သြဂုတ်လမှာ မွေးဖွားတဲ့ ကောင်လေးတွေရဲ့ ထူးခြားချက်များ

သြဂုတ်လမှာ မွေးဖွားတဲ့ ကောင်လေးတွေက အခြားသူတွေနဲ့မတူ ကွဲပြားပြီး စိတ်ဝင်စားဖို့လည်း ကောင်းပါတယ်။ တမင်ထူးခြားအောင်လုပ်ထားတာမဟုတ်ဘဲ သူ့အလိုလို ထူးခြားနေတာပါ။ ဒါကြောင့်လည်း လူတွေရဲ့ စိတ်ဝင်စားခြင်းကို တော်တော်ခံရတဲ့သူတွေပါ။ သူတို့ရဲ့ ထူးခြားချက်တွေထဲက လူသတိအထားမိဆုံး အရာကို ပြောပါဆိုရင် ကိုယ်နှုတ်အမူအရာ ဖြောင့်မတ်ခြင်း ပါပဲ။ သူတို့ကို ထူးခြားစေတဲ့ အခြားအချက်တွေကတော့ -


၁) လျှို့ဝှက်တယ်


တစ်ယောက်တည်းလည်း ဘဝကို နေပျော်အောင် နေတတ်သူတွေ ဖြစ်ပါတယ်။ သူတို့အကြောင်းကို ထုတ်ပြောလေ့ မရှိတဲ့အပြင် ဆုံးဖြတ်ချက်တွေကိုလည်း တစ်ယောက်တည်းပဲ ချလေ့ရှိပါတယ်။ အခြားသူတွေရဲ့ အကြံဉာဏ်တွေကိုတော့ နားထောင်မယ်၊ ဒါပေမဲ့ လူတိုင်းက ကိုယ့်ဆုံးဖြတ်ချက်ကို ကိုယ့်သဘောအတိုင်း ချနိုင်တယ်လို့ ခံယူထားသူတွေပါ။ ဒါကြောင့်လည်း တစ်ကိုယ်တည်း ဖြစ်နေတတ်တာပေါ့။


၂) ငါပြောသားပဲ


သူတို့ရဲ့ လက်စွဲဆောင်ပုဒ်က “ငါပြောသားပဲ” ဆိုတဲ့ စကားမျိုးပါ။ အသိဉာဏ် ကြွယ်ဝပြီး နှံ့နှံ့စပ်စပ် ရှိတာကြောင့် သူများလိုအပ်ချိန်တိုင်း အကြံဉာဏ်တွေပေးတတ်ပါတယ်။ သူတို့ပြောတာမှန်တယ်၊ သူတို့မှန်းဆတဲ့အတိုင်း ဖြစ်လာတယ်ဆိုတာကိုလည်း သက်သေပြချင်သူတွေပေါ့။ သူတို့နဲ့သွားငြင်းရင် ရံှုးမှာ သေချာပါတယ်။ သူတို့မှန်နေရင် ပိုဆိုးပါတယ်။


၃) မျက်နှာချင်းဆိုင် မပြောဘူး

5 Trendy Medium Length Hairstyles for 2015

သြဂုတ်လမှာ မွေးဖွားတဲ့ ကောင်လေးတွေဟာ ခံစားချက်တွေကို မျက်နှာချင်းဆိုင် ထိုင်ပြောရတာထက် စာပို့တာ၊ ဖုန်းနဲ့ပြောတာမျိုးပဲ ပိုလုပ်တတ်ကြတယ်။ ဒါကြောင့်လည်း သြဂုတ်လမှာ မွေးတဲ့ ကောင်လေးတွေဟာ စာရေးဆရာတွေ ဖြစ်တတ်ကြတယ်။


၄) အပေါင်းအသင်းနည်းတယ်

Me and friends at sleep over and being busted

နံပါတ် (၁) မှာပြောခဲ့သလို သူတို့ဟာ လျှို့ဝှက်သူတွေ ဖြစ်တဲ့အတွက်ကြောင့် အပေါင်းအသင်းလည်း သိပ်မထားတတ်ဘူး။ သူတို့ကို အတွင်းသိ အဆင်းသိဖြစ်ဖို့ဆိုတာ မလွယ်တဲ့အတွက် ခင်မင်ရင်းနှီးသူ ရှားတယ်။ သူတို့ကလည်း သူငယ်ချင်းကို ရွေးပေါင်းတတ်သူတွေ။ တကယ်ပေါင်းတဲ့သူဆိုရင်လည်း တစ်သက်လုံးအတွက် သူငယ်ချင်းကောင်းတွေလို ပေါင်းတတ်ကြတယ်။


၅) ကပ်စေးနဲတယ်

Jughead imagines - Lancier. - Wattpad

သူတို့ဟာ ပိုက်ဆံဖြုန်းတီးတာကို အရမ်းမုန်းတယ်။ ကိုယ့်ကိုယ်ကိုယ် လေးစားပြီး စိတ်ထိန်းနိုင်တဲ့သူတွေ ဖြစ်တာကြောင့် အခြားသူတွေဆီက ဘယ်တော့မှ ပိုက်ဆံကိစ္စနဲ့ အကူအညီတောင်းလေ့ မရှိပါဘူး။ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးတဲ့သူတွေဖြစ်တာကြောင့် ပိုက်ဆံထိန်းသိမ်းတာလည်း တော်ကြပါတယ်။


၆) ပြီးပြည့်စုံချင်တယ်


သူတို့အခန်းထဲမှာ သူတို့ထားတဲ့အတိုင်း ပစ္စည်းသေးသေးလေးတွေ နေရာရွေ့နေရင်ကို စိတ်မချမ်းမသာ ဖြစ်တတ်ကြတယ်။ ပတ်ဝန်းကျင်မှာ အချိုးမကျမနဖြစ်နေတဲ့အရာတွေဆိုရင်လည်း သူတို့က အရင်သတိထားမိတတ်ကြတယ်။ တစ်ခုခုကို သူတို့စိတ်တိုင်းမကျဘူးဆိုရင် ဒေါသက ထွက်တတ်သေးတယ်။ သန့်ရှင်းသပ်ရပ်မှုနဲ့ ပတ်သက်လာရင်လည်း သူတို့ကို သွားပြီး ဈေးစစ်လို့မရဘူး။ ညစ်ပတ်တဲ့သူတွေဆို သူတို့အရမ်းစိတ်ဆိုးတတ်ကြတယ်။


၇) ဘာကိုမှ သိပ်စိတ်မဝင်စားဘူး

На данном изображении может находиться: 1 человек, стоит, цветок, дерево, на улице и природа

သူတို့စိတ်ကို တစိုက်မတ်မတ် ဖမ်းစားနိုင်တဲ့အရာက မရှိသလောက် ရှားပါတယ်။ နာမည်တွေကိုလည်း မမှတ်မိသလို သူတို့စိတ်မဝင်စားတဲ့အရာတွေကိုလည်း အလွယ်တကူ မေ့သွားတတ်တယ်။ တစ်ခုခုကို စိတ်ဝင်တစားဖြစ်နေတာမျိုး မရှိပေမယ့် တကယ်စိတ်ဝင်စားပြီဆိုရင်လည်း တစ်သက်လုံး မမေ့တော့ဘူး။


၈) ခံစားချက်ကို မဖော်ပြတတ်ဘူး

Paper x Neiman Marcus Spring 2019 Fashion Shoot | The Fashionisto

ခံစားချက်တွေကို သူများတွေသိအောင် လိုက်ပြောပြရင်ဖွင့်နေတာမျိုးက August Born ကောင်လေးတွေရဲ့ Type မဟုတ်ပါဘူး။ သူတို့က စိတ်ထဲပဲ ကျိတ်ခံစားတတ်တဲ့ သူမျိုးတွေပါ။


၉) ဒေါသထွက်လွယ်တယ်

Imgur Post - Imgur

စိတ်ထဲကျိတ်ခံစားတတ်သူတွေ ဖြစ်တာကြောင့် ပေါက်ကွဲထွက်လာရင်လည်း အရမ်းကြောက်ဖို့ ကောင်းပါတယ်။ စိတ်တိုလာပြီဆိုရင် သူတို့စိတ်ခံစားချက်ကိုပဲ သိပြီး သူဘာတွေ လုပ်မိလဲဆိုတာတောင် မသိတော့တဲ့ သူမျိုးတွေပါ။ ဒေါသထွက်ခဲပေမယ့် ဒေါသကြီးသူတွေပါ။ ဒါကြောင့် သူတို့ဒေါသကို သွားမဆွမိပါစေနဲ့။


နောက်ဆုံးအနေနဲ့ကတော့ သြဂုတ်လမှာ မွေးဖွားတဲ့ ကောင်လေးတွေဟာ စိတ်ထိခိုက်လွယ်ပါတယ်။ စိတ်လဲ သိပ်မရှည်တတ်ပါဘူး။ စိတ်မတည်ငြိမ်ဘဲ ငြီးငွေ့လွယ်ပါတယ်။ ဒါပေမဲ့ ရိုးသားဖြောင့်မတ်ပြီး စိတ်ကောင်းစေတနာရှိတဲ့ ခေါင်းဆောင်ကောင်းတွေဟာလည်း August Born တွေပါပဲ။


Ref; www.justwebworld.com, zodiacthing.com

By Paulina


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။