ကမ္ဘာ့သြဇာအကြီးမားဆုံး top 3 smartphone နေရာမှ Apple ဖယ်ရှားခံလိုက်ရ

ကမ္ဘာအနှံ့သို့ Apple မှ တင်ပို့လျက်ရှိသော shipment များဆက်တိုက်လိုလိုငြင်းပယ်ခံနေရပြီး နောက်ဆုံးအကျိုးဆက်အဖြစ် Apple သည် ကမ္ဘာ့သြဇာအကြီးမားဆုံး Top 3 smartphone makers စာရင်းမှ ဖယ်ရှားခံလိုက်ရပြီဖြစ်သည် ဟု businessinsider ထုတ်ပြန်သည်။ ထို့ပြင် Apple ၏ ကမ္ဘာ့ဖုန်းဈေးကွက်ထဲမှ တတိယနေရာမှာလည်း တရုတ်ဖုန်းကုမ္ပဏီ Oppo ထံတွင်ဆုံးရှုံးလိုက်ရပြီဖြစ်သည်။



၂၀၁၉ နှစ်စတွင် Apple ၏ စုစုပေါင်းဖုန်းတင်ပို့မှုမှာ ၃၅.၃ သန်းဖြစ်ပြီး Oppo ၏ တင်ပို့မှုမှာ ၃၆.၂ သန်းတိတိရှိခဲ့သည်။ ထိုပမာဏမှာ Oppo ၏ အင်အား နှင့် ဈေးကွက်သည် နှစ်စဉ်နှင့်အမျှတိုးတက်လာသည်ကို ပြနေခြင်းဖြစ်ပြီး ပြီးခဲ့သော ၂၀၁၈ တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ၁၃ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။



ထိုသို့ဖြစ်ရခြင်းမှာ Apple ဖုန်းများသည် ကောင်းမွန်သလောက် Budget price အခြေအနေတွင်ရှိမနေခြင်း၊ latest model နှင့် flagships များမှာ သာမန်လူတန်းစားနှင့်ဝေးကွာလွန်းနေခြင်း၊ မင်းကြိုက်စိုးကြိုက်ဖြစ်နေသောအနေအထားတစ်ရပ်ဖြစ်နေခြင်းနှင့်အတူ နောက်ဆုံးတစ်ချက်မှာ မော်ဒယ်ဟောင်းများကိုလည်း သာမန်လူတန်းစားဝယ်ယူနိုင်သောဈေးတစ်ရပ်သို့ချပေးရန် လက်တွန့်နေခြင်းများကြောင့်ဖြစ်သည် ဟု businessinsider မှ သုံးသပ်သည်။



ပြီးခဲ့သော မေလမှ ဇူလိုင်လအထိ Apple ရောင်းအားများမှာ 11.8 ရာခိုင်နှုန်းအထိကျဆင်းခဲ့ပြီး လက်ရှိအချိန်တွင် Apple မှာ ကမ္ဘာ့သြဇာအကြီးဆုံးဖုန်းကုမ္ပဏီ ( ၃ ) ခုစာရင်းတွင် ဖယ်ရှားခံလိုက်ရပြီဖြစ်သည်။ ယခုအခါ ကမ္ဘာ့ဈေးကွက်၏ ၂၃% ကို Samsung က ပိုင်ဆိုင်ထားပြီး နံပါတ် ( ၁ ) နေရာမှ ဦးဆောင်လျက်ရှိသည်။ ဒုတိယနေရာမှာ Huawei ဖြစ်ပြီး ကမ္ဘာ့စမတ်ဖုန်းဈေးကွက်၏ ၁၈% ကိုပိုင်ဆိုင်ထားသည်။ Oppo က ကမ္ဘာ့ဖုန်းဈေးကွက်၏ ၁၁% ကိုပိုင်ဆိုင်ထားပြီး တတိယနေရာမှ ဦးဆောင်လျက်ရှိသည်။ Apple ၏ ကမ္ဘာ့ဖုန်းဈေးကွက်ပိုင်ဆိုင်မှုမှာ ၁၁% ဖြစ်သော်လည်း total shipping မှာ ၃၅.၃ သန်းသာရှိသဖြင့် Oppo အောက်ရောက်သွားခဲ့ခြင်းဖြစ်သည်။

Gabriel
Source - businessinsider







we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။