ဇန်ဒေးယားလို ခေတ်နောက်ပြန် ဆံပင်အကောက်မျိုးရအောင် အပူချောင်းတွေမသုံးဘဲ ကောက်နည်း

မနက်အိပ်ယာနိုးတဲ့အချိန် ဆံပင်က ပုံမကျပန်းမကျနဲ့ လန်ပြန်နေလား။ မိုးရာသီဆိုတော့ ဆံပင်တွေ စေးကပ်ပြီး ပြားချပ်နေလား။ ဆံပင်ပါးလို့ ဆံပင်ကောက်ချင်ပေမယ့် ဆံပင်ပျက်စီးမှာလည်း ကြောက်တယ်၊ ဆံပင်ကောက်ပြီးသားသူတွေလည်း အကောက်က ပုံမကျတော့ဘူး ဆိုတဲ့သူတွေအတွက် အဆင်ပြေမယ့် နည်းလမ်းလေးတစ်ခု ပြောပြပေးချင်ပါတယ်။

Zendaya Shares Her Struggle With Hormonal Acne in the Most Relatable Way

အခုအခါမှာ ခေတ်နောက်ပြန်ဆွဲတဲ့ 90’s Fashion တွေ ပြန်ခေတ်စားလာပြီဆိုတော့ ဆံပင်ကေတွေကလည်း ဖောင်းပွပွလိန်ကောက်ကောက်လေးတွေကို ပြန်ပြီး ကြိုက်နှစ်သက်လာကြပါပြီ။ ဒါပေမယ့် အဲလိုဆံပင်မျိုးရဖို့ဆိုတာ အချိန်အများကြီးပေးရတဲ့အပြင် ပိုက်ဆံလည်း အများကြီး ကုန်ပါတယ်။ ဒါကြောင့် ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းလေး ရှာတွေ့ထားပါတယ်။

zendaya | Tumblr

လွယ်လည်းလွယ်ကူမယ်။ အကုန်အကျလည်း အများကြီး သက်သာရမယ်။ ဆံပင်လည်း အရမ်း မပျက်စီးဘူး။ တစ်ခါတလေပဲ ဆံပင်အကောက်နဲ့နေချင်သူတွေအတွက်လည်း အဆင်ပြေမယ်။ ပစ္စည်း ပစ္စယ လည်း အများကြီးမလိုဘူး။ ညဘက် ၅ မိနစ်လောက် အချိန်ပေးပြီး လုပ်လိုက်တာနဲ့ မနက်ခင်းမှာ သင်လိုချင်တဲ့ အလန်းစား ဆံပင်အကောက်ကို ရစေရမယ်။

As time passes and you move towards adulating, a very obvious change that most of the woman experiences is that they get reluctant towards applying makeup. The makeup statement which every teen age girls carry changes with time. There are ample cases where you get to see girls who used to apply a lot of makeup during their college days prefer being simple as time passes.  #nomakeup #tips #naturallook #naturalbeauty #beautytips

ပြုလုပ်နည်းလေး ပြောပြမယ်နော်။ အရင်ဆုံး ဆံပင်တွေ ရှုပ်မနေအောင် ခေါင်းဖီးလိုက်ပါ။ လက်ကိုရေစွတ်ပြီး ဆံပင်တွေကို ပွတ်လိုက်ပါ။ ဆံပင်တွေ အနည်းငယ်စိုထိုင်းသွားအောင် နေရာအနံ့လက်နဲ့လိုက်ပွတ်ပေးပါ။ ဆံပင် အစုလေးတွေခွဲပြီး တစ်စုချင်းစီလိန်ပါ။ လိန်ထားတဲ့ဆံပင်တွေ ပြေမသွားအောင် ကလစ်လေးတွေနဲ့ညှပ်ပါ။ ပြီးရင် လိန်ထားတဲ့ဆံပင်တွေအားလုံးကို ထုံးလိုက်ပါ။


ပြီးရင်တော့ သင်ကြိုက်နှစ်သက်ရာ Hairspray နဲ့ဖြန်းပြီး အိပ်ယာဝင်လို့ရပါပြီ။ မနက်နိုးတဲ့အခါ ဆံပင်တွေကို ဖြည်ချလိုက်ပါ။ လိန်ထားတဲ့ဆံပင်စုတွေကိုလည်း ခွဲပေးပါ။ အားလုံးဖြည်ပြီးသွားရင်တော့ ဆံသားငြိမ်သွားအောင် hairspray ထပ်ဖြန်းပေးပါ။ ဆံပင်ဖောင်းပွပွလေးဖြစ်အောင် လက်နဲ့ပုံသွင်းပါ။ ဒါဆိုရင်တော့ ဇန်ဒေးယားလိုမျိုး ပွယောင်းယောင်း လိန်ကောက်ကောက်ဆံပင်လေးရပါပြီ။


ဗီဒီယိုလေးကို ကြည့်ပြီး လိုက်လုပ်လို့လည်း ရပါတယ်နော်။



By Paulina


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။