စပျစ်သီးကနေ ကုသပေးနိုင်တဲ့ ရောဂါတွေ

စပျစ်သီးမှာ ရေဓာတ်က ၇၀ မှ ၈၀ ရာခိုင်နှုန်း၊ သကြားဓာတ် ၁၅ မှ ၃၀ ရာခိုင်နှုန်းအထိ ပါဝင်ပါတယ်။ သူ့မှာ ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရှိပါတာကြောင့် ဒီတစ်ခါမှာတော့ စပျစ်သီးစားပေးခြင်းဖြင့် ပျောက်ကင်းနိုင်တဲ့ ရောဂါတွေကို ဖော်ပြပေးလိုက်ရပါတယ်. . .။


၁။ ပန်းနာ ရင်ကြပ် သက်သာစေခြင်း

ပန်းနာရင်ကြပ်နဲ့ လည်ချောင်းတစ်လျှောက် ရောဂါများကို ပျောက်ကင်းစေပါတယ်။ အထူးသဖြင့် စပျစ်သီးခြောက် စားသုံးခြင်းက ပန်းနာကို ပိုပျောက်ကင်းဖို့ ထိရောက်ပါတယ်။


၂။ ဝမ်းချုပ်ရောဂါ ပျောက်ကင်းစေခြင်း

စပျစ်သီးမှာ Cellulose, organic acid နဲ့ သကြားတို့ ပါဝင်ပြီး ယင်းဓာတ်များက ဝမ်းနှုတ်ဆေး သဖွယ် လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့် စပျစ်သီး စားရင် ဝမ်းပျော့ပြီး ဘယ်လိုကြောင့်ပဲ ဝမ်းချုပ်၊ဝမ်းချုပ် ဝမ်း ပုံမှန် သွားစေပါတယ်။


၃။ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာကို ကုသနိုင်ခြင်း

ခေါင်းတစ်ခြမ်းကိုက်တတ်တဲ့ သူများအနေနဲ့ မနက်တိုင်း စပျစ်သီး ဖျော်ရည် မှီဝဲဖို့ တိုက်တွန်းထားပါတယ်။ သို့ပေမယ့် ရေနည်းနည်းနဲ့ ဖျော်တဲ့ စပျစ်သီး ဖျော်ရည် ဖြစ်ရမှာ ဖြစ်ပြီး ဦးနှောက်ကို လန်းဆန်းစေပါတယ်။ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာကို စပျစ်သီး ဖျော်ရည် သောက်သုံးခြင်းဖြင့် ပျောက်ကင်း စေပါတယ်။


၄။ နှလုံးနှင့် ဆက်စပ်ရောဂါကို ကာကွယ်ခြင်း

နှလုံးနဲ့ ဆက်စပ်ရောဂါအားလုံးကို တားဆီး ကာကွယ်ပေးပါတယ်။ သွေးထဲကို နိုက်ထရစ်အက်ဆစ်ဓာတ်တိုးစေတာကြေင့် သွေးလည်ပတ်မှု အားကောင်းပြီး သွေးခဲမှု မဖြစ်အောင် တားဆီး ကာကွယ် ပေးပါတယ်။ သဘာဝ antioxidant လည်း ဖြစ်တဲ့အတွက် LDL ကိုလက်စထရော level ကိုလျော့ချပေးပါတယ်။ ဒါကြောင့် သွေးလမ်းကြောင်း ပိတ်ခြင်းကို လုံးဝ မဖြစ်စေပါဘူး။ နှလုံးရောဂါ ရှိသူများအနေနဲ့လည်း စပစ်သီး ပုံမှန် မှီဝဲ စားသုံးခြင်းဖြင့် ဝေဒနာကို သက်သာစေပါတယ်။


၅။ အစာမကြေ ဝေဒနာ ပျောက်ကင်းစေခြင်း

အစာမကြေ၊ ရင်ပြည့်၊ ရင်ကယ် ရောဂါ ဝေဒနာ မှန်သမျှကို ပျောက်ကင်းစေ ပါတယ်။ ဒါကြောင့် အစာစားပြီးတဲ့အခါ မှီဝဲ စားသုံးသင့်တဲ့ အသီး တစ်မျိုးလည်း ဖြစ်ပါတယ်။


အထက်ဖော်ပြပါ ရောဂါ ဝေဒနာများကို သက်သာ၊ပျောက်ကင်း၊ ကုသပေးတဲ့အပြင် စပျစ်သီးမှာ အခြားသော ကျန်းမာရေး အကျိုးကျေးဇူး များစွာ ရှိနေသေးကြောင်း သိရပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။