ကြက်ဟင်းခါးသီး ဋီကာ

ကြက်ဟင်းခါးသီးဟာ ဟင်းသီးဟင်းရွက်တွေထဲမှာ ကျန်းမာရေးကို ထိထိရောက်ရောက် အကျိုးပြုတဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးပါ။

ကြက်ဟင်းခါးသီးဟာ အာရှနိုင်ငံတွေ အတော်များများမှာ အင်မတန်ရေပန်းစားသလို ကြိုက်လည်း ကြိုက်နှစ်သက်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြက်ဟင်းခါးသီးပင်နဲ့ ကြက်ဟင်းခါးသီးဟာ ဆေးဘက်ဝင်တယ်ဆိုတာကို လူအတော်များများ သိထားကြလို့ပါ။ ကြက်ဟင်းခါးသီးနှင့်ကြက်ဟင်းခါးပင်ကို စားသုံးချင်းဖြင့် ဆီးချိုရောဂါသမားများအတွက် အချိုဓာတ်ကိုလျော့ကျစေပါတယ်။

ရှေးခတ်အခါက ကြက်ဟင်းခါးသီးကို ရိုးရာဆေးဖော်စပ်ပြီး ဆီးချိုရောဂါသည်တွေကို ကုသခဲ့သလို အခုအခါမှာလဲ စီးပွားဖြစ်အနေနဲ့ ကြက်ဟင်းခါးသီး၊ ကြက်ဟင်းခါးပင်တွေကနေ.. ကြက်ဟင်းခါးလက်ဖက်ရည်ကြမ်း၊ ဖျော်ရည်၊ အနှစ် နဲ့ ဆေးလုံးများ ထုတ်ဖော်ရောင်းချနေကြပါပြီ..။


ကြက်ဟင်းခါးသီး နှင့် ကြက်ဟင်းခါးပင်က ကျန်းမာရေးအတွက် ကောင်းမွန်ပြီး အထောက်အကူပြုလို့ ဆေးကုမ္ပဏီအတော်များများက ကြက်ဟင်းခါးသီး နှင့် ကြက်ဟင်းခါးပင်ကို သူတို့ ဖော်စပ်တဲ့ ဆေးတွေထဲမှာ ပါဝင်ကြောင်းကိုတော့ ဆေးညွန်းတွေထဲမှာ ထည့်သွင်းခြင်းမရှိကြသေးပါဘူး..တဲ့။

ဒါပေမယ့် မကြာသေးခင်က ကမ္ဘာ့ဆေးပညာ ရှာဖွေရေး အဖွဲ့ အာရုံစိုက်လေ့လာဖြစ်တာကတော့ ကြက်ဟင်းခါးသီး နှင့် ကြက်ဟင်းခါးပင်ကနေမှရရှိတဲ့ ဆီးချိုသမားများအတွက်ကောင်းကျိုးရလဒ်တွေပါ။

သူတို့ရဲ့ရည်ရွယ်ချက်ကတော့ ကြက်ဟင်းခါးသီး နှင့် ကြက်ဟင်းခါးပင်မှ ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေကို ဘယ်လောက်စားသုံးချင်းဖြင့် ဘယ်လို အကျိုးအာနိသင်များ ရရှိနိုင်တယ်ဆိုတာပါ။ အခုဆိုရင် နိုင်ငံအတော်များများကလည်း လက်ခံလာကြပါပြီ.. တဲ့။


ကြက်ဟင်းခါးသီး နှင့် ကြက်ဟင်းခါးပင်အဟာရ အရသာကြောင့်ပဲဖြစ်စေ ကျန်းမာရေး ရှုဒေါင့်အမျိုးမျိုးကနေ ကြက်ဟင်းခါးသီး နှင့် ကြက်ဟင်းခါးပင်ဟာ အလွန်ပင်ကောင်းမွန်လို့ နိုင်ငံ အတော်များများက လူများ ကြိုက်နှစ်သက် ပြီး စားသုံးချက်ပြုတ်လာကြပါတယ်။

ကျန်းမာရေးအတွက် အထူးပင်ကောင်းမွန်ပြီး အထောက်အကူဖြစ်တဲ့ ကြက်ဟင်းခါးသီး နှင့် ကြက်ဟင်းခါးပင်ကို အာရှနိုင်ငံ တောင်ပိုင်းဘက် နှင့် အိန္ဒိယ မြောက်ပိုင်း ဒေသတွေမှာ အများဆုံးစိုက်ပျိုးကြပါတယ်။ အိန္ဒိယလူမျိုးတွေကတော့ ကြက်ဟင်းခါးသီး အမျိုးမျိုး လုပ်စားကြပါတယ်။ ကြက်ဟင်းခါးသီး အချိုပွဲတောင် ရှိပါသတဲ့.. ။

Pakistan နှင့်Bangladesh နိုင်ငံတွေမှာလဲ ကြက်ဟင်းခါးသီးကို သူတို့ ရိုးရာ အရသာနှင့် ချက်ပြုတ်ထားတဲ့..ဟင်းလျာများတွေကိုလဲ လူကြိုက်များကြပြီး နိုင်ငံခြားသားတွေလဲ ကြိုက်နှစ်သက်ကြပါသတဲ့ .. ။


ဂျပန်နိုင်ငံက Okinawa ကျွန်းမှာဆို သူတို့ရဲ့ Okinawan cuisine ဆိုပြီး ကြက်ဟင်းခါးသီး နဲ့ကြော်ထားသော ဟင်းပွဲရှိပါတယ်။ ဈေးလဲကြီးသလို စားလို့လဲ ကောင်းပြီး အထူးအစမ်းလေးများ မြည်းစမ်းကြည့်ချင်သူများအတွက် မြည်းသင့်သော အကြော်ပါ။

ကြက်ဟင်းခါးသီး မှာ အစိမ်းရောင်ဖျော့ပြီး အဖုအထစ်လေးတွေက ကြဲပါတယ်။ 20cm အရှည်တစ်မျိုး နှင့် အစိမ်း ရောင်ရင့် ပြီး အဖုအထစ်လေးတွေက စိတ်ပြီး 10cm အရှည် ဆိုပြီးနှစ်မျိုး ရှိပါတယ်။နှစ်မျိုးလုံးမှာ အဖြူရောင်အစေ့ပါရှိပြီး ကြက်ဟင်းခါးသီးမှည်သွားလျှင် အစေ့များ အနီရောင် ပြောင်းသွားတတ်ပါတယ်။ ကြက်ဟင်းခါးသီး အမှည်လွန်ပြီး ..လိမ္မော်-နီ အရောင်မျိုး ဖြစ်သွားလျှင်ပိုခါးပါတယ်။


ကြက်ဟင်းခါးပင်က ပူပြီး အစိုဓာတ်ရှိ သော ရာသီဥတု ဒေသမှာရှင်သန်ပေါက်ပွားပါတယ်။

ကြက်ဟင်းခါးပင်ကို အာရှနိုင်ငံနှင့် တောင်အမေရိက နိုင်ငံတွေမှာ အများဆုံးတွေ ရှိရပါတယ်။ အနောက်တိုင်းနိုင်ငံက လူမျိုးတွေကတော့ ကြက်ဟင်းခါးသီးကို သိပ်မသိကြသလို ..အရသာကလဲ သူတို့အတွက် အဆန်းအပြားဖြစ်နေကြပါသတဲ့ .. ။

ကျန်းမာရေးအတွက်..အခါးကြိုက်သူတစ်ချို့ကတော့ အနည်းငယ်စားသုံးကြပါတယ်။

ကြက်ဟင်းခါးသီးမှာ ကယ်လိုရီပါဝင်တာနည်းပါးပြီး တန်ဖိုးရှိပြီး လူကိုအထောက်အကူပြုစေတဲ့ အာဟာရဓာတ်များလည်းပါဝင်ပါတယ်။


ကြက်ဟင်းခါးသီးမှာ ..ဗီတာမင် B1, B2, နှင့် B3, C, magnesium, 

folate, zinc သံဓာတ် နှင့် အမျှင်ဓာတ်များလည်း ပါဝင်ပါတယ်။

တစ်ခြား အသီးအနှံ ဟင်းသီးဟင်းရွက်တွေထက် ထုံးဓာတ်၊ ပိုတက်ဆီယံဓာတ် နှစ်ဆ ပိုများပါတယ်။သွေးရောဂါရှိသူတွေဟာ ကြက်ဟင်းခါးသီး ဖျော်ရည်သောက်သုံးခြင်းဖြင့် သွေးဆူခြင်း နှင့် သွေးရောခြင်း တို့ကိုကာကွယ် ကုသပေးနိုင်ပါတယ်။


ဆီးချိုရောဂါ ဖြစ်တော့မယ့် လက္ခဏာ ရှိသူတွေ လက်ရှိမှာ ဆီးချိုရောဂါရှိသူတွေ အတွက်ကတော့ ကြက်ဟင်းခါးသီး အရည်ဟာ အင်မတန်ကိုမှ ဆေးဖက်ဝင်ပါတယ်..။သောက်သုံးခြင်းဖြင့်..သွေးထဲမှာရှိသော အချိုဓာတ်ကို ထိန်းချုပ်ပေးစေပါတယ်။

ကိုယ်ခံစွမ်းအားများ တက်ကြွစေရန် နှင့် သက်လုံ ကောင်းအောင် ကြက်ဟင်းခါးသီး အရည်ကို သောက်သုံးခြင်းဖြင့်လဲ ရရှိစေနိုင်ပါတယ်။ အိပ်စက်အနားယူခြင်းလဲ အချိန်မှန်ဖြစ်လာပါလိမ့်မယ်။ မျက်လုံးကြည့်ရတာမကောင်းလျင် ကြက်ဟင်းခါးသီးကို ပုံမှန်စားသုံးချင်းဖြင့်လဲ မျက်လုံးအားများ ပြန်လည်ကောင်းမွန်နိုင်ပါတယ်။အဆစ်အမျက်ရောင်ခြင်း ၊ ဂေါက်ရောဂါသမားများအတွက်လဲ ကြက်ဟင်းခါးသီး ဖျော်ရည်သောက်သုံးခြင်းဖြင့် အသဲကို ဆေးကြောပေးပါတယ်။

သွေးထဲမှာရှိသော အဆိပ်အတောက်များကိုလဲ ဖယ်ရှားပေးသလို ဂေါက်ရောဂါ ကြောင့်နာကျင်ခြင်းကိုလဲ ကာကွယ်ပေးပါတယ်။အရက်အမူးလွန်လျှင် ကြက်ဟင်းခါးသီးအရည်ကို သောက်ခြင်းဖြင့် အရက်ကြောင့်ဖြစ်စေသော အဆိပ်တောက်နှင့် မူးခြင်းကို ပြေစေပါတယ်။ ကြက်ဟင်းခါးသီး အရည်ကိုသောက်သုံးခြင်းဖြင့် ကိုယ်ခံအားကိုကောင်းစေပါတယ်။


ပန်းနာ၊ ချောင်းဆိုးရင်ကျပ်နာ နှင့် လည်ချောင်းရောင်နာခြင်းများဖြစ်လျှင် ကြက်ဟင်းခါးသီးအရေ၊ ပျားရည်နှင့် ရေရောပြီး သောက်ပေးလျှင်လည်း သက်သာပျောက်ကင်းသွားပါလိမ့်မယ်။

ကြက်ဟင်းခါးသီးကို ဝယ်မယ်ဆိုလျှင် မာပြီး စိမ်းတာလေး ကိုဝယ်ပါ။ 

အရမ်းမညှစ်ပါနဲ့ ပိုခါးသွားတတ်ပါတယ်။ အအေးမျှတသော ရေခဲသေတ္တာထဲမှာထားလျှင်  ၃-၄ ရက်လောက်အထိခံပါတယ်။

ကြက်ဟင်းခါးသီးကို စားသုံးမယ်ဆိုလျင် ရေအေးနဲ့ပဲဆေးကြောသင့်ပါတယ်။ ခါးတာသိပ်မကြိုက်လျှင် တော့ မချက်ခင် ကြက်ဟင်းခါးသီးလှီးပြီးတာနဲ့ ဆားရည်နဲ့ စိမ်ထားပါ။

ကြက်ဟင်းခါးသီး မှာကောင်းကျိုးလေးတွေ ရှိသလို လိုတာထက် အများကြီးစားသုံးပါက ဗိုက်နာခြင်း ဝမ်းသွားခြင်းများ ဖြစ်တတ်ပါတယ်။

နောက်ထပ်လဲ ကြက်ဟင်းခါးသီးရဲ့ အကျိုးအာနိသင်တွေ အများကြီး ရှိပါသေးတယ်။ 


အခုလောက်ဆိုရင်တော့ ကြက်ဟင်းခါးသီးရဲ့ကောင်းကျိုးရလဒ်လေးတွေနဲ့ ကြက်ဟင်းခါးသီး အကြောင်းအတော်အသင့် သိရှိသွားကြပါပြီလို့ထင်ပါတယ်။

ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ကြက်ဟင်းခါးသီးကို အမျိုးစုံချက်စားရင်း ရွှင်လန်း ချမ်းမြေ့ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သရင်း ကြက်ဟင်းခါးသီးဋီကာကို နိဂုံးချုပ်လိုက်ရပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။