
သင့်မှာ ကင်ဆာဖြစ်နေခဲ့ရင် တွေ့ရမယ့် ရှေ့ပြေးလက္ခဏာ ၇ မျိုး
အသိနောက်ကျခဲ့ရင် သေဖို့ ပိုနီးတဲ့ ကင်ဆာရောဂါဟာ အင်မတန်မှ ကြောက်ဖို့ကောင်းပါတယ်။ ကင်ဆာရှိ မရှိဆိုတာကလည်း ဆေးရုံမှာ အသေအချာစစ်ဆေးမှသာ သိနိုင်တာဖြစ်တဲ့အတွက် ကျန်းမာရေးစစ်ဆေးမှု အားနည်းတဲ့ ကျနော်တို့နိုင်ငံမှာတော့ ကင်ဆာကို ရောဂါအတော်ကျွမ်းမှသာ သိကြတာများပါတယ်။ ရောဂါသိပ်မကျွမ်းခင်မှာ သိနိုင်ရင်တော့ အတော်အတန် ထိန်းချုပ်နိုင်ပြီး သက်တမ်းကြာကြာ နေရနိုင်ပါတယ်။ ဒီတော့ ကင်ဆာလို့ သံသယဖြစ်ရလောက်တဲ့ ရှေ့ပြေးလက္ခဏာအချို့ကို ဆင်ခြင်သတိနဲ့ သိနိုင်ကြဖို့ ဖော်ပြပေးလိုက်ရပါတယ်။
(၁) အလုံးအကျိတ်များ သို့မဟုတ် အနာများ ဖြစ်ပေါ်ခြင်း
အရေပြား နဲ့ ရင်သားကင်ဆာများမှာ တွေ့ရပါတယ်။
-ရင်သားနဲ့ချိူင်းအောက်တွင် မာကျောသောအဖုများစမ်းမိခြင်း
-အရေပြား တွင် အကွက်များဖြစ်ပေါ်ခြင်း
-အလုံးအကျိတ်တစ်ခုရဲ့အလည်တည့်တည့်တွင် အနာစိမ်းတစ်ခုဖြစ်ပေါ်ခြင်း
-မွေးရာပါအမှတ်ရဲ့ ပုံသဏ္ဍာန် သို့ အရွယ်ပြောင်းလဲခြင်း
(၂)နာတာရှည်ချောင်းဆိုးခြင်း
-အဆုတ်ကင်ဆာရဲ့ လက္ခဏာတစ်ခုဖြစ်ပြီး အောက်ပါလက္ခဏာများရှိမရှိ ဆန်းစစ်သင့်ပါတယ်။
-အစားအသောက်ပျက်ခြင်း
-ကိုယ်အလေးချိန်ကျဆင်းခြင်း
-အဆုတ်ကင်ဆာနောက်ဆုံးအဆင့်တွင် သွေးအန်ခြင်းနဲ့အသက်ရှူမဝခြင်းတို့ တွေ့ရတတ်ပါသည်။
(၃)အရေပြားယားယံခြင်း
-သားအိမ်ကင်ဆာ ကြောင့် မိန်းမကိုယ်ယားခြင်းဖြစ်ပေါ်တတ်ပါသည်။
-ဦးနှောက်ကင်ဆာကြောင့် နှာခေါင်းအတွင်းပိုင်းယားခြင်း ဖြစ်ပေါ်တတ်ပါသည်
(၄)အူလမ်းကြောင်းပြဿနာများ
-အူလမ်းကြောင်းကင်ဆာရဲ့လက္ခဏာများအနက်
ဝမ်းသွားရာမှာ သွေးပါခြင်းနဲ့ အချွဲဝမ်းသွားခြင်း ၊ဝမ်းမထိမ်းနိုင်ခြင်းတို့မှာ အတွေ့ရများသည်။
(၅)ဆီးအနည်ပါခြင်း
ကျောက်ကပ်ကင်ဆာရဲ့ လကဏာတစ်ရပ်ဖြစ်ပြီး အောက်ပါလက္ခဏာများလဲ တွေ့ရတတ်သည်။
-ဆီးတွင်သွေးပါခြင်း
-သွေးတိုးခြင်း
-ကျောနာခြင်း
-နာတာရှည်အားနည်းခြင်း
(၆)ရုတ်တရက် ပိန်လာခြင်း
-သိသိသာသာကိုယ်အလေးချိန်ကျဆင်းခြင်းကို အစာအိမ်ကင်ဆာသမားများတွင် ပိုမိုတွေ့ရသည်။ အစောပိုင်းတွင် သိပ်မသိသာသော်လည်း တဖြည်းဖြည်းနဲ့ အောက်ပါလက္ခဏာများကိုပါတွေ့ရတတ်ပါသည်။
-အစာတွေ့ရုံနဲ့ပျိူ့အန်ခြင်း
-အစာနည်းနည်းစားရုံနဲ့ ဗိုက်ပြည့်ခြင်း
-သွေးအားနည်းခြင်း
-အစာချေနှေးခြင်း
(၇)နာတာရှည်လည်ချောင်းနာခြင်း
လည်ချောင်းကင်ဆာရဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။အောက်ပါလက္ခဏာများကိုလဲတွေ့ရတတ်ပါတယ်။
-အစာမျိူရာတွင် သို့မဟုတ် အသက်၇ှူရာတွင် ခက်ခဲခြင်း
-လည်ချောင်းတွင် အကျိတ်များပေါ်လာခြင်း
-အသံအောလာခြင်းနဲ့တဖြည်းဖြည်းအသံပါပျောက်လာခြင်း
-သွေးအန်ခြင်း၊ခံတွင်းအနံ့ဆိုးခြင်း။
အကယ်၍သင့်မှာ ဒီလို လက္ခဏာတွေတွေ့နေရပြီဆိုရင်တော့ မပေါ့သင့်ပါဘူး။အမြန်ဆုံး စစ်ဆေးပြီး အချိန်မှီ ကုသမှုခံယူသင့်ပါတယ်။ သတိဆိုတာ ပိုတယ်လို့တော့ မရှိဘူး မဟုတ်ပါလား. . .
we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။