လက်သန်းကြွယ်မှာ လက်စွပ်အကြီးကြီးဝတ်ထားတာကြောင့် ဆလီနာရဲ့မင်္ဂလာသတင်း ကြားရတော့မှာလား

သြဂုတ်လ ၆ ရက်နေ့က မတ်မတ်ဆလီနာဟာ Beverly Hills မှာ တစ်ကိုယ်တော် Shopping ထွက်ခဲ့ပါတယ်။ Beverly Hills ရဲ့ XIV Karats က အပြန်မှာတော့ စွဲမက်လောက်စရာ လက်စွပ်အကြီးကြီးကို သူမရဲ့ လက်သန်းကြွယ်မှာ ဝတ်ပြီး ပြန်ထွက်လာခဲ့ပါတယ်။ 

News to share? Selena Gomez was spotted wearing a very large ring on her engagement finger on Tuesday as she dressed down to head to XIV Karats in Beverly Hills

New bling: The beauty kept her accessories to her new sparkler on her ring finger

သူမရဲ့ ပြီးခဲ့တဲ့ ၂၇ နှစ်ပြည့် မွေးနေ့အတွက် သူမကိုယ်သူမ လက်ဆောင်ပေးတာလား၊ ဒါမှမဟုတ် တစ်စုံတစ်ယောက်က လက်ဆောင်ပေးတာလား ဆိုတာတော့ မသေချာပါဘူး။ သေချာတာတစ်ခုကတော့ သူမကို ကျောက်ကပ်လှူခဲ့တဲ့ သူငယ်ချင်း Francia Raisa မှ ပေးတာတော့ မဟုတ်လောက်ပါဘူး။ အရင်သတင်းတွေမှာ ပြောခဲ့သလို သူမတို့နှစ်ယောက် မခေါ်မပြောတာ ကြာပြီလေ။ 

Comfort first: Selena rocked an oversized cream sweater with a v-neck cut for the casual and solo event

Natural beauty: Selena styled her shoulder-length brunette tresses into a half-up half-down do and appeared to be wearing a minimal amount of makeup

တစ်ယောက်ယောက်ကများ Propose လုပ်တာလားဆိုတော့ သူမဝတ်ထားတာက လုံးဝ ပုံမှန်အဝတ်အစားပါပဲ။ ဘာမိတ်ကပ်မှလည်း မလိမ်းထားပါဘူး။ ပြောရမယ်ဆိုရင် ပုံမှန်ထက်တောင် နည်းနည်း ဖရိုဖရဲ ဖြစ်နေပါသေးတယ်။ အရင်နှစ်က စိတ်ဝေဒနာတွေ အလူးအလဲခံစားခဲ့ရတဲ့ ဆလီနာလေးဟာ အခုမှ ပြန်ပြီး ကိုယ့်ကိုယ်ကိုယ် တည်ဆောက်နိုင်ခါစ ရှိသေးတာပါ။ သူမရဲ့ပြီးခဲ့တဲ့ မွေးနေ့ကို အီတလီမှာ ကျင်းပပြီးနောက်တော့ သူမအလုပ်တွေ ပြန်လုပ်နေပြီလို့ ပြောခဲ့ပါတယ်။

Image result for the weeknd and bella hadid

Image result for the weeknd and bella hadid

တိုက်ဆိုင်တာပဲလားတော့ မသိဘူး။ ဆလီနာရဲ့ ရည်းစားဟောင်း The Weekend ကလည်း လက်ရှိရည်းစား မော်ဒယ် Bella Hadid နဲ့ ရှေ့ရက်ပိုင်းလေးတင်ကပဲ လမ်းခွဲလိုက်ကြပါတယ်။ The Weekend နဲ့ဆလီနာ တွဲခဲ့တုန်းက ဆလီနာအမေက သဘောတူခဲ့ပြီး လက်ထပ်ဖို့ကောလဟာလတွေ ထွက်ခဲ့ပါသေးတယ်။ အခုရော The Weekend နဲ့Bella လမ်းခွဲတာက ဆလီနာနဲ့ ဇာတ်လမ်းပြန်စဖို့လား။ ဆလီနာလက်က လက်စွပ်က The Weekend ပေးတဲ့ စေ့စပ်လက်စွပ်ပဲလား ဆိုတာကို ပရိသတ်တွေက အတော်လေး စိတ်ဝင်စားနေကြပါတယ်။

Related image

Selenator တို့ရော ဘယ်လိုထင်လဲ။ ဆလီနာနဲ့ The Weekend ပြန်လည် ပေါင်းထုတ်တော့မယ်လို့ ထင်လား။ ဘာပဲဖြစ်ဖြစ် The Weekend နဲ့တွဲတုန်းက ဆလီနာက တော်တော်လေး ပျော်ရွှင်ခဲ့ရတယ်ဆိုတာ အားလုံး အသိပဲလေ။ လမ်းခွဲပြီးတာတောင် The weekend နဲ့ပုံတွေကို ဆလီနာက သူမရဲ့ IG ကနေ မဖယ်ပစ်ခဲ့ပါဘူး။ ထွက်နေတဲ့ ကောလဟာလတွေ မှန်မမှန်တော့ အတူစောင့်ကြည့်ကြတာပေါ့နော်။


Ref; dailymail.co.uk, topbuzz.com

By Paulina