ညတိုင်း ပျားရည်တစ်စွန်း သောက်ပေးသင့်တဲ့ အကြောင်းအရင်း

ညဘက်မှာ အချိုစားခြင်းက မကောင်းပါဘူး။ သကြားအဖြူဆိုပိုဆိုးပါတယ်။ လုံးဝမစားသင့်ပါဘူး။ ပျားရည်ကလည်း အချိုမဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ပျားရည်ကတော့ ချွင်းချက်ပါ။ ဆေးအဖြစ် တစ်နေ့တစ်စွန်း မှီဝဲမယ်ဆိုရင် ပျားရည်ဟာ ခန္ဓာကိုယ်တစ်ခုလုံးကို ကောင်းကျိုးများစွာပေးနိုင်ပါတယ်။ ပျားရည်ဟာ အချိန်ပေါ်အလိုက်၊ ပေါင်းစပ်ပစ္စည်းပေါ်အလိုက် အာနိသင်တွေက မတူပါဘူး။ ဒီတစ်ခါတော့ ညဘက်ပျားရည်သောက်ခြင်းရဲ့ အကျိုးအာနိသင်ကို ပြောပြချင်ပါတယ်။


၁) ကောင်းစွာအိပ်ပျော်စေတယ်

Related image

ပျားရည်ဟာ သဘာဝအတိုင်း ချောမွေ့ညက်ညောနဲ့ အရည်တစ်မျိုးပါ။ ပျားရည်ဟာ Melatonin လို့ခေါ်တဲ့ ဓာတ်ကို ထုတ်ပေးနိုင်ပါတယ်။ Melatonin ဓာတ်ဆိုတာ ကောင်းစွာအိပ်ပျော်ဖို့၊ ဆဲလ်အသစ်ဖြစ်ဖို့၊ အာရုံကြောစနစ်တွေ ပြန်လည်စုစည်းဖို့ လိုအပ်တဲ့ ဓာတ်ပါ။ ညအိပ်ခါနီး ပျားရည်တစ်စွန်းသောက်ပေးခြင်းက ကောင်းစွာအိပ်ပျော်စေမှာ အသေအချာပါပဲ။ အထူးသဖြင့် Chamomile Tea နဲ့တွဲသောက်ပေးရင် ပိုကောင်းပါတယ်။ Lactose နဲ့ဓာတ်တည့်တဲ့သူတွေဆိုရင် နွားနို့ပူပူနဲ့ပျားရည်ကို သောက်ပေးခြင်းအားဖြင့် စိတ်ဖိစီးမှုတွေ လျော့ကျစေပါတယ်။


၂) အဆီလောင်ကျွမ်းစေတယ်

Related image

အဆီလောင်ကျွမ်းစေတဲ့ဓာတ်တွေဟာ ညဘက်မှာ ပိုထွက်လာပါတယ်။ ပျားရည်သောက်ခြင်းအားဖြင့် အဆီလောင်ကျွမ်းတဲ့နှုန်းကို ပိုမို လျင်မြန်စေပါတယ်။ Orexin လို့ခေါ်တဲ့ ဟော်မုန်းဟာ ကယ်လိုရီအပိုတွေ လောင်ကျွမ်းခြင်းအတွက် အဓိကအရေးကြီးတဲ့နေရာမှာ ပါဝင်ပါတယ်။ အစားအစာတွေ အများကြီးထဲမှာမှ ပျားရည်ဟာ Orexin ဟော်မုန်းဓာတ် အကြွယ်ဝဆုံး အစားအစာဖြစ်ပါတယ်။


၃) အသည်းကိုကုသပေးတယ်

Image result for honey benefit

အသည်းရဲ့ ဆဲလ်အသစ်တွေက ညဘက်မှာ ပိုထွက်လေ့ရှိပါတယ်။ ညဘက်မှာ ပျားရည်နဲ့ ဖရုံသီးဖျော်ရည်ကို သောက်ပေးခြင်းဖြင့် အသည်းထဲက အဆိပ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။


၄) ရောဂါခုခံကာကွယ်ပေးတဲ့ ဆဲလ်တွေကို ပိုသန်မာစေတယ်

Image result for honey burn fat

အခုပြောပြမယ့် နည်းကိုတော့ အေးတဲ့အချိန်နဲ့ ရောဂါပိုးကူးစက်ခြင်းကို ကာကွယ်ချင်တဲ့အချိန်တွေမှာသာ အသုံးပြုသင့်တယ်ဆိုတာ ကြိုပြောပါရစေ။ ကြက်သွန်ဖြူကို အတုံးသေးသေးလေးတွေ လှီးပါ။ ပြီးရင် ပျားရည်နဲ့ရောပါ။ အဲဒီအရောအနှောကို ညစဉ် တစ်စွန်းသောက်ပါ။ ကြက်သွန်ပျားရည်ဟာ ရောဂါခုခံတဲ့ ဆဲလ်တွေကို သန်မာလာစေပါတယ်။


၅) အားအင်ပြည့်စေတယ်

Image result for honey and water

မနက်နိုးလာတဲ့အခါ အားနည်းသလိုဖြစ်တာ၊ ခေါင်းကိုက်ခေါင်းမူးတာ၊ စိတ်မကြည်လင်တာမျိုး ဖြစ်လေ့ ရှိပါသလား။ အိပ်သာအိပ်လိုက်တယ်။ အားပြန်မပြည့်သလိုမျိုး ခံစားရပါသလား။ ဒါဆိုရင် ညအိပ်ခါနီး ပျားရည်နဲ့ရေ ရောသောက်ပါ။ ရေအေးဖြစ်ဖြစ်၊ ရေနွေးဖြစ်ဖြစ် ရပါတယ်။ အဲလိုသောက်ပြီးရင်တော့ မနက်ဖက်တွေမှာ လန်းလန်းဆန်းဆန်း နိုးထနိုင်ပါလိမ့်မယ်။


ပျားရည်ကို မနက်ဘက်သောက်ခြင်းရဲ့အကျိုးကျေးဇူးလေးလည်း အပိုထပ်စောင်းပြီး ပြောပြပေးမယ်နော်။ ရေနွေးပွက်ပွက်ထဲကို သံပုယိုရည်၊ တုံးထားတဲ့ သံပုရိုခွံ၊ တုံးထားတဲ့ ဂျင်းအနည်းငယ်၊ ပျားရည်တစ်စွန်း ထည့်ပါ။ ပြီးရင်တော့ ဖန်ခွက်တစ်ဝက်စာလောက်သောက်ပါ။ ဒါဆိုရင်တော့ သင့်ရဲ့တစ်နေ့တာဟာ Energy Drink သောက်စရာမလိုဘဲ အားအင်ပြည့်ဝလန်းဆန်းနေပါလိမ့်မယ်။


By Paulina


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။