Scarlett Witch (ဝင်ဒါ) ဟာ Thanos ကို တစ်ဦးချင်းအနိုင်တိုက်နိုင်ကြောင်း Marvel ထုတ်ဖော်

MCU ရဲ့ စွမ်းအားကြီးလှတဲ့ စူပါဗီလိန်ကြီး Thanos ကို တစ်ယောက်ချင်းအနိုင်တိုက်နိုင်တဲ့ Avenger အဖွဲ့ဝင် ဒါမှမဟုတ် စူပါဟီးရိုး တော်တော်လေးရှားပါးတာကို Marvel ပရိသတ်တိုင်း သိကြမှာပါ။ ဒါပေမဲ့ ရုပ်ရှင် ထုတ်လုပ်သူ Marvel ဥက္ကဌကြီး Kevin Feige က Thanos ကို one by one အနိုင်တိုက်နိုင်တဲ့ အစွမ်းကို ပိုင်ဆိုင်ထားတဲ့ ရှားပါးစူပါဟီးရိုးတွေထဲက တစ်ယောက်ကို ဖော်ထုတ်လိုက်ပါတယ်။ သူကတော့ မှော်ကဝေမလေး Scarlett Witch ခေါ် ဝင်ဒါမက်ဆီမော့ဖ်ပါပဲ။



ComicBook.com နဲ့ အင်တာဗျူးတစ်ခုမှာ Feige က စကားလက်ဝှစ်ချ်နဲ့ သူမရဲ့စွမ်းအင်တွေအကြောင်း ပြောရာမှာ အဲဒီအကြောင်းကိုပါ ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။ Avengers: Endgame ရုပ်ရှင်ထဲမှာ Infinity Stone တွေ ပိုင်ဆိုင်မထားသေးတဲ့ Thanos ကို ဝင်ဒါဟာ သူမတစ်ယောက်တည်းနဲ့ အနိုင်တိုက်နိုင်တဲ့ စွမ်းရည် မျိုး ရှိတယ်လို့ ဆိုပါတယ်။




Avengers: Infinity War တုန်းက စကားလက်ဝှစ်ချ် ခေါ် ဝင်ဒါဟာ သူမချစ်သူ Vision ဆီက Soul Stone ကို ထုတ်ယူနေဆဲမှာ တစ်ဖက်ကနေ Infinity Stone ငါးခု ပိုင်ဆိုင်ထားတဲ့ Thanos ကိုလည်း အချိန်အတိုင်းအတာ တစ်ခုအထိ တားဆီးနိုင်ခဲ့ကြတာကို တွေ့မြင်ခဲ့ကြရပါတယ်။ Endgame မှာလည်း သူမနဲ့ Thanos တို့ တစ်ဦး ချင်း ယှဉ်တိုက်ရာမှာ Thanos လက်နက်ကို လွင့်သွားစေပြီး Thanos ကိုလည်း ပြာယာခတ်သွားလောက် အောင် ကြမ်းပြခဲ့ပါတယ်။ Thanos ကိုယ်တိုင် သူပါလာတဲ့ ယာဉ်တွေဆီကနေ Particle Cannon တွေပစ်ချဖို့ ကပြာကယာ အမိန့်ပေးရတဲ့အထိပါပဲ။



အဲဒါကြောင့် Feige ကလည်း Thanos သာ သူ့တပ်တွေရဲ့စစ်ကူမယူခ့ဲဘူးဆိုရင် ဝင်ဒါက သူ့ကို အနိုင်တိုက်နိုင် လိမ့်မယ်လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။ Marvel Comics ရဲ့ ဟီးရိုးတွေထဲက တစ်ယောက်ဖြစ်တဲ့ မှော်ကဝေမလေး စကားလက်ဝှစ်ချ် (ဝင်ဒါ) ဇာတ်ကောင်ရဲ့ လက်ရှိသရုပ်ဆောင်ကတော့ ဟောလိဝုဒ်မင်းသမီးချောလေး Elizabeth Olsen ဖြစ်ပါတယ်။



အော်လ်ဆန်ဟာ ၂၀၁၄ ခုနှစ်ရဲ့ Captain America: The Winter Soldier မှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပြီး ၂၀၁၅ ခုနှစ်ရဲ့ Avengers: Age of Ultron ကစလို့ စကားလက်ဝှစ်ချ် (ဝင်ဒါ) အဖြစ် အစဉ်တစိုက် ပါဝင်လာခဲ့တာ ၂၀၁၉ ခုနှစ်ရဲ့ Avengers: Endgame အထိ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်ကျရင်လည်း Marvel ရဲ့ မှော်ဂုရုကြီးတစ်ယောက်ဖြစ်တဲ့ Dr. Strange ဇာတ်ကောင်နဲ့ Scarlett Witch တို့ ပူးပေါင်းပြီး Doctor Strange in the Multiverse of Madness ဇာတ်လမ်း ထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။ အဲဒီဇာတ်လမ်းဟာ Marvel ရဲ့ နောက်လာမယ့် timeline အသစ်မှာ အရေးအပါဆုံးဇာတ်လမ်းဖြစ်လိမ့်မယ်လို့လည်း သတင်းတွေ ထွက်ရှိနေပါတယ်။



ဒါ့ပြင် အဲဒီ ၂၀၂၁ ခုနှစ်မှာပဲ Scarlett Witch ရဲ့ solo အဖြစ် WandaVision ဆိုတဲ့ တီဗီဇာတ်လမ်းတွဲ ထွက်ရှိ လာမှာ ဖြစ်ပါတယ်။ အဲဒီဇာတ်လမ်းတွဲမှာလည်း ဝင်ဒါအဖြစ် မင်းသမီးချောအော်လ်ဆန်ကပဲ ဆက်လက်ပါဝင် သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

Related image


by Cherry Mon

Ref; Epic Stream, Comic Book, Wikipedia


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။