ရေဘေးအတွက် အလှူငွေ (၁၅၉) သိန်းကျော် အလှူခံနိုင်ခဲ့တဲ့ ဖြိုးမြတ်အောင်

အောင်မြင်မှုတွေ ချစ်ခင်အားပေးမှုတွေကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် ဖြိုးမြတ်အောင်ဟာ လက်ရှိအချိန်ထိ အနုပညာအလုပ်တွေ ဆက်လက်လုပ်ကိုင်နေပြီး အားပေးဝန်းရံတဲ့ Fan တွေလည်း များစွာရှိတဲ့ အနုပညာရှင်တစ်ဦးပါ။ ဒါ့အပြင် ဖြိုးမြတ်အောင်ဟာ ဘာသာတရားကိုလည်း ကိုင်းရှိုင်းတတ်ပြီး အလုပ်တစ်ခုကို လုပ်ကိုင်ရင်လည်း သေချာစွာ အာရုံစူးစိုက်ပြီး လုပ်ကိုင်လေ့ရှိတာကြောင့်လည်း ပရိတ်တွေက အချစ်ပိုနေကြတာပါ။ 


လက်ရှိမှာတော့ ဖြိုးမြတ်အောင်ဟာ မွန်ပြည်နယ်မှ ရေဘေးသင့်ဒေသသို့ သွားရောက်လှူဒါန်းနိုင်ရန် ပရိသတ်များစွာကို အလှူခံနေပြီး အခုဆို လှူဒါန်းငွေ (၁၅၉) သိန်းကျော် ရရှိနေပြီလို့ သူ့ရဲ့ လူမှုကွန်ယက်ပေါ်မှာ မြင်သာအောင် မျှဝေပေးထားပါတယ်။ “ မွန်ပြည်နယ် ရေဘေးအတွက် အလှူရှင်စာရင်း စုစုပေါင်း – (15,907,500) ကျပ်တိတိ (12.8.2019) ည (၈) နာရီ မှ (13.8.2019) နေ့လည် (၁၂) နာရီ အထိ ရရှိငွေ – (4,788,500) ကျပ် ပထမနေ့ ရရှိငွေ – (1,745,000) ကျပ် ဒုတိယနေ့ ရရှိငွေ – (6,304,500) ကျပ် တတိယနေ့ ရှိငွေ – (3,069,500) ကျပ်” ဆိုပြီး စုစုပေါင်း သိန်း (၁၅၉) သိန်းကျော် ရရှိထားတဲ့အကြောင်း ပွင့်လင်းမြင်သာစွာ လူမှုကွန်ယက်မှာ တင်ထားတာပါ။


လိုအပ်တဲ့နေရာတွေကို ထိထိရောက်ရောက်လှူဒါန်းနိုင်ဖို့ (၃)ရက်အတွင်း အလှူငွေများစွာကို အလှူခံနိုင်ခဲ့တဲ့ ဖြိုးမြတ်အောင်ရဲ့ စွမ်းဆောင်ချက်တွေကတေ့ အံမခန်းပါဘဲ။

Source; Phyo Myat Aung FB

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။