ရေဘေးအတွက် ကူညီထောက်ပံ့ရေးပစ္စည်းတွေ ပုံနေသော်လည်း စက်လှေမလုံလောက်ဖြစ်နေ

လတ်တလော အခက်အခဲများ ရင်ဆိုင်နေရတဲ့ ရေဘေးသင့်နေရာဒေသများမှ ပြည်သူများကို ပြန်လည်ထူထောင်နိုင်ရေးနဲ့ အစားအသောက်များကို ကူညီနိုင်ရန်အတွက် ပရဟိတအသင်းများနဲ့ စေတနာရှင်ပြည်သူများက ကိုယ်ချင်းစာတရား ရှေ့ထားကာ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်နေကြပါတယ်။ 


အပေးအကမ်း ရက်ရောတဲ့ မြန်မာလူမျိုးတို့ရဲ့ စိတ်နေသဘောထားကြောင့် စားသောက်ဖွယ်ရာများနဲ့ ကူညီရေးပစ္စည်းတွေ အသင့်ရောက်နေပါသော်လည်း စက်လှေလုံလောက်ခြင်းမရှိသောကြောင့် လိုအပ်တဲ့နေရာတွေကို ပို့ဆောင်နိုင်ဖို့ အခက်အခဲများ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။


လက်ရှိအချိန်ထိ ကျိုက်မရောမြို့နယ်မှာ ရေလွှမ်းမိုးခံနေရတဲ့ ရွာပေါင်း (၂၆)ရွာရှိနေပြီး ဒေသအာဏာပိုင် အဖွဲ့အစည်းများနဲ့ ပရဟိတအဖွဲ့အစည်းများမှ ကူညီထောက်ပံ့ရေးပစ္စည်းတွေ ပို့ဆောင်ပေးရန် စက်လှေများ အလုံအလောက်မရှိခြင်းကြောင့် ထောက်ပံရေးပစ္စည်းများ စုပုံထားပြီး စက်လှေစောင့်နေရပါတယ်။


လက်ရှိ ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ပေးနေတဲ့ စက်လှေများမှာ ဝေဠုကျော်ဖောင်ဒေးရှင်း၊ Myanmar Rescure ၊ မီးသတ်ဦးစီးဌာနနဲ့ အာရှအလင်းတန်းတို့မှ စက်လှေများဖြင့်သာ ပို့ဆောင်ပေးနေရတယ်လို့လည်း သိရပါတယ်။ ဒါကြောင့် ကျိုက်မရောမြို့နယ်မှ ရွာများကို ကူညီပေးနိုင်ရန် စက်လှေများ အကူအညီအရေးပေါ်လိုအပ်နေပါတယ်။.

Source; ONE TO ONE ကလေးလူနာကူညီရေး

Phone – 09 765 765 179

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။