ချစ်တယ်ဆိုတဲ့ စကားထက် ပိုလေးနက်တဲ့ စကား (၆) ခွန်း

ချစ်တယ် ဆိုတဲ့စကားကို လူတိုင်းကြားချင်ကြတာပဲ။ အထူးသဖြင့် ကိုယ်ချစ်တဲ့သူတွေဆီကပေါ့။ တကယ်တော့ ချစ်တယ်ဆိုတဲ့စကားထက် ပိုအရေးကြီးတဲ့စကားတွေ ရှိပါတယ်။ သင်ချစ်ရတဲ့သူက ချစ်တယ်ဆိုတဲ့ စကားတော့ ခဏခဏမပြောတတ်ဘူး။ ဒါပေမဲ့ ဒီစကား (၆) မျိုးထဲက တစ်ခုခုကိုတော့ ပြောလေ့ ရှိတယ်ဆိုရင်တော့ သူသင့်ကို တကယ်ချစ်လို့ပါပဲ။


ကျေးဇူးတင်တယ်

Imgur: The most awesome images on the Internet

လူတစ်ယောက်ရဲ့ကျေးဇူးကို အသိအမှတ်ပြုဖို့ အလွယ်ကူဆုံး နည်းလမ်းကတော့ ကျေးဇူးတင်စကားပြောခြင်းပါ။ ကျေးဇူးတင်စကားပြောလိုက်ခြင်းအားဖြင့် ကိုယ်ချစ်ရတဲ့သူလည်း စိတ်ကြည်နူးပီတိဖြစ်စေပါတယ်။ ဒါကြောင့် သင်ချစ်ရသူက သင့်ကိုကျေးဇူးတင်စကား ပြောတတ်သူဆိုရင် သင့်ရဲ့ဖြစ်တည်မှုနဲ့ သင့်ရဲ့စေတနာကို တန်ဖိုးထားသူတစ်ယောက်ဖြစ်ပါတယ်။


ယုံတယ်

Wedding Photography - A deligthful dose of photo suggestions. sweet wedding photography photo ideas number 1181490632 posted on 20190711 #sweetweddingphotographyphotoideas

အတွဲတွေ တွဲတာကြာလာတဲ့အခါ “ငါ မင်းကို ယုံတယ်” ဆိုတဲ့ စကားက မရှိသလောက်ကို ရှားလာပါတယ်။ တကယ်တော့ ကိုယ့်လက်တွဲဖော်ကို မယုံကြည်ဘူးဆိုရင် ချစ်တယ်ဆိုတာလည်း အလကားပါပဲ။ လူတွေဟာ တစ်ပါးသူရဲ့ ယုံကြည်မှုကို လက်ခံရရှိတဲ့အခါ စိတ်အားပိုမို တက်ကြွပြီး ကောင်းတဲ့အရာတွေကို ပိုလုပ်ဖြစ်တယ်လို့ စိတ်ပညာရှင်တွေက ဆိုပါတယ်။ ဒါကြောင့် ချစ်ရသူကိုလည်း ယုံပေးပါ။ သင့်ကိုလည်း သင့်ချစ်သူက “ငါ နင့်ကို ယုံတယ်” “ဒီအရာကို မင်းလုပ်နိုင်ပါတယ်” ဆိုတဲ့ စကားတွေကို ပြောတယ်ဆိုရင် သူသင့်ကို တကယ်ချစ်ပြီး သင့်ဘဝကို အောင်မြင်စေချင်တဲ့သူ ဖြစ်ပါတယ်။


ကိုယ့်ကိုယ်ကိုယ်ချစ်ပါ

图片中可能有:2 位用户、一群人站着

သူများဆီက အချစ်ကို ရရှိဖို့ မျှော်လင့်နေရတာထက် ကိုယ့်ကိုယ်ကိုယ်ချစ်လိုက်တာက ပိုအကျိုးရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ်မှမချစ်ရင် ဘယ်သူက လာချစ်အုံးမှာပါလဲ။ သင့်ချစ်သူဟာ သင့်ကို သင့်ကိုယ်သင်ချစ်ဖို့၊ သင့်ကိုယ်သင် ရှေ့တန်းတင်ဖို့ ပြောတယ်ဆိုရင် သူဟာ သင့်ကို လက်တွေ့ကျစွာ ချစ်တတ်သူ ဖြစ်ပါတယ်။ သင့်အတွက် ထည့်တွက်ပေးပြီး သင့်ကို ငဲ့ညှာသူလည်း ဖြစ်ပါတယ်။


ပြီးတာက ပြီးသွားပြီ

A házasságkötési kedv újra megélénkült az utóbbi időben. Azonban a mennyiség nem minden. Minőségi változásokat csak belső értékeink megőrzésével és...

ပြုပြင်လို့မရတော့တဲ့ အတိတ်တွေမှာ တဝဲလည်လည်ဖြစ်တယ်ဆိုတာ အချိန်ကို ဖြုန်းတီးခြင်း တစ်မျိုးပါပဲ။ အတိတ်ဆိုတာ ပြင်လို့မရပါဘူး။ ဒါပေမဲ့ အနာဂတ်ကိုတော့ လှပအောင် ဖန်တီးနိုင်ပါသေးတယ်။ အတိတ်က အမှားတွေကို သင်ယူပြီး လက်ရှိမှာ အဲဒီ့အမှားတွေကို လှေကားထစ်တွေအဖြစ် နင်းတတ်ရပါမယ်။ သင်ချစ်ရတဲ့သူဟာ ပစ္စုပ္ပန်တည့်တည့်မှာပဲ အမြဲအသက်ရှင်တယ်၊ အတိတ်အကြောင်းတွေ ပြန်မတူးဆွတတ်ဘူး၊ ပြီးခဲ့တာတွေကို လက်လွှတ်လိုက်ဖို့ ပြောလေ့ရှိတယ်ဆိုရင် သူဟာ ဉာဏ်ပညာရှိသူဖြစ်ပြီး သင့်ကိုလည်း အရမ်းချစ်တဲ့သူတစ်ယောက် ဖြစ်ပါတယ်။


မင်းကို အောင်မြင်စေချင်တယ်


သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ ချစ်သူအတွက် ကိုယ်ဟာ အကျိုးပြုတဲ့သူတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် ကိုယ်ဟာ သူတို့ကို အားပေးတယ်၊ အောင်မြင်စေချင်တယ်ဆိုတာကို သိအောင် လုပ်ပေးဖို့၊ပြောပေးဖို့ လိုပါတယ်။ လူတိုင်းရဲ့ စိတ်ထဲမှာ ကောင်းမွန်တဲ့အရာတွေအတွက်၊ အောင်မြင်ခြင်းတွေအတွက် အခန်းလွတ်တွေ အများကြီး ရှိပါတယ်။ ကိုယ်ချစ်တဲ့သူတွေကို တန်ဖိုးထားကြောင်းပြဖို့ သူတို့ကို အားပေးခြင်းကလည်း ထိရောက်တဲ့နည်းလမ်းတစ်ခုပါပဲ။ သင့်ကို တကယ်တန်ဖိုးထားတဲ့သူ၊ တကယ်ပျော်ရွှင်စေချင်တဲ့သူကသာ “ငါနင့်ကို အောင်မြင်စေချင်တယ်” လို့ ပြောမှာပါ။


ခွင့်လွှတ်တယ်


လူတွေ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ အရေးကြီးဆုံး အရာတစ်ခုက ခွင့်လွှတ်ခြင်းပါပဲ။ လူသားဆန်ခြင်းရဲ့ အဓိကကျောရိုးပေါ့။ ခွင့်လွှတ်ခြင်းက အတားအဆီးအားလုံးကို ဖြတ်ကျော်နိုင်ပြီး ကမ္ဘာကြီးကို ငြိမ်းချမ်းစေနိုင်ပါတယ်။ ခွင့်လွှတ်ခြင်းလောက် ကြီးမားတဲ့ မေတ္တာဆိုတာ မရှိတော့ပါဘူး။ သင်ဘယ်လောက် အမှားတွေလုပ်လုပ် သင့်ချစ်သူဟာ သင့်ကိုအမြဲခွင့်လွှတ်တတ်သူဆိုရင် ဘယ်တော့မှ လက်မလွှတ်မိပါစေနဲ့။


ချစ်ရတဲ့ချစ်သူတွေကြားပဲ ဖြစ်ဖြစ်၊ မိသားစု၊ သူငယ်ချင်းအချင်းချင်းပဲ ဖြစ်ဖြစ် ဒီလိုစကားတွေ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ပြောကြမယ်ဆိုရင် ခင်မင်ရင်းနှီးမှုက ပိုမို ခိုင်မာလာမှာပါ။ ဒီစကားလုံးတွေဟာ ချစ်တယ်ဆိုတဲ့စကားထက် စွမ်းအားကြီးပါတယ်။ ရန်သူကိုတောင် မိတ်ဆွေဖြစ်စေနိုင်လောက်တဲ့ စကားတွေဆိုလည်း မမှားပါဘူး။


Ref; www.apost.com

By Paulina


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။