သခင်ဖြစ်သူကို ပြန်ပေးဆွဲသူလက်ထဲက ကယ်တင်ပေးခဲ့တဲ့ခွေးလေး သေဆုံး

ဂျူလိုင်လ ၂၇ ရက်နေ့တုန်းက Bach and Friends ဆိုတဲ့ Facebook Page မှာ စိတ်မကောင်းစရာ သတင်းလေး တစ်ပုဒ်တင်ထားခဲ့ပါတယ်။ အဲဒါကတော့ ပြန်ပေးဆွဲခံရလုဆဲဆဲ ဖြစ်တဲ့သခင်ကို ကယ်တင်ခဲ့တဲ့ ချီဟွားဟွားခွေးလေးတစ်ကောင် အကြောင်းပါ။

Image result for chihuahua bark

ဖြစ်စဉ်ရဲ့အသေးစိတ်ကိုတော့ သေချာမတင်ပေးထားပါဘူး။ ဒါပေမဲ့ တင်ထားတဲ့စာအကြမ်းဖျင်းကတော့ အမျိုးသမီးတစ်ယောက်ကို တစ်စုံတစ်ယောက်က ပြန်ပေးဆွဲဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ သူမရဲ့သတ္တိရှိတဲ့ ခွေးလေးဟာ သခင်ကို ကာကွယ်ဖို့အတွက် သူ့မှာရှိတဲ့ အားအင်အကုန်သုံးပြီး ဟောင်ခဲ့ပါတယ်။ 

Image result for chihuahua barking gif

အားလုံး သိကြတဲ့အတိုင်းပဲ ချီဟွားဟွားဆိုတာ အရမ်းကိုအကောင်သေးတဲ့ ခွေးအမျိုးအစားပါ။ ဒါကိုတောင် သခင်ကို ကာကွယ်ဖို့ သံကုန်ဟစ်ပြီး ဟောင်တဲ့အပြင် ပြန်ပေးဆွဲတဲ့သူကိုလည်း သူ့ရဲ့ကိုယ်လုံး သေးသေးလေးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ပြန်ပေးဆွဲသူက ကန်ကြောက်နေတာတောင် ခွေးလေးဟာ အဟောင်ရပ်မသွားခဲ့ပါဘူး။

This Little Doggy is So Brave, It Barked at Kidnapper & Saved Its Owner but Dies From Injuries - WORLD OF BUZZ

ဒီအဖြစ်အပျက်က အချိန်အတိုင်းအတာ ဘယ်လောက်ကြာလိုက်လဲဆိုတာတော့ သေချာမသိပါဘူး။ ဒါပေမဲ့ သတ္တိရှိတဲ့ ခွေးလေးရဲ့ဇွဲကြီးမှုနဲ့ အကြောက်တရားကင်းမဲ့မှုကြောင့် သခင်ကို မကောင်းတဲ့သူလက်ထဲက ကယ်တင်နိုင်ခဲ့ပါတယ်။ စိတ်မကောင်းစရာကောင်းတာကတော့ ခွေးလေးဟာ တိုက်ခိုက်မှုမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် မကြာခင်မှာဘဲ သေဆုံးခဲ့ရပါတယ်။

ခွေးလေးဟာ သူ့သခင်ကို လူဆိုးလက်ထဲက ကယ်ခဲ့ပြီးမှ သခင်လက်ထဲမှာပဲ စိတ်ချလက်ချနဲ့ ခေါင်းချခဲ့ပါတယ်။ ချီဟွားဟွားဆိုတာ အရမ်းကိုနုနယ်ပြီး အကြမ်းမခံတဲ့ ခွေးမျိုးပါ။ သူ့ခန္ဓာကိုယ် သေးသေးလေးနဲ့ သခင်ကို ရအောင် ကယ်ခဲ့တာဟာ အရမ်းကို လေးစားစရာကောင်းလွန်းပါတယ်။ သတ္တိခဲလေး ကောင်းရာမွန်ရာ ရောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Ref; www.worldofbuzz.com

By Paulina