ဈေးကွက်ထဲမှာ ရောင်းနေတဲ့ နို့စိမ်းဘူးတွေဟာ နွားနို့တစ်စက်မှ မပါပါဘူး

လက်ရှိ ဈေးကွက်ထဲမှာ တွေ့နေရတဲ့ လူသုံးအများဆုံး နို့စိမ်း ရယ်ဒီမိတ်ဘူးတွေမှာ နွားနို့တစ်စက်မှ မပါပါဘူးဆိုတာ သင်သိပါသလား။ စားအုန်းဆီတွေကို ဓာတုနည်းနဲ့ အသွင်ပြောင်းထားတာပဲဖြစ်ပါတယ်။ စားအုန်းဆီတောင် စက်မှုကုန်ကြမ်းသုံးတဲ့ အညံ့စားနဲ့ လုပ်ထားတာပါ။ သူ့ရဲ့ ပါဝင်ပစ္စည်းကို အင်္ဂလိပ်လိုရေးထားတယ်။ ပြန်လေ့လာကြည့်ပါ။ ဒါကြောင့် ဒီကရှေ့လျှောက် နို့စိမ်းတွေ ကြည့်ကျက်စားသင့်ပါတယ်။


 နို့စိမ်းဆိုတိုင်း နွားရုပ်ကြီးပါတိုင်း နွားနို့စစ်နဲ့ လုပ်တယ်လို့တော့ မထင်စေချင်ဘူး။ ပါဝင်ပစ္စည်းထဲမှာ Cow Milk ဆိုတာလည်း မပါဘူး။ လုံးဝကို မပါပါဘူး။ ဒါကြောင့်လည်း ကင်ဆာ၊ ဆီးချို အစရှိတဲ့ ရောဂါတွေဟာ မြန်မာနိုင်ငံမှာ တော်တော်လေး ကြီးစိုးခွင့်ရနေတာပါ။


ဒါတွေကို အစိုးရကရော ဘာလို့ ခွင့်ပြုထားသလဲ။

ထုတ်လုပ်သူတွေဟာ တံဆိပ်တွေ မျိုးစုံတပ်၊ အမည်တွေ မျိုးစုံပေးပေမယ့် ပါဝင်ပစ္စည်းတွေကို ဖော်ပြထားပြီး ဥပဒေလွတ်အောင် လုပ်ထားခြင်းပဲဖြစ်ပါတယ်။ နို့စိမ်းဆိုပေမဲ့လည်း တကယ်တော့ အရောင်ချွတ်ပြီး အချိုဓါတ်ထည့်ထားတဲ့ အသွင်ပြောင်း စားအုန်းဆီတွေသာဖြစ်လို့ မိဘပြည်သူများ သတိထားနိုင်စေရန် ဖော်ပြလိုက်ရပါတယ်။


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။