ဉာဏ်ရည်မြင့်ပြီး ကိုယ့်တန်ဖိုးကိုယ်သိတဲ့မိန်းကလေးတွေဆိုတာ အချစ်ကိစ္စမှာ ဒီလိုပါ

အချစ်ရေးတစ်ခုမှာ စိတ်ထားမှန်မှန်၊ အမူအကျင့်မှန်မှန်နဲ့ ဆက်ဆံတတ်ခြင်းကလည်း အရည်အချင်းတစ်မျိုးပါပဲ။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထားတတ်သူတွေဟာ အချစ်ကိစ္စမှာ အမှားအယွင်းတွေ ပိုလုပ်တတ်ကြပါတယ်။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထားတာကလည်း ဦးနှောက်သိပ်မသုံးတဲ့သူတွေဘဲ လုပ်တတ်တဲ့ အမူအကျင့်ပါ။ ဉာဏ်ရည်မြင့်တဲ့ မိန်းကလေးတွေကတော့ အချစ်ရေးတစ်ခုကို ဒီလို နည်းလမ်းတွေနဲ့ပဲ ကိုင်တွယ်ပါတယ်။


၁) သူတို့ကိုယ်သူတို့ချစ်ဖို့ကောင်းတယ်လို့ယုံကြည်တယ်

Save = follow  #not_save_free #Lam

ကိုယ့်တန်ဖိုးကိုယ်သိတဲ့သူတွေက ကိုယ်ဟာ အချစ်ခံထိုက်တယ်လို့ ခံယူထားသူတွေပါ။ “ငါ့ကိုချစ်လား” ဆိုပြီး လိုက်မေးမနေပါဘူး။ “ငါဟာ နင့်ရဲ့အချစ်နဲ့ ထိုက်တန်တယ်၊ ဒါကြောင့် နင်ငါ့ကို ချစ်မယ်ဆိုတာ ယုံကြည်တယ်” ဆိုပြီး တွေးတတ်တဲ့သူတွေပေါ့။ ကိုယ်ဟာ တော်တယ်၊ အရည်အချင်းရှိတယ်ဆိုတာ ယုံကြည်တဲ့သူတွေ ဖြစ်ပါတယ်။ ကိုယ့်ဘဝအတွက် တကယ်မှန်ကန်တဲ့ ယောက်ျားကတော့ ဒါတွေကို မြင်နိုင်မယ်လို့ ယုံကြည်ထားသူတွေပါ။


၂) အကန့်တွေခွဲထားတယ်

Soak up the vitamin D. Bring your books and pens and lawn chairs to all the local parks - or perhaps, your own backyard!

ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားသူတွေဟာ ကိုယ့်ကို ကောင်းကောင်းဆက်ဆံတဲ့သူနဲ့သာ အတူရှိသင့်တယ်လို့ ခံယူထားသူတွေပါ။ ကောင်းမွန်တဲ့ အချစ်ရေးတစ်ခုဖြစ်ဖို့ အပျော်နဲ့အပျက်ကို ခွဲခြားထားဖို့လိုတယ်ဆိုတာ ကောင်းကောင်း နားလည်ထားသူတွေပါ။ ဒါကြောင့် ကိုယ့်ရဲ့တွဲဖက်ကိုလည်း ချသင့်တဲ့စည်းဘောင်တွေ ကန့်သတ်ထားပြီး ကျော်လာရင်လည်း ငြင်းပယ်ဖို့ နောက်မတွန့်တတ်ကြပါဘူး။ ဘယ်တော့မှ အားနာလို့ဆိုပြီး လိုက်လျောမယ့်အထဲမှာ ဒီလိုမိန်းကလေးတွေ မပါပါဘူး။


၃) အရေးမပါတာတွေကို မနှိုင်းယှဉ်ဘူး

Nữ tính và lôi cuốn với phụ kiện trang sức bạc - Ảnh 10.

ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပြီး တန်ဖိုးထားတဲ့ မိန်းကလေးတွေဟာ ကိုယ့်ကိုယ်ကိုယ်ရော၊ ကိုယ့်ရဲ့ကောင်လေးကိုရော၊ ကိုယ့်ရဲ့အချစ်ရေးကိုရော အခြားသူတွေနဲ့ မနှိုင်းယှဉ်ပါဘူး။ ကိုယ့်ဘဝကိုယ်ပဲ စိတ်ဝင်စား အာရုံထားပြီး အခြားသူအကြောင်းတွေးပြီး စိတ်ညစ်နေတတ်သူတွေ မဟုတ်ပါဘူး။


၄) မကောင်းတဲ့အချစ်ရေးကို စွန့်ပစ်ခဲ့ဖို့ ဝန်မလေးဘူး

- ̗̀ @fabxiety  ̖́ -

ဉာဏ်ရည်မြင့်တဲ့ မိန်းကလေးတွေဟာ ကိုယ့်ကို တန်ဖိုးထားမခံရဘူး၊ အရေးပေးမခံရဘူး၊ အချစ်မခံရဘူးလို့ထင်တဲ့ အချစ်ရေးတစ်ခုမှာ ပေကပ်ပြီး ဆက်နေလေ့ မရှိပါဘူး။ ဒါ့အပြင် ဖြစ်ခဲ့သမျှ ကိစ္စတိုင်းအတွက်လည်း တစ်ဖက်သားကို အပြစ်ပုံမချတတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူပြီးတော့ ရှေ့ဆက်သင့်ရင် ရှေ့ဆက်ပြီး လွှတ်ချသင့်ရင် လွှတ်ချတတ်သူတွေပေါ့။


၅) နှလုံးသားနဲ့ ဦးနှောက်ကို မျှတစွာသုံးတယ်


ဉာဏ်ရည်မြင့်တဲ့ မိန်းကလေးတွေဟာ လက်တွဲဖော်ကို ရွေးချယ်တဲ့အခါ နှလုံးသားနဲ့ဦးနှောက်ကို ညီညွတ်စွာ သုံးလေ့ရှိပါတယ်။ ဒီလိုပဲ လက်တွဲဖော်ကိုလည်း ဦးနှောက်နဲ့ နှလုံးသား မျှတစွာ သုံးတတ်တဲ့သူကိုပဲ ရွေးချယ်လေ့ ရှိပါတယ်။


မိန်းကလေးတွေဟာ အချစ်ကိစ္စမှာ နှလုံးသားကို ဦးစားပေးလွန်းကြပါတယ်။ ဒါဟာ တကယ်မကောင်းပါဘူး။ သင်ညံ့ရင် သင်ခံရမှာပါ။ အရာရာကို နှလုံးသားနဲ့ သွားခံစားနေရင် သင်ပဲ ကျရံှူးမှာပါ။ ဒါကြောင့် ဒီအားနည်းချက်ကို ပြုပြင်ဖို့လိုပါတယ်။ မိန်းကလေးတွေအနေနဲ့ အချစ်ကိစ္စမှာ ဉာဏ်သုံးတတ်ဖို့၊ ကိုယ့်တန်ဖိုးကိုယ်နားလည်ဖို့ လိုပါတယ်။ အချစ်ကိစ္စမှာ မျက်ကန်းတစ်ယောက်လို ဖြစ်တယ်ဆိုတာ သီချင်းထဲမှာပဲ နားထောင်လို့ကောင်းတာပါ။ လက်တွေ့ဘဝမှာတော့ အချစ်ရေးဆိုတာ ဉာဏ်ကောင်းကောင်း သုံးတတ်ကာမှ တော်ကာ ကျပါတယ်။


Ref; www.pulse.ng

By Paulina


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။