ကျောက်ဖရုံသီးနဲ့ သင့်ကျောက်ကပ်ကို ဆေးကြောပေးပါ

ကျောက်ကပ်ဟာ အရေးကြီးတဲ့ကလီစာတစ်ခုဖြစ်ပါတယ်။နေ့စဉ်နေ့တိုင်း စားသောက်နေတဲ့ အစာတွေထဲက အဆိပ်အတောက်တွေကို သန့်စင်ဖယ်ရှားပေးနေရတဲ့ အင်္ဂါတစ်ခုဖြစ်ပါတယ်။ဒါကြောင့် အလုပ်တော်တော်များများလုပ်ရပါတယ်။

အခုခေတ်မှာလူအများစုဟာရေသောက်တာအရမ်းနည်းလွန်းကြတယ်။ရေဆာသလိုရှိတော့မှသာရေနဲနဲလောက်သောက်ကြလေ့ရှိပါတယ်။တစ်ချို့လူတွေဆိုရင်ရေမသောက်ဘဲလက်ဖက်ရည်၊ကော်ဖီလောက်ပဲ သောက်ကြပါတယ်။အချိုရည်၊အအေးပုလင်းတွေ သောက်ကြသူတွေလည်းများပါတယ်။


အဲဒီ့အပြင်ယနေ့ခေတ်မှာစားရသောက်ရတာတွေကလည်းဓာတုဆေးကြွင်းတွေအများကြီးပါနေတဲ့အစားအသောက်တွေပဲဖြစ်နေပါတယ်။စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းတွေဟာစီးပွားဖြစ်အထွက်တိုးဖို့ဓာတုဆေးတွေကိုအလွန်အကျွံသုံးစွဲကြတော့လူတွေရဲ့ကိုယ်ထဲကိုနည်းအမျိုးမျိုးနဲ့ရောက်လာပါတယ်။

စားရတာတွေကအဆိပ်တွေ၊ရေသောက်တာကလည်းသိပ်နည်းကြတယ်ဆိုတော့ကျောက်ကပ်ကအလွန်ပျစ်ချွဲနေတဲ့အဆိပ်အတောက်တွေကိုနေ့စဉ်ဆေးကြောပေးနေရပါတယ်။ကျောက်ကပ်ဆိုတာကသံမဏိနဲ့တည်ဆောက်ထားတာမဟုတ်ပါဘူး၊အသွေးအသားတွေနဲ့တည်ဆောက်ထားတာပါ။

နေ့စဉ်နေ့တိုင်းအဆိပ်ပြင်းတွေကိုဆေးကြောပေးနေရတဲ့ကျောက်ကပ်ဟာကြာလာတော့ဂျီးညှော်တွေကပ်ညိလာပါတယ်။အဲဒီကနေကျောက်တွေဖြစ်လာပါတယ်။ကျောက်တည်တဲ့အခြေနေမျိုးကိုရောက်လာပါတယ်။နောက်ဆုံးမှာကျောက်ကပ်ကအလုပ်မလုပ်နိုင်တော့ပဲပျက်စီးသွားတဲ့အထိဖြစ်သွားတတ်ပါတယ်။


အဲဒီလိုအခြေအနေမျိုးအထိမဖြစ်ရအောင်ကျောက်ကပ်ကိုမကြာခဏဆေးကြောပေးဖို့လိုပါတယ်။ရိုးရိုးလေးပါပဲ၊မခက်ပါဘူး၊ကျောက်ဖယုံသီးကိုပဲအသုံးပြုပြီး ကျောက်ကပ်ကိုဆေးမှာဖြစ်ပါတယ်။ဈေးကနေကြက်လည်ချောင်းရိုးအနည်းငယ်ဝယ်လာပြီးပြုတ်ပါ။အရသာထည့်ပါ။ကျောက်ဖယုံသီး၂စိပ်လောက်ကိုတုံးပြီးထည့်ပါ။ကျက်ပြီဆိုရင်တရုတ်နံနံကိုထည့်ခတ်လိုက်ပါ။ငရုတ်ကောင်းနဲနဲရိုက်ထည့်ပါ။ပန်းကန်ထဲထည့်ပြီးရင်သံပရာသီးတစ်လုံးညှစ်ထည့်ပြီးသောက်ပါ။တစ်ပန်းကန်လုံးကုန်အောင်သောက်ပစ်လိုက်ပါ။ဒါပါပဲ။

အဲဒီ့ကျောက်ဖယုံသီးဟင်းချိုကို မကြာခဏသောက်ပေးခြင်းအားဖြင့် ကျောက်ကပ်ကကျောက်တွေသာမက ခန္ဓာကိုယ်ထဲမှာအောင်းနေတဲ့ ကျောက်တွေလည်း ရှင်းလင်းသွားပါလိမ့်မယ်။ဝမ်းဗိုက်မှာ ပိုနေတဲ့အဆီတွေလည်း ကျသွားပါလိမ့်မယ်။ဒါဟာရှေးကတည်းက အရှေ့တိုင်းသားတို့သုံးခဲ့တဲ့အစာလည်းဆေး၊ဆေးလည်းအစာဖြစ်တဲ့နည်းကောင်းလေးတစ်ခုဖြစ်ပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။