သီတင်းကျွတ် ( ၅ ) ရက် နဲ့ တန်ဆောင်တိုင် ( ၃ ) ရက်အဖြစ် ပြင်ဆင်သတ်မှတ်လိုက်ပြီ

၂၀၁၉ ရဲ့ ပိတ်ရက်တော်တော်များများဟာ ဒိုင်စားတဲ့ရက်တွေဖြစ်နေတာကို နှစ်အစမှာကျွန်တော်တို့တွေ့ရတယ်။ သီတင်းကျွတ်ဆို စနေ နဲ့ တနင်္ဂနွေခံနေတာမျိုး၊ တန်ဆောင်တိုင်ဆို တနင်္ဂနွေနေ့ခံနေတာမျိုးပေါ့။

အဲ့ဒီအတွက် ပိတ်ရက်တွေတော့သွားပါပြီ ဆိုပြီးကျွန်တော်တို့တော်တော်လေး စိတ်လေခဲ့ကြသေးတယ်။ ဒါပေမယ့် အဲ့ဒီပိတ်ရက်နဲ့အားလပ်ရက်နဲ့တိုက်နေတဲ့အတွက် ဝန်ထမ်းတွေ ခံစားခွင့်မနစ်နာစေဖို့ သီတင်းကျွတ် ရုံးပိတ်ရက်တွေကို သောကြာနေ့ကနေ အင်္ဂါနေ့အထိ ( သောကြာ၊ အင်္ဂါ ) စုစုပေါင်း ၅ ရက် ပြောင်းလဲပေးခဲ့ပြီး တန်ဆောင်တိုင်ပိတ်ရက်တစ်ရက်ကိုတော့ အင်္ဂါနေ့အထိ ( တနင်္လာ နဲ့ အင်္ဂါ ) စုစုပေါင်း ၃ ရက် ပြောင်းလဲသတ်မှတ်ပေးခဲ့တာဖြစ်တယ်။



အဲ့ဒီတေ့ သီတင်းကျွတ်ပိတ်ရက်တွေက ၁၁ ရက် အောက်တိုဘာ ( သောကြာနေ့ ) ကနေ ၁၅ ရက် အောက်တိုဘာ ( အင်္ဂါနေ့ ) အထိ စုစုပေါင်း ( ၅ ) ရက် နဲ့ တန်ဆောင်တိုင်ပိတ်ရက်တွေက ၁၀ ရက် နိုဝင်ဘာ ( တနင်္ဂနွေနေ့ ) ကနေ ၁၂ ရက် နိုဝင်ဘာ ( အင်္ဂါနေ့ ) အထိ စုစုပေါင်း ( ၃ ) ရက် သတ်မှတ်ပေးလိုက်တာဖြစ်ပါတယ်။

ပျော်ကြရဲ့လား။

Gabriel



we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။