ကျွန်မမိသားစုကို ကာကွယ်ရမယ် လို့ ဖွင့်ဟလာတဲ့ F4 မင်းသမီးလေး Ku Hye Sun ရဲ့ရင်ဖွင့်စကား

လက်ရှိ တောင်ကိုရီးယားမှာ ဂယက်ထဆဲဖြစ်တဲ့ သတင်းကတော့ Ku Hye Sun နဲ့ Ahn Jae Hyun တို့ ကွာရှင်းပြတ်စဲမယ့် ကိစ္စဖြစ်ပြီး နောက်ဆက်တွဲမှာ သူတို့နှစ်ယောက်ကို မကွာရှင်းဖို့ ပြောဆိုကြတဲ့ အနုပညာရှင်များစွာ ရပ်တည်နေကြပါတယ်။ HB Entertainment ကနေမှ   Ku Hye Sun ရဲ့  ရင်ဖွင့်စာကို တရားဝင်ထုတ်ပြန်ကြေငြာခဲ့တာက 


“ မနေ့က ကျွန်မအကုန် ဖွင့်ချပြလိုက်တာက တကယ် စိတ်ရူတ်ထွေးနေပြီး အားလုံးကို သိစေချင်လို့ ကိုယ်တိုင် ss တွေ တင်မိလိုက်တာပါ။ ဒီနေ့ တရားဝင်ကြေငြာမှာက ကျွန်မတို့ လက်မှတ်မထိုးကြသေးပါဖူး သူ့ဘက်ကလည်း အဆက်သွယ်ကို ဖြတ်ထားတယ်။ ဆုံးဖြတ်ချက်ချလိုက်ဖို့က သူ့ကိုစောင့်ဆိုင်းရအုံးမှာပါ။ ကျွန်မ သူ့ကို ကာကွယ်ချင်တယ် မိသားစုကို ကာကွယ်ရမယ် မဆုံးရှံးချင်သေးတာမို့ ကျေးဇူးပြုပြီး အားလုံးနားလည်ပေးပါ” လို့ပြောခဲ့ပါတယ်။ 


Ku Hye sun ဟာ သူ့ခင်ပွန်း Ahn Jae Hyun ကို စာတွေ ထပ်ပို့ခဲ့သေးတယ်။ လက်တလောမှာ Ahn Jae Hyun က ဒီလူမှုရေးကိစ္စတွေကြောင့် Drama ရိုက်ဖို့ ရပ်ဆိုင်းလိုက်ရတယ်။ ဒါကြောင့် Ku Hye Sun ဘက်က Drama ရဲ့ CEO ကို ကိုယ်တိုင်တွေ့ပြီး ဖြေရှင်းခဲ့ကြောင်းစာပို့ခဲ့ပါတယ်။ 


ဒီအချိန်မှာတောင် နင်က ဖုန်းမအားဖူး ဖြစ်နေတုန်းဘဲ ။ ငါ ဒီနေ့ broad director နဲ့ တွေ့ပြီး စကားပြောခဲ့တယ်။ CEO ကလည်း ဒီလို အရူတ်ကိစ္စတွေကြောင့် ရှေ့ဆက်မလုပ်ဖို့ကို ငါ့ကိုပြောနေပြီ ငါ အေဂျင်စီကနေ ဖြေရှင်းချက်မလုပ်ဘဲ ကိုယ်တိုင် ထင်ရာလုပ်လိုက်တာ ငါ့အမှားပါ။


ဒီကွာရှင်းတဲ့ ကိစ္စကို ချုပ်ကိုင်ပြီး ငါ့ကို အေဂျင်စီကလည်း စာချုပ်ကို ရပ်ဆိုင်းဖို့ပြောနေပြီ။ ငါလည်း ထွက်ဖို့ ဆုံးဖြတ်ပြီးပြီ။ နင် ဖြစ်ချင်သလို ရုတ်တရက် ကွာရှင်းကြပြီး ကိုယ်လမ်းကိုယ်လျောက်မယ်ပေမဲ့ ငါမိသားစုအတွက် ငါအလုပ်မရှိရင် ဘယ်လိုမိသားစုနဲ့ ှရှေ့ဆက်ရမလဲမသိဖူး ။


ဒါပေမဲ့ နင့်ရဲ့ ရှေ့နေက ငါ့ကို  ကွာရှင်းဖို့အတွက် လုပ်ဆောင်ဖို့ပြောလာတယ်။ ဟုတ်ပြီ ငါကတိအတိုင်း ငါရှေ့နေနဲ့ လိုအပ်တာတွေ လုပ်တော့မယ်။ အကြောင်းပြချက်တစ်ခုခုကို နားထောင်ချင်တယ်။ ဘာလို့ ကွာရှင်းချင်တာလဲ ငါယုံယုံကြည်ကြည်နဲ့ နားထောင်ပေးမယ်။ အမှန်တိုင်းပြောပြပါ ဒီစာကို အကြောင်းပြန်ပါ။  


Ahn Jae Hyun က အကြောင်းပြချက်မပေးဘဲ ကွာရှင်းဖို့တောင်းဆိုခဲ့တာက အရမ်းထူးဆန်းလွန်းတယ်လို့ ဝေဖန်ခံနေရပါတယ်။ Ahn Jae Hyun ဟာ မော်ဒယ်ဘဝကနေ သရုပ်ဆောင် တစ်ယောက်ဖြစ်လာခဲ့တာဖြစ်ပြီး မိန်းမအရူတ်ရှင်းကိစ္စတွေလဲ တစ်ခါမှ မဖြစ်ဖူးကြောင်း သူငယ်ချင်းတွေက ပြောဆိုပေးကြပါတယ်။ သူတို့နှစ်ယောက်သာ အဆင်ပြေရင် အေဂျင်စီကလည်း စာချုပ်ကို ချုပ်ဖို့ဆန္ဒရှိနေမှာပါ။


Trans : SORA 


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။