တစ်ယောက်နဲ့တစ်ယောက် တကယ်ချစ်တဲ့ အတွဲတွေမှာသာ တွေ့ရတဲ့ အပြုအမူများ

အချစ်ရေးတစ်ခု အမြဲတမ်း အဆင်ပြေ ပျော်ရွှင်နေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ တကယ်ချစ်တဲ့သူတွေကတော့ အဲဒီအချစ်ရေးကို ခိုင်မာအောင်၊ ပျော်စရာကောင်းအောင် နည်းလမ်းမျိုးစုံသုံးပြီး ဖန်တီးကြမှာပါပဲ။ အချစ်ရေးကို ပျော်စရာကောင်းအောင် တည်ဆောက်ထားနိုင်ပြီး တကယ်ချစ်တဲ့ စုံတွဲတွေဆိုတာ ဒီလိုပါ။ 


၁) ဝါသနာတစ်ခုခုကို အတူတကွ ပြုလုပ်ကြတယ်

12 Things Happy Couples Do, and If You Can Name at Least 3, You’re on the Right Path

အတွဲတွေမှာ ဝါသနာတူတာ မရှိသလို၊ လုံးဝ မတူတာမျိုးလည်း ရှိနိုင်ပါတယ်။ တကယ်ချစ်တဲ့ အတွဲတွေကတော့ ကိုယ့်ချစ်သူ ဝါသနာပါတဲ့အရာ (အနည်းဆုံး တစ်ခု) ကိုတော့ အတူလိုက်လုပ်ပေးလေ့ ရှိကြပါတယ်။ ဥပမာ - ကောင်လေးက ဘောလုံးပွဲကြည့်ရတာကြိုက်တယ်။ ကောင်မလေးက မကြိုက်လည်း အမြဲလိုက်ကြည့်ပေးတာမျိုး။ ကောင်မလေးက shopping ထွက်ရတာကြိုက်တယ်၊ ကောင်လေးက မကြိုက်ပေမယ့် Shopping လိုက်ပတ်ပေးတာမျိုးပေါ့။ အဲလိုမဟုတ်လည်း နှစ်ဦးသားရဲ့ဝါသနာထဲက တူတဲ့တစ်ခုကို အမြဲလိုလို အတူတကွ လုပ်တတ်ကြတယ်။


၂) တစ်ယောက်ရဲ့လွတ်လပ်ခွင့်ကို တစ်ယောက်က လေးစားတယ်

12 Things Happy Couples Do, and If You Can Name at Least 3, You’re on the Right Path

ကိုယ်ချစ်တဲ့သူရဲ့ လွတ်လပ်ခွင့်ကို လေးစားပြီး သူတို့ရဲ့ကိုယ်ပိုင်အချိန်တွေကို မနှောင့်ယှက်ဖို့က အချစ်ရေးတစ်ခုမှာ လွန်စွာ အရေးပါပါတယ်။ သဝန်တိုပြီး အမြဲရန်ဖြစ်နေရမယ်ဆိုရင် ပျော်စရာကောင်းတဲ့ အချစ်ရေးလည်း မဖြစ်နိုင်တော့ပါဘူး။ တကယ်ချစ်တဲ့ အတွဲတွေကတော့ တစ်ယောက်ရဲ့လွတ်လပ်ခွင့်ကို တစ်ယောက်လေးစားပြီးတော့ အတိုင်းအတာတစ်ခုထိ ဝင်စွက်ဖက်လေ့ မရှိပါဘူး။


၃) ခရီးအတူတကွထွက်တယ်

12 Things Happy Couples Do, and If You Can Name at Least 3, You’re on the Right Path

ခရီးထွက်တယ်ဆိုတဲ့ နေရာမှာ နိုင်ငံခြားခရီးတွေကို လေယာဉ်ပျံကြီးနဲ့ သွားရမှ၊ အထင်ကရနေရာတွေကို ဈေးကြီးပေးသွားရမှ ဆိုတာမျိုးမဟုတ်ပါဘူး။ အားလပ်ရက်မလို့ အပမ်းဖြေဖို့သက်သက်၊ အတူအချိန်ကုန်ဆုံးဖို့သက်သက် အနီးနား တောင်တက်တာ၊ ကမ်းခြေသွားတာ မျိုးပါ။ ခရီးအတူတကွ ထွက်တဲ့အခါ နေရာသစ်မှာ အတွေးအမြင်အသစ်တွေရရှိမယ်၊ တစ်ယောက်ကိုတစ်ယောက်လည်း ပိုအားထားတတ်လာမယ်။ ဒါမှလည်း မငြီးငွေ့ဘဲ ပိုပျော်စရာကောင်းတဲ့ အချစ်ရေးတစ်ခု ဖြစ်လာပါမယ်။ 


၄) စိတ်ဆိုးပြီးတော့ အိပ်ယာမဝင်ဘူး

12 Things Happy Couples Do, and If You Can Name at Least 3, You’re on the Right Path

တကယ်ချစ်တဲ့သူတွေဟာ ချစ်သူနဲ့စိတ်ဆိုးပြီး စိတ်အေးလက်အေး အိပ်ယာဝင်နိုင်သူတွေ မဟုတ်ပါဘူး။ ပြေလည်တဲ့အထိ ဖြေရှင်းပြီးမှ အိပ်ပျော်တတ်သူတွေပါ။ ရင့်ကျက်ပြီး တစ်ယောက်ကိုတစ်ယောက် ချစ်တဲ့ အတွဲတွေဟာ ပြဿနာ ဖြစ်လာတဲ့အခါ ရှောင်မနေဘဲ နားလည်မှုရသည်အထိ ဆွေးနွေးလေ့ ရှိကြပါတယ်။


၅) အနည်းဆုံး တစ်နေ့တစ်ခါတော့ ချစ်တယ်လို့ပြောတယ်

12 Things Happy Couples Do, and If You Can Name at Least 3, You’re on the Right Path

အတွဲတစ်တွဲ တည်မြဲချင်ရင် အနည်းဆုံး တစ်နေ့တစ်ခွန်းတော့ ချစ်တယ်လို့ ပြောဖို့လိုပါတယ်။ အပေါ်ယံ ပြောတာမျိုးမဟုတ်ဘဲ စိတ်ပါလက်ပါနဲ့ပြောတာမျိုးပါ။ မပြောလည်း သိမှာပါ ဆိုပြီး ဒီတိုင်းပစ်မထားပါနဲ့။ တကယ်ချစ်တယ်ဆိုရင်တော့ ပါးစပ်က ထုတ်ကို ပြောရပါမယ်။


၆) အမှီအခိုကင်းတယ်

12 Things Happy Couples Do, and If You Can Name at Least 3, You’re on the Right Path

တကယ်ချစ်တဲ့သူတွေက ချစ်သူကို အရမ်းမမှီခိုပါဘူး။ ကိုယ့်ဘဝကိုယ်လည်း အဆင်ပြေအောင် ကိုယ်တိုင် ကြိုးစားသလို၊ ချစ်သူကိုလည်း သူ့ဘဝသူ လွတ်လပ်စွာ ရပ်တည်ခွင့်ပေးထားပါတယ်။ ချစ်သူကို မှီခိုလွန်းတယ်၊ ကပ်တွယ်လွန်းတယ်ဆိုတာ ကောင်းတဲ့အလေ့အကျင့်မဟုတ်ပါဘူး။ ရေရှည်မှာလည်း ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။


၇) ယုံကြည်ပေးတယ်

12 Things Happy Couples Do, and If You Can Name at Least 3, You’re on the Right Path

ခဏခဏပြောဖူးပါတယ်။ ယုံကြည်မှုမရှိတဲ့ အချစ်ရေးက အလကားပါပဲ။ တကယ်ချစ်ရင် ချစ်သူကို ယုံရပါမယ်။ ကိုယ့်ချစ်သူက မယုံရတဲ့သူလို့ ထင်နေရင်လည်း ဆက်မတွဲတာ အကောင်းဆုံးပါပဲ။ မယုံကြည်ရတဲ့သူကို သည်းခံပြီးဆက်တွဲနေရင် နှစ်ဖက်လုံးအတွက် မကောင်းပါဘူး။ သဝန်တိုလွန်းတယ်ဆိုတဲ့ နာမည်ဆိုးသာ ကျန်ခဲ့မှာပါ။ ဒါကြောင့် ယုံကြည်ရလောက်တဲ့သူကိုပဲ ချစ်ပါ။ ချစ်တဲ့သူကိုလည်း ယုံကြည်ပါ။


၈) လက်ဆောင်ပေးတယ်

12 Things Happy Couples Do, and If You Can Name at Least 3, You’re on the Right Path

ဈေးကြီးတာ၊ ဈေးပေါတာ ပဓာန မဟုတ်ဘဲ ကိုယ့်ချစ်သူအတွက် အဓိပ္ပာယ်ရှိမယ့် လက်ဆောင်မျိုးတွေ ပေးတာက စိတ်လှုပ်ရှားစရာလည်းကောင်းပြီး ရိုမန်းတစ်လည်း ဆန်ပါတယ်။ ဘာလေးစားချင်လိုက်တာလို့ ပြောလိုက်တာနဲ့ နောက်နေ့မှာ ချစ်သူစားချင်တာလေး ဝယ်လာပေးတာမျိုးကလည်း ချစ်သူရဲ့ တစ်နေ့တာကို ပျော်ရွှင်ခြင်းတွေ ယူဆောင်လာပေးနိုင်ပါတယ်။ ဒီလိုဂရုစိုက်မှုဆိုတာလည်း တကယ်ချစ်တဲ့သူတွေကသာ လုပ်ပေးနိုင်တာပါ။


ဒီအချက်တွေထဲက အားလုံးမဟုတ်ရင်တောင် တစ်ချက်၊ နှစ်ချက်လောက် တူတယ်ဆိုရင်ပဲ သင်တို့စုံတွဲဟာ တစ်ယောက်ကိုတစ်ယောက် တကယ်ချစ်တဲ့ စုံတွဲလို့ ဆိုနိုင်ပါတယ်နော်။


Ref; Brightside.me

By Paulina


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။