သြဂုတ်လမှာ အချစ်ရေး ကံဇာတာတက်နေတဲ့ ရာသီခွင် (၃) ခု

ဂျူလိုင် ၂၃ ကနေ သြဂုတ် ၂၂ ထိဟာ သိဟ်ရာသီခွင်ပါ။ ဒီရာသီခွင်မှာ စစ်မှန်စွာနေထိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ရှာဖွေရမယ့် အချိန်အခါပါ။ ဒီရာသီခွင်ရဲ့ သင်္ကေတကတော့ နှလုံးသားရဲ့အလိုဆန္ဒအတိုင်း လုပ်ဆောင်ခြင်းပါပဲ။ ဒါ့အပြင် ဒီရာသီခွင်ရဲ့ ထူးခြားတဲ့ အရာတွေထဲမှာ အချစ်စိတ်ပြင်းပြခြင်း၊ ရိုမန်းတစ်ဆန်ခြင်း၊ စိတ်ကူးယဉ်ဆန်ခြင်းတွေလည်း ပါဝင်ပါတယ်။ အခုလို အချစ်တွေနဲ့ ထုံမွန်းနေတဲ့ ရာသီအချိန်အခါမှာ အချစ်ရေး ကံဇာတာတက်နေတဲ့ ရာသီခွင် (၃) ခု ရှိပါတယ်။ သူတို့တွေကတော့ -

မိဿရာသီဖွား (Aries – March 21 to April 20)

  

ဒီလမှာတော့ သင်ဟာ သြဇာတိက္ကမနဲ့ ပြည့်စုံနေပါလိမ့်မယ်။ သင်အာရုံစိုက်စေချင်တဲ့သူ၊ သင်လေးစားအားကျနေရတဲ့သူတွေဆီကနေ အာရုံစိုက်မှုကို ရရှိပါလိမ့်မယ်။ အချစ်ရေးနဲ့ ပတ်သက်ပြီး ကံဇာတာတက်နေတာကြောင့် နေ့စဉ်နဲ့အမျှ ပျော်စရာအချစ်ကိစ္စတွေနဲ့ ကြုံရနိုင်ပါတယ်။ လည်ဖို့ပတ်ဖို့အစီအစဉ်ရှိနေလား။ ဒါမှမဟုတ် အားကစားလုပ်ဖို့၊ Gym ဆော့ဖို့ စီစဉ်ထားတာရော ရှိပါသလား။ ဒါဆိုရင်တော့ စဉ်းစားမနေဘဲ လုပ်လိုက်ဖို့အကြံပေးပါရစေ။ ဘာလို့လဲဆိုတော့ အဲလိုနေရာတွေကနေ အချစ်သစ်နဲ့ တွေ့နိုင်ချေရှိလို့ပါ။

ကုံရာသီဖွား (Aquarius – Jan 20 to Feb 18)

Nikki shik 🌹 #art #illustration #couple #love

စိတ်ရော ကိုယ်ပါ လွတ်လပ်စွာ တစ်သီးတစ်သန့် နေထိုင်တတ်ပေမယ့် အများရဲ့ချစ်ခင်ခြင်းကိုတော့ လိုချင်တဲ့ ရာသီဖွားတွေ ဖြစ်ပါတယ်။ ဒါကြောင့် အခြားသူတွေရဲ့ ချီးမွမ်းစကား နဲ့ အာရုံစိုက်ခံရခြင်းကို မလိုချင်သလိုလို ဟန်ဆောင်မနေပါနဲ့။ ဒီလမှာ သင့်ရဲ့ ဟန်ဆောင်ခြင်းတွေ ခွာချလိုက်တဲ့အခါ အချစ်ကို တဖြည်းဖြည်းနဲ့ ရှာဖွေတွေ့ရှိလာမှာပါ။ သင်က ချစ်သူမရှိဘူးလား။ စိတ်မပူပါနဲ့။ ဒီလမှာ သင်သဘောကျ စိတ်ဝင်စားနေတဲ့ သူတွေတောင်မှ သင့်ကို သတိထားမိလာမယ့်လပါ။ ချစ်သူရှိပြီးသားသူတွေလည်း ဒီလမှာတော့ အချစ်တွေ ပိုခိုင်မြဲလာမယ့် အခြေအနေမှာ ရှိပါတယ်။

မိန်ရာသီဖွား (Pisces – Feb 19 to Mar 20)

🌿🍃i love spring~#illustration #drawing #art #artwork #draw #drawing #handdrawn #handpainted #cute #cartoon #childrenillustration #wacom…

သင်မျှော်လင့်ထားသလို အချစ်ရေးမျိုး ဖြစ်လာမယ့် အချိန်အခါ ရောက်လာပါပြီ။ Gym၊ အလုပ်နဲ့ ကျောင်းတွေ၊ ရုံးတွေ စတဲ့ သာမန်နေရာတွေမှာ အချစ်ကို တွေ့ရှိနိုင်ပါတယ်။ အချစ်ဇာတာတက်နေတဲ့အပြင် ဒီလမှာ သင်သဘောကျနှစ်သက်တာကို လုပ်ပြီး သင်လုပ်လိုက်တာကိုလည်း သဘောကျနှစ်သက်ရမယ့် အချိန်ပါ။ ချစ်သူရှိပြီးသားသူတွေလည်း ချစ်သူနဲ့ပိုမို နီးစပ်လာပါလိမ့်မယ်။ အရင်က အချစ်ရေးမှာ အဆင်မပြေသမျှကိုလည်း ဒီအချိန်မှာ ဖြေရှင်းနိုင်သွားပါလိမ့်မယ်။ အချစ်ကိစ္စနဲ့ ပတ်သက်ပြီး လောဘကြီးနေတာတွေကိုတော့ လျှော့ဖို့လိုပါတယ်။

Ref; www.elitedaily.com

By Paulina

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။