေးတယ်။ သူတို့နှစ်ဦးဟာ တစ်ယောက်နဲ့တစ်ယောက် သဘောကျကြတယ်လို့ လည်း သတင်းတွေကဆိုပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကတော့ မိတ်ဆွေအဆင့်ထက် ပိုဟန်မတူပါဘူး။


11. Lily Collins


ခရစ်နဲ့ မိုဒယ်မင်းသမီးချောလေး လီလီကောလင်းတို့ဟာ အော်စကာညစာစားပွဲမှာ တွေ့ဆုံခဲ့ကြပြီးတဲ့နောက် ၂၀၁၅ ခုနှစ် အစောပိုင်းလောက်မှာ တွဲခုတ်ခဲ့ကြတယ်လို့ ကောလာဟလတွေ ထွက်ခဲ့ဖူးပါတယ်။ အဲဒီနှစ် မတ်လက သူတို့နှစ်ဦးဟာ အယ်လ်အေက အီတလီစားသောက်ဆိုင်တစ်ခုမှာ ညစာအတူစားခဲ့ဖူးတာကြောင့် သူတို့နှစ်ယောက် တကယ်တွဲနေကြတာလို့လည်း ယူဆခဲ့ကြပါတယ်။ ဒါပေမဲ့ တရားဝင်တော့ မကြေညာခဲ့ဖူးပါဘူး။


12. Minka Kelly


ခရစ်ဟာ Friday Night Lights က မင်းသမီး မင်ကာကယ်လီနဲ့ ပြတ်လိုက်ဆက်လိုက်နဲ့ အချစ်သက်တမ်း ရှည်ကြာခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၀၇ ခုနှစ် အစောပိုင်းတုန်းက စတင်တွဲခဲ့ကြတာဖြစ်ပြီး အဲဒီနောက် ကွဲသွားကြပါသေးတယ်။ ၂၀၁၂ ခုနှစ်မှာတော့ ပြန်တွဲခဲ့ကြပြီး ၂၀၁၃ ခုနှစ်မှာ ပြန်ကွဲသွားခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် အောက်တိုဘာလတုန်းက မင်ကာကယ်လီတစ်ယောက် ခရစ်ရဲ့နေအိမ်ကို ရောက်ရှိလာခဲ့တာကြောင့် သူတို့ ပြန်တွဲနေပြီလို့လည်း သတင်းထွက်ခဲ့ပါတယ်။ သူတို့နှစ်ဦးကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလောက်အထိ အတူ တွဲတွေ့ခဲ့ရပါတယ်။


13. Jenny Slate


ခရစ်နဲ့ ဂျင်နီစလိတ်ထ်တို့ဟာ ၂၀၁၆ ခုနှစ်က သူတို့အတူတွဲဖက်ပါဝင်ထားတဲ့ Gifted ဇာတ်လမ်းရိုက်ကွင်းမှာ စတင်တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်သက်တမ်းကတော့ သိပ်မကြာလိုက်ပါ ဘူး။ ၂၀၁၇ ခုနှစ်မှာ ခရစ်ရဲ့မအားလပ်တဲ့ အလုပ်တွေကြောင့် နှစ်ဦးသားလမ်းခွဲခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီနှစ်အကုန်မှာ နှစ်ဦးသားပြန်တွဲခဲ့ကြသေးပေမဲ့ ၂၀၁၈ ခုနှစ်၊ မတ်လမှာတော့ နှစ်ဦးသား အခင်အမင်မပျက် ဘဲ အေးအေးဆေးဆေး လမ်းခွဲခဲ့ကြပါတယ်။


သူနဲ့သတင်းထွက်ခဲ့ဖူးတဲ့ မင်းသမီးတွေထဲက ဂျက်ဆီကာဘေးလ်၊ မင်ကာကယ်လီ၊ ဂျင်နီစလိတ်ထ်  တို့နဲ့ကတော့ တကယ်ကို ထင်ထင်ပေါ်ပေါ် တွဲခဲ့ဖူးတာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ ခရစ်ဟာ တစ်ကိုယ်တည်း လူပျိုကြီးဘဝနဲ့ အနုပညာအလုပ်တွေကို ဆက်လုပ်နေပါတယ်။


by Cherry Mon
Ref; Popsugar

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။