အမဲသားအာလူးထောင်း (Mashed Potatoes with beef)

ပါဝင်ပစ္စည်းများ

အာလူး (potato) ၃ လုံး

အမဲသား (Beef) ၃၀ ဂရမ်

ပူစီနံ (Mint) ၅ ဂရမ်

ရှမ်းနံနံ (Shan Basil) ၅ ဂရမ်

ပင်စိမ်း (Basil) ၅ ဂရမ်

မန်ကျည်းသီး (tamarind) ၁၀ ဂရမ်

ဖက်ဖယ်ရွက် ၅ ဂရမ်

ကြက်သွန်ဖြူ (Garlic) ၅ မွှာ

မြန်မာနံနံ (Coriander) ၅ ဂရမ်

ထန်းလျက် (Palm Sugar) ၂၀ ဂရမ်

သကြား (Sugar) ၁၀ ဂရမ်

ဆား (Salt) ၅ ဂရမ်

နနွင်းမှုန့် (turmeric) ၅ ဂရမ်

မြေပဲ (Roasted Bean) ၅ ဂရမ်

ငံပြာရည် (Fish Sauce) အနည်းငယ်

ဆီ (Oil) ၂ ဇွန်း

 

ပြုလုပ်ပုံအဆင့်ဆင့်

-ပထမဦးစွာ အမဲသား၊ အာလူးတို့ကိုရေစင်အောင်ဆေးကြောထားပါ။

-အမဲသားကို ပွက်ပွက်ဆူနေသော ရေထဲတွင် ဆား၊ နနွင်းမှုန့်အနည်းငယ်တို့ဖြင့် အသားနူးလာတဲ့အချိန်ထိ ပြုတ်ပေးပါ။

-တဖန် အာလူးကိုလည်း နူးအိ သွားတဲ့ အထိ ပြုတ်ပေးပါ။

-ထိုနောက် ဆီ အနည်းငယ်၊ ကြက်သွန်ဖြူ၊ နနွင်းမှုန့်အနည်းငယ်တို့ကိုထည့်ပြီး ဆီချက် ချက်ရပါမည်။ ထိုအဆင့်တွင် မီးအရမ်းများပါက တူးသွားတက်သည်ကို အထူးသတိထား ရပါမည်။

-နောက်တစ်ဆင့်တွင် ဆော့စ်လုပ်ရန်အတွက် ရေ၊ ထန်းလျက်ခဲ၊ မန်ကျည်းသီး၊ နံနံပင်၊ ရှမ်းနံနံ၊ ပင်စိမ်း၊ ဖက်ဖယ်ရွက် တ့ိုထည့်ပြီး အနည်းငယ်ခမ်းပျစ် သွားတဲ့အထိ မီးအေးအေးဖြင့် တည်ပေးပါ။

-ဆော့စ်၊ ဆီချက်တို့ရပြီဆိုပါက နောက်ဆုံး အမဲသားအာလူးထောင်းလုပ်ရန်အတွက်အဆင့်သင့်ဖြစ်နေပါပြီ။

-အမဲသား၊ အာလူး၊ ဖက်ဖယ်ရွက်၊ မြန်မာနံနံ၊ ရှမ်းနံနံ၊ ပင်စိမ်း၊ ဆား၊ သကြား၊ ကြက်သွန်ဖြူဆီချက်အဖက်တို့ကို ထည့်ပြီး ထောင်းပေးပါ။ 

-နောက်ဆုံးအဆင့်တွင် ပန်းကန်ပေါ်တွင် ထောင်းထားပြီးသား အမဲသားအာလူးထောင်းကို ထည့်ပြီး ချိုချို ချဉ်ချဉ်လေးနဲ့ပြီးပြည့်စုံသော ဆော့စ် လေးနဲ့တွဲဖက်၍ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။