ထိုင်းမလေးတွေ ပြင်ဆင်ပေးတဲ့ စားသောက်ပွဲကြီးကြောင့် ပျော်ရွှင်နေတဲ့ ပိုင်တံခွန်

နှုတ်ခမ်းနီမလေးများရဲ့ အသည်းကျော်လို့တောင် သတ်မှတ်ခြင်း ခံထားရတဲ့ ပိုင်တံခွန်ဟာ ကိုရီးယားမင်းသားလေးတွေလို သွယ်လှပြီး ချောမောတဲ့ ရုပ်ရည်ရှိတဲ့အပြင် ဆွဲဆောင်မှုရှိတဲ့ အပြုံးတွေကြောင့် တနေ့ထက် တနေ့ Fan တွေ ပေါများလာပါတယ်။ မော်ဒယ်လောကမှတဆင့် တက်လာတဲ့ ပိုင်တံခွန်ဟာ ပြည်တွင်း ပြည်ပ အားပေးထောက်ခံတဲ့ အနုပညာရှင်အဖြစ် နာမည်ရရှိလာပြီး သူ့ကို ချစ်ခင်နှစ်သက်တဲ့ မိန်းမပျိုလေးတွေလည်း များစွာရှိလာပါတယ်။


လက်ရှိမှာတော့ ပိုင်တံခွန်ဟာ သြဂုတ်လ (၃)ရက်နေ့တည်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ရောက်ရှိနေပြီး သူ့ရဲ့ ပထမဦးဆုံး Fan Meeting ပွဲကို ထိုင်းပရိသတ်တွေနဲ့ တရင်းတနှီးတွေ့ဆုံကာ သာယာပျော်ရွှင်စွာ ဖြတ်သန်းခဲ့ပါတယ်။ ထိုင်းနိုင်ငံ ရောက်တုန်းရောက်ခိုက် ဧည့်ဝတ်ကျေခြင်တဲ့ ပရိသတ်များစွာဟာ ပိုင်တံခွန်ကို လိုလေသေးမရှိအောင် ပြုစုစောင့်ရှောက်ကြပြီး နေ့လည်စာ တစ်နပ်ကိုတောင် များစွာသော ဟင်းပွဲတွေနဲ့ ဧည့်ခံခဲ့ကြပါတယ်။


ပွင့်ပွင့်လင်းလင်း နေထိုင်တတ်သူဖြစ်တဲ့အပြင် ပရိသတ်တွေကိုလည်း အမြဲဖော်ဖော်ရွေရွေ ဆက်ဆံတတ်တဲ့ ပိုင်တံခွန်ကို ဟိတ်ဟန်မရှိတဲ့ အနုပညာရှင်တစ်ယောက်လို့ဆိုရင်လည်း မမှားနိုင်ပါဘူး။ အခုဆိုရင် ပိုင်တံခွန်ဟာ မော်ဒယ်အလုပ်တွေအပြင် သရုပ်ဆောင်မှုအပိုင်းကိုပါ လေ့လာသင်ယူနေပြီး ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်ရိုက်ကူးလာပါတယ်။ 


Source; Sai Han Leng Tai FB

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။