မိန်းမပျိုလေးတွေရဲ့ ဆံကေသာကို (၁) ပတ်အတွင်း မြန်မြန်ရှည်စေမယ့် နည်းလမ်းလေးများ


ယနေ့ခေတ်မှာ မိန်းကလေးတွေအတွက် အသစ်အဆန်းတွေ၊ အသုံးအဆောင်တွေ၊ မိတ်ကပ်တွေ၊ ဆံပင်ပုံစံတွေက အရမ်း အရမ်းကို Hot ပြီး ခေတ်စားလာတယ်ဆိုတာ အားလုံးလည်း သိကြမှာပါ။ ဒါပေမဲ့ မိန်းကလေးတစ်ယောက်အတွက် နန်းဆန်ဖို့ဆိုတာ ဆံပင်ရှည်လေးနဲ့ပဲ လိုက်ဖက်ပါတယ်။ ဆံပင်ဆိုတာဟာ မိန်းကလေးတွေအတွက်တော့ အရေးပါတဲ့ အလှအပဆိုင်ရာ အစိတ်အပိုင်းတစ်ခုဆိုရင်လည်း မမှားပါဘူး။ ယောကျ်ားလေး အများစုက သာမာန်ထက် ဆံပင်ရှည်ရှည်နဲ့ ကောင်မလေးဆို သမင်လည်ပြန်တောင်မကဘူး ခြင်္သေ့လည်ပြန်တွေပါ လှည့်ကြည့်တတ်ကြပါတယ်။ ဆံပင်အတိုကြိုက်တဲ့သူရှိသလို၊ ဆံပင်ရှည်လေးနဲ့ မြန်မာဆန်ဆန် လှပနေရတာကို သဘောကျတဲ့သူများလဲ ရှိပါတယ်။ အကြောင်းကြောင်းကြောင့် ဆံပင်ညှပ်လို့ တိုသွားတာပဲ ဖြစ်ဖြစ်၊ ဖွားသီလရှင်ဝတ်လို့ ကတုံးဆံပင် ပုံစံဖြစ်နေတာပဲဖြစ်ဖြစ်၊ ဆံပင်ကျွတ်တာပဲဖြစ်ဖြစ် ဘာလိုဖြစ်ဖြစ် မိမိရဲ့ ဆံကေသာကို လွယ်လွယ်ကူကူနဲ့ မြန်မြန်ရှည်အောင် လုပ်လို့ရတယ်ဆိုတာကို အမျိုးသမီးငယ်လေးတွေအတွက် သတင်းကောင်းပေးလိုက်ပါတယ်။ 


(၁)။ ဆံပင်အဖျားမှာ ဆံပင်(၂)ခွဖြစ်နေတာတွေကို ညှပ်ပေးပါ။

(၂)။  (၁) ပါတ်မှာ (၄)ခေါက်လောက် ခေါင်းစည်းပေးပါ (သို့) ကျစ်ဆံမြီးကျစ်ပေးပါ။ (ဆံပင်အရောင်အမြဲ ဆေးဆိုးသူ၊ အရောင်ချွတ်ထားသူများ အချိန်တိုင်း ဆံပင်စည်းခြင်း၊ ကျစ်ဆံမြီးကျစ်ခြင်းများကို ရှောင်ကြည်ပါ။


(၃) သံလွင်ဆီလိမ်းပေးခြင်း၊ ပေါင်းတင်ခြင်းများ လုပ်ပေးပါ။

(၄) ခေါင်းလျှော်တဲ့အခါမှာ Conditioner အသုံးပြုပေးပါ။

(၅) ခေါင်းလျှော်ပြီးတိုင်း အနည်းဆုံး ရေအေးနှင့် (၃)ခေါက် (၄)ခေါက် ထပ်လောင်းပေးပါ။




(၆) ခေါင်းလျှော်ပြီးတိုင်း Dryer အသုံးပြုခြင်း၊ အပူစက်များ အသုံးပြုခြင်း၊ ဆံပင်ဖြောင့်စက်/ကောက်စက်များကို အသုံးပြုချင်းများကို တက်နိုင်သလောက် ရှောင်ကျဉ်ပါ။

(၇) လေးလံ ထူကဲသော ဘဘက်များ၊ ကြမ်းသောချည်သားများနဲ့ လုပ်ထားသော သဘက်များနှင့် ဆံပင်ကို မသုတ်ပါနဲ့၊ ပါးလွှာသော၊ ရေစုပ်လွယ်သော သဘက်များကို ရွေးချယ်အသုံးပြုကြပါ။


နောက်တစ်နည်းအနေနဲ့  အရင်ဆုံး သံပရာသီး (၂)လုံး (သို့) (၃)လုံးကို သန့်ရှင်းသော ခွက်ထဲသို့ အရည်ညစ်ထည့်ပါ။ အဲ့ဒီခွက်ထဲကိုပဲ ကြည်ဥအနှစ်နဲ့ သံလွင်ဆီထည့်ပါ။ အဲ့နောက် အားလုံးကို ရောပြီး သမအောင်မွှေပေးပါ။ ပြီးရင်တော့ ဆံပင်ကိုလိမ်းပေးပါ။ လိမ်းနေချိန်မှာလည်း လက်ချောင်းထိပ်လေးတွေနဲ့ ဦးရေပြားကို (၁၅)မိနစ်လောက် နှိပ်နယ်ပေးပါ။ နောက်ဆုံးမှာ ဆံပင်ကို ခေါင်းစွပ်တဲ့  ခေါင်းစွပ်လေးနဲ့ နာရီဝက်လောက်ကြာအောင် အုပ်ထားပေးလိုက်ပါ။ ဒီနည်းကို တစ်ကြိမ်လောက် ပြုလုပ်ပေးရုံနဲ့ သိသာလာစေမှာဖြစ်ပြီး တစ်ပတ်မှာ တစ်ကြိမ်လောက် ပုံမှန်ပြုလုပ်ပေးခြင်းအားဖြင့် ဆံပင်အရှည်မြန်လာစေမှာပါ။ ကဲ ဘယ်လိုလဲ လွယ်တယ်မလား … သင့်အနေနဲ့ ခေါင်းလျှော်မယ့်နေ့မှ အပေါ်က နည်းလမ်းလေးကို လုပ်ဆောင်မယ်ဆို ပိုတောင် အဆင်ပြေသေးတာပေါ့နော်။

Source; Lifestyle.com



we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။