ကွာရှင်းပြတ်စဲကြတော့မှာ ဖြစ်တဲ့ Ku Hye Sun နဲ့ Ahn jae hyun

Blood ဆိုတဲ့ K drama ရိုက်အပြီး နှစ်ယောက်သား ချစ်ကြိုက်ခဲ့ကြရင်း ချက်ချင်းလက်ထပ်သွားခဲ့တဲ့  Ku Hye Sun နဲ့ Ahn Jae Hyun တို့ စုံတွဲဟာ သုံးနှစ်အကြာမှာ ကွာရှင်းပြတ်စဲဖို့ဖြစ်လာခဲ့ပါတယ်။



ကွာရှင်းပြတ်စဲတဲ့ အကြောင်းနဲ့ ပက်သတ်ပြီး ပြောဆိုခဲ့တာတွေကို မင်းသမီး Ku Hye Sun ဘက်က Screenshot ရိုက်ပြီး IG မှာ တင်ထားခဲ့တာပါ။ သူတိုပြောတဲ့အကြောင်းရာတွေကတော့ 



Ahn Jae hyun ဘက်ကနေ Ku Hye Sun ကို ကွာရှင်းဖို့ လောနေတဲ့ပုံပါဘဲ စာထဲမှာတော့


ငါလွန်ခဲ့တဲ့ သုံးရက်လောက်ကတည်းက New Journey to the west team နဲ့ တိုင်ပင်နေတာမို့ မပြောဖြစ်ခဲ့တာ ၊ ကွာရှင်းမယ့်အကြောင်းကို မင်းဆီက စာရတာနဲ့  ငါနောက်အပတ်ကြရင် Media တွေကို သတင်းပို့ပြီး ကြေငြာခိုင်းလိုက်တော့မယ် 


နောက်အပတ်မဟုတ်ဖူး အရင်ဆုံး ငါ့အမေဆီကနေ ဆုံးဖြတ်ချက်ယူရအုံးမယ် ငါ့အမေရဲ့ ဆုံးဖြတ်ချက်က ငါ့ထက်ပိုအရေးကြီးတယ်လို့ Ku Hye Sun က ပြောခဲ့တယ် 



ငါ့အကုန်ပြင်ဆင်ထားပြီးသား ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးရုံဘဲ ကျန်တော့တာ နင့်အမေနဲ့ တွေ့ရင် အဓိပ္ပာယ် မရှိဖူး ဖြစ်သွားမယ် ငါစီစဉ်ထားပြီးတဲ့အတိုင်း ငါဆက်လုပ်မယ် ပြီးရင် အမေ့ကိုသွားတွေ့ပေးမယ် 


နင် ငါ့အမေကို အရင်တွေ့ပြီးတိုင်ပင်မယ်လို့အစကပြောထားတယ်လေ ဖုန်းဆက်ပါ နင်သွားတွေ့မယ်ဆိုရင် ၊ ငါတို့လက်ထပ်ခဲ့ကြတုန်းက ဘယ်လိုဖြစ်ဖြစ် လိုက်လျောညီထွေနဲ့ နေပေးမယ်လို့ နင်ပြောခဲ့တာမလား ဒီကွာရှင်းမယ့်ကိစ္စကို ကျေးဇူးပြူပြီး နင့်ဘက်က တာဝန်ရှိရှိ နဲ့ ဆောင်ရွက်ပေးပါ ဒါက ခက်ခဲတဲ့အရာမဟုတ်ဖူးလေ 


ငါဘာမှ ထပ်မစဉ်းစားချင်တော့ဖူး အမေကိုသာသွားတွေ့ရင် အမေက အကုန် ဖျက်ဆီးပစ်လိုက်မှာ ငါရူးချင်တယ် ၊ ဘယ်လို ဖြစ်ဖြစ် ငါအလုပ်ပြီးရင် သွားတွေ့မယ် 


နင်ပြောချင်တာက ငါ့အမေထက် နင့်အလုပ်က အခုချိန် ပိုအရေးကြီးနေတာလား နင် ဘယ်လို လူဖြစ်သွားတာလဲ 


အခု ငါ ဖုန်းဆက်လိုက်မယ် ဒါပေမဲ့ သီးသီးသန့်သန့်ကြီးတော့ မတွေ့ချင်ဖူး 



ငါဒီတိုင်း ထိုင်ကြည့်နေမှာမဟုတ်ဖူး နင်ဘက်က တာဝန်သိတတ်ရင်း ကွာရှင်းတာကို အကုန်လုပ်ပေးရမယ် ငါ့အမေကို နင်တောင်းပန်ရမယ်


နင် ငါတိုလက်ထပ်တုန်းက ချိူးဖောက်ခဲ့တဲ့ ကတိသစ္စာတွေ အတွက် ငါ့အမေရှေ့ ပြန်တောင်းပန်ပေးရမယ် နင့်အလုပ်က ငါ့အမေထက် ပိူအရေးပါနေသေးတယ်ဆို ငါသည်းခံတော့မှာ မဟုတ်ဖူး  လို့ပြောထားခဲ့တယ်။ 


ကွာရှင်းဖို့သေချာပေမဲ့ Ahn Jae hyun ဘက်က လက်မှတ်ထိုးရုံနဲ့ ပြီးမယ့် ကိစ္စတော့ မဟုတ်ပါဖူး


အသက် 35 နှစ်အရွယ်  Ku Hye Sun မှာ.အမေတစ်ယောက်တည်း မှီခိူရာရှိတာမို့ အမေ့ဆန္ဒကို သိစေချင်နေတယ် ၊ နောက်ထပ်ဘယ်လို သတင်းတွေ တတ်လာမလဲ ဆိုတာ ထပ်စောင့်ကြည့်ရမှာပါ ၊ 

Trans : SORA 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။