စိတ်ကူးနဲ့လက်တွေ့တခြားစီဖြစ်ခဲ့တဲ့ ဓားပြတွေရဲ့ ရယ်စရာ အဖြစ်အပျက်များ

လူအချို့ထင်ကြတာက သမာအာဇီဝကျတဲ့အလုပ်တွေက မကောင်းမှုတွေလုပ်ရထက် ပိုခက်တယ်ပေါ့။ တကယ်တော့ ဘယ်ဟုတ်ပါ့မလဲနော်။ မကောင်းမှုဆိုတာလည်း တော်ရုံစိတ်ဓာတ်ညံ့ဖျင်းရုံနဲ့ လုပ်လို့မရသလို၊ လက်ရဲဇက်ရဲနဲ့ ဖြတ်ထိုးဉာဏ်ကလည်း ကောင်းရအုံးမယ်မဟုတ်လား။ ဒါ့အပြင် ဖြစ်လာတဲ့ အကျိုးဆက်အတွက် ခံယူရဲတဲ့ သတ္တိကလည်း ရှိဖို့လိုသေးတယ်လေ။ မကောင်းတာ လုပ်တာက လွယ်ပါတယ်ကွာဆိုပြီး မလေ့လာဘဲလျှောက်လုပ်ရင်တော့ အခုလိုရယ်ရခက် ငိုရခက်တဲ့ အဖြစ်တွေ ကြုံကြရမှာပါ။

Image result for robbing

ဓားပြအများစု ပစ်မှတ်ထားတာကတော့ တန်ဖိုးကြီးပစ္စည်းတွေချည်း တန်းစီနေတဲ့ လက်ဝတ်ရတနာ ဆိုင်တွေပဲပေါ့။ ဟိုဟာပြ ဒီဟာပြဆိုပြီး ပြခိုင်းပြီး အလွယ်တကူ လက်ထဲကိုင်ပြေးလို့လည်း ရတာကိုး။ ဒီဓားပြကလည်း အဲလို ရည်ရွယ်ခဲ့ပုံပါပဲ။ ဒါပေမဲ့ ကံမကောင်းစွာပဲ သူ့အစီအစဉ်က အထမမြောက်ခဲ့ပါဘူး။ ဘာလို့လဲဆိုတာ ဗီဒီယိုကိုပဲ ကြည့်လိုက်တော့နော်။


နောက်တစ်ယောက်ကတော့ convenience store ကို ဓားပြတိုက်တာပါ။ ကုန်စုံဆိုင်တွေမှာ ဒီလိုကိစ္စမျိုး မကြာခဏ ဖြစ်တတ်ကြပါတယ်။ ဆိုင်စောင့်တဲ့သူကလည်း များသောအားဖြင့် တစ်ယောက်တည်းပဲ ရှိတာလေ။ ဓားပြတိုက်ခံရဲပြီ၊ လက်နက်ပြခြိမ်းခြောက်ခံရပြီဆိုရင်လညး ဆိုင်ရှင် (သို့) ဝန်ထမ်းက ကြောက်လန့်ပြီး တောင်းတာ ပေးလိုက်ကြရတာများပါတယ်။ အခုလည်း ဈေးဝယ်သူက မီးခြစ်ဝယ်ပြီး ပိုက်ဆံမရှိတော့လို့ဆိုပြီး ဓားတစ်ချောင်းထုတ်ပြီး ခြိမ်းခြောက်ဖို့ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဆိုင်ရှင်က သူ့ထက်ကြီးတဲ့ဓားထုတ်ပြီး ပြန်ခြိမ်းခြောက်လို့ ဓားပြလည်း ပြေးရပါတော့တယ်။


လမ်းမှာ ဓားပြတိုက်မယ်၊ လုယက်မယ်ဆိုရင် မိန်းကလေးတွေကို ပစ်မှတ်ထားလေ့ ရှိပါတယ်။ ခွန်အားလည်းနည်းပြီး တုံ့ပြန်နိုင်စွမ်းလည်း သိပ်မရှိကြတာကြောင့် မိန်းကလေးတွေဟာ ဓားပြတွေရဲ့ သားကောင်ပါပဲ။ ဒါပေမဲ့ ဒီဓားပြကတော့ မှန်းချက်နဲ့ တက်တက်စင်အောင် လွဲခဲ့ပါတယ်။ အသက် ၂၂ သာ ရှိသေးပေမယ့် Jiu-Jitsu ဆိုတဲ့ ကိုယ်ခံပညာကို ကျွမ်းကျွမ်းကျင်ကျင်တတ်ထားတဲ့ ကောင်မလေးကို သွားပြီး ဓားပြတိုက်မိပါတယ်။ ဓားပြမှာ လက်နက်ကိုင်ဆောင်ထားတဲ့ပုံလည်း မပေါ်တာနဲ့ ကောင်မလေးက စတင်တိုက်ခိုက်ပါတော့တယ်။ ကောင်မလေးရဲ့တိုက်ကွက်တွေကြားမှာ ဓားပြခမျာ အလူးအလဲ ခံလိုက်ရတာပါ။ ဒါတောင် ကောင်မလေးက ခါးပတ်အဖြူအဆင့်ပဲ ရှိသေးတယ်လို့ ဆိုပါတယ်။



ဒီအဖြစ်အပျက်တွေကို ကြည့်ခြင်းအားဖြင့် မကျွမ်းကျင်ဘဲ၊ ဦးနှောက်မသုံးဘဲ ဓားပြတိုက်လို့ မရဘူးဆိုတာ မြင်တွေ့ကြရမှာပါ။ တိုက်ခံရသူတွေဘက်ကလည်း သူတို့လိုမျိုး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားရပါမယ်။ အရာရာကို ကြောက်နေလို့မရပါဘူး။ လက်နက်ဆောင်သင့်ရင် ဆောင်ထားရမယ်။ မိန်းကလေးများလည်း အနည်းဆုံး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ကိုယ်ခံပညာတစ်ခုခုတော့ ခုခေတ်မှာ တက်ကိုတက်ထားသင့်ပါတယ်။


Ref; www.worldofbuzz.com

By Paulina


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။