
မနက်အိပ်ယာနိုးချိန်မှာ သင့်မျက်နှာကို ဖောသွပ်နေစေမယ့် အစားအစာ (၆) မျိုး
ကြုံဖူးကြမှာပါ။ မနက်အိပ်ယာနိုးတဲ့အချိန်မှာ မျက်နှာကြီးက ပုံမှန်ထက်ပိုပြီး ဖောင်းကားနေတာမျိုး။ အဲလိုဖြစ်ရခြင်းရဲ့ အဓိက တရားခံကတော့ ညဘက်သင်စားလိုက်တဲ့ အစားအစာတွေကြောင့်ပါပဲ။ အထူးသဖြင့် ညအိပ်ရာဝင်ခါနီးအချိန်နဲ့ ကပ်ပြီးစားရင် ပိုဖြစ်တတ်ပါတယ်။
၁) အသင့်စားအစားအစာ
အသင့်စား အစားအစာ တော်တော်များများက ဆားဓာတ်များပါတယ်။ အဲဒီဆားဓာတ်တွေက ခန္ဓာကိုယ်ရဲ့ ရေဓာတ်တွေကို စုတ်ယူလိုက်တာကြောင့် အသားအရေ ဖောင်းကားခြင်းတွေ ဖြစ်လာတာပါ။
၂) တာရှည်ခံအစားအစာ
အသင့်စားအစားအစာတွေလိုပဲ ဝက်အူချောင်း၊ ကြက်အူချောင်း၊ ငါးခြောက် တွေမှာ ဆားဓာတ်အပြင် ခန္ဓာကိုယ်ကို ပျက်စီးစေတဲ့ အခြားသော မကောင်းတဲ့ဓာတုပစ္စည်းတွေ ပါဝင်ပါတယ်။ အဲဒီအစားအစာတွေကလည်း အသားအရေ ရောင်ရမ်းဖောင်းကားမှုကို ဖြစ်စေပါတယ်။ အဲဒီအစား လတ်ဆတ်တဲ့ အသားငါးတွေကို စားပေးပါ။
၃) အသီးအရွက်
ဂေါ်ဖီထုပ်၊ မုန်လာဥဖြူ၊ ပန်းပွင့်စိမ်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ စတာတွေက နေ့လည်စာအဖြစ် စားရင်တော့ ကျန်းမာရေးအတွက် တော်တော်လေး ကောင်းပါတယ်။ အဲဒီအစားအစာတွေက ဖောယောင်စေတဲ့ အငွေ့တွေ ထုတ်ပေးနိုင်တာကြောင့် ညအိပ်ခါနီးတော့ မစားသင့်ပါဘူး။
၄) ဆားရည်စိမ်/ယို
သနပ်အချဉ်၊ ဆားရည်စိမ်နဲ့ ယိုတွေမှာ သကြားနဲ့ဆားဓာတ်များစွာ ပါဝင်နေပါတယ်။ ဒါကြောင့် အသားအရေကို ရေဓာတ်ခမ်းခြောက်စေပြီး ဖောယောင်စေပါတယ်။ လတ်ဆတ်တဲ့ အသီးအနှံတွေကိုသာ စားပေးသင့်ပါတယ်။
၅) အရက်
အရက်သောက်ပြီးရင် ရေမကြာခဏ ဆာတာကို သောက်ဖူးသူတိုင်း ခံစားဖူးမှာပါ။ အရက်က ခန္ဓာကိုယ်ကို ရေဓာတ်ခမ်းခြောက်စေရုံသာမက အဆိပ်အတောက်လည်း ဖြစ်စေပါတယ်။ ညဘက် အရက်သောက်ပြီး မနက်အိပ်ယာထတဲ့အချိန်မှာ သင့်မျက်နှာ ဖောသွပ်နေမှာ အသေအချာပါပဲ။
၆) အချို
အချိုဓာတ်က ဝိတ်တက်စေရုံသာမက မျက်နှာကိုလည်း ဖောယောင်စေပါတယ်။ အချိုမစားရလို့ စပျစ်သီးခြောက်တို့၊ စွံပလွံသီးခြောက်တို့လိုမျိုး အချိုတွေ စားမယ်ဆိုရင်တော့ ရပါတယ်။ ဒါပေမဲ့ အဲဒီ အသီးခြောက်တွေကလည်း သကြားဓာတ်များစွာပါတာကြောင့် အများကြီးစားဖို့ မသင့်ပါဘူး။
အခု ဘာကြောင့် မနက်ခင်းမှာ မျက်နှာဖောသွပ်နေရလဲဆိုတာ သိပြီနော်။ မနက်ခင်းမှာ လှပတဲ့ မျက်နှာလေးရဖို့ အစားအသောက် ဆင်ခြင်ဖို့လည်း လိုသလို၊ ညဘက် မျက်နှာသေချာ သန့်စင်ပေးဖို့လည်း လိုတယ်ဆိုတာ မမေ့နဲ့နော်။
Ref; www.topbuzz.com
By Paulina