သိန်း (၁၀၀)ကျော် တန်ဖိုးရှိ လက်ဝတ်ရတနာများနဲ့ ဆုတံဆိပ်ပြား ခိုးယူခံလိုက်ရတဲ့ မေသက်ထားဆွေ

ပရိသတ်များကြား မြန်မာသံစဉ်များနဲ့ နာမည်ကျော်ကြားလာတဲ့ အဆိုတော်မလေး မေသက်ထားဆွေဟာ အသက်အရွယ်အားဖြင့် ငယ်ရွယ်တဲ့အပြင် အရွယ်နဲ့မလိုက်အောင် သီချင်းသီဆိုမှုအပိုင်းမှာ ကျွမ်းကျင်တာကြောင့် မြန်မာသံစဉ်နှစ်သက်မြတ်နိုးသူတို့ရဲ့ အသည်းကျော်လေး ဖြစ်လာပါတယ်။ ဒါ့အပြင် သူမဟာ ယခု (၂၀၁၉)ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းကိုလည်း မြန်မာစာ၊ ဇီဝဗေဒ (၂)ဘာသာနဲ့  ထူးချွန်စွာအောင်မြင်ခဲ့သူလေး ဖြစ်ပါတယ်။ 


ယမန်နေ့ သြဂုတ်လ (၁၃)ရက်နေ့မှာတော့ မေသက်ထားဆွေတို့ မိသားစုဟာ မုံရွာမြို့ကို ရောက်ရှိနေပြီး မုံရွာမြို့မှာဘဲ သူမပိုင်ဆိုင်တဲ့ ဂီတသင်္ကေတ ရွှေတံဆိပ်ပြားနဲ့အတူ လက်ဝတ်ရတနာတွေ၊ ဖုန်းတွေ အပါအဝင် ကျပ်သိန်းပေါင်း (၁၀၀)ကျော် သူခိုးခိုးခံလိုက်ရတယ်လို့ သိရပါတယ်။ 


အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး Aungphone Khaing ဆိုတဲ့ လူမှုကွန်ယက်မှာ “ အဆိုတော်သမီးလေး မေသက်ထားဆွေရဲ့ ဂီတသင်္ကေတနဲ့ ရွှေဆု တံဆိပ်ပြားလေး မုံရွာပွဲမှာ ပျောက်ဆုံးသွားပါတယ်။ သူခိုး ခိုးသွားခြင်းပါ။ လက်ဝက်ရတနာတွေ၊ ဖုန်းတွေ အားလုံး စုစုပေါင်း သိန်း (၁၀၀)ကျော် သူခိုး ခိုးသွားပါတယ်။ ဂီတအမှတ်အသား ရွှေဆွဲပြားလေးတွေ့ရင် အကြောင်းကြားပေးကြပါရန် မေတ္တာရပ်ခံပါတယ် ” ဆိုပြီး ရေးသားထားတာကို တွေ့ရပါတယ်။


မေသက်ထားဆွေဟာ ငယ်စဉ်တည်းက မြန်မာသံစဉ်တွေကို နှစ်သက်စွာ နားထောင်ခဲ့သူဖြစ်တဲ့အပြင် အရွယ်နဲ့မလိုက်အောင်လည်း မြန်မာသံစဉ်တွေကို ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်တာကြောင့် ဂီတသင်္ကေတ ရွှေတံဆိပ်ပြားဆုကို ချီးမြှင့်ခံထားရတဲ့သူပါ။ ဒါပေမဲ့လည်း ကိုယ့်ရဲ့ တန်ဖိုးထားရတဲ့ အမှတ်တရဆုတံဆိပ်လေးနဲ့ တန်ဖိုးရှိပစ္စည်းတွေကို ခိုးယူခံလိုက်ရတဲ့အတွက် မေသက်ထားဆွေလေး တစ်ယောက် စိတ်ဆင်းရဲနေရပြီး တကယ်လို့ ပရိသတ်ကြီးကလည်း ဆုတံဆိပ်လေး ပြန်တွေ့ရင် ကာယကံရှင်ထံ ပြန်အပ်ပေးလိုက်ပါနော်။

Source; Aungphone Khaing FB

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။