ဂိမ်းထဲမှာတွေ့တဲ့ (၁၂)နှစ်အရွယ်ကောင်လေးနဲ့ ချစ်ကျွမ်းဝင်မိလို့ အရေးယူခံရတဲ့ ၂၂ နှစ်အရွယ် မိန်းကလေး

ဂိမ်းဆော့ရင်းချစ်သူဖြစ်သွားကြတာ၊ မနဲ့မောင် ဇာတ်လမ်းဖြစ်တာတွေကတော့ မထူးဆန်းတဲ့ကိစ္စတွေပါ။ မနဲ့မောင်တွဲတာ ပြဿနာမရှိပေမယ့် အသက်မပြည့်ရင်တော့ ပြဿနာရှိပါတယ်။ ဒီအတွဲဆိုရင် အသက်က ၁၀ နှစ်ကွာတဲ့အပြင် ကောင်လေးက အသက်တောင် မပြည့်သေးပါဘူး။ ဒါ့အပြင် ကောင်မလေးက ကလေးတစ်ယောက်အမေလည်း ဖြစ်ပါတယ်။ ကောင်လေးနာမည်က စီနာ ဖြစ်ပြီး ကောင်မလေးနာမည်ကတော့ ရီကာပါ။

Image result for playing mobile game

ကောင်မလေးကတော့ ဂျပန်နိုင်ငံ၊ Takamatsu မြို့နယ်မှာ နေထိုင်ပါတယ်။ ထုံးစံအတိုင်း နှစ်ယောက်သားက ဂိမ်းဆော့ရင်းတွေ့ကြတာပါ။ ကောင်လေးက ကောင်မလေးကို အရမ်းစွဲလမ်းသွားတဲ့နောက်မှာ သူ့အိမ်ကနေ ၄၉၀ ကီလိုမီတာ (၃၀၄ မိုင်ကျော်) ဝေးတဲ့ ကောင်မလေးရဲ့အိမ်ကို ထွက်ပြေးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ချစ်တင်းနှောတဲ့အထိ ဖြစ်ခဲ့ကြပါတယ်။ စီနာဟာ သူ့ရဲ့လူမှုကွန်ယက်ပေါ်မှာတောင် ကောင်မလေးနဲ့ ဖက်လှဲတကင်းနေတဲ့ပုံတွေကို တင်ခဲ့ပါတယ်။


ရီကာဟာ အရပ် ၁၅၆ စင်တီမီတာ(၅ ပေ ၁ လက်မ) ရှိပြီး အသားအရေအရမ်းကောင်းပါတယ်။ သူမ အထက်တန်းကျောင်းတုန်းကဆိုရင် ကျောင်းရဲ့ချစ်စရာကောင်းတဲ့စာရင်းမှာပါခဲ့ပြီး လူကြိုက်များတဲ့ ကျောင်းသူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့သူမက အဲလိုရေပန်းစားတာမျိုးတွေကို မကြိုက်တာကြောင့် အိမ်ထဲမှာပဲနေပြီး ဂိမ်းဆော့နေတာပဲ များခဲ့ပါတယ်။ ဒါကြောင့် သူမမှာ သူငယ်ချင်းလည်း သိပ်မရှိပါဘူး။


စီနာနဲ့ရည်းစားမဖြစ်ခင်တုန်းက ရီကာဟာ ကောင်လေးတွေအများကြီးထားခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့သူမဟာ အချစ်ရေးကံမကောင်းခဲ့တာကြောင့် မကောင်းတဲ့ရည်းစားတွေကိုပဲ ရခဲ့ပါတယ်။ အရင်ရည်းစားတွေနဲ့တုန်းက သူမဟာ စိတ်ဆင်းရဲခဲ့ရပြီး အချစ်မခံခဲ့ရဘူးလို့လည်း ဆိုပါတယ်။ ဒီကောင်လေးကတော့ သူမကို တော်တော်ချစ်တယ်လို့ ရီကာက ပြောပြခဲ့ပါတယ်။


ဒါပေမဲ့လည်း အသက်မပြည့်သေးတဲ့ ကောင်လေးနဲ့ ကာမစပ်ရှက်ခဲ့တာကြောင့် ရီကာကို ဂျပန်ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ ဂျပန်တွေရဲ့ ဥပဒေအရ အသက် ၁၃ နှစ်အောက် ကလေးနဲ့ ကာမစပ်ရှက်တာက (မိဘသဘောတူထားတယ်ဆိုရင်တောင်) ကြီးမားတဲ့ပြစ်မှုမြောက်ပါတယ်။ အခုဆိုရင် ရီကာဟာ ကောင်လေးနဲ့လုံးဝ ထပ်မပတ်သက်တော့ဖို့ ကောင်လေးရဲ့မိသားစုကို ဝန်ခံကတိထိုးထားရပါတယ်။ ကောင်လေးကတော့ ရီကာကိုလုံးဝလက်လွတ်မခံဘူးလို့ ဆိုပါတယ်။

ရီကာကတော့ Kansai မှာရှိတဲ့ အထူးဆေးဝါးတက္ကသိုလ်မှာ အသက်မပြည့်တဲ့ကလေးငယ်နဲ့ ချစ်ကျွမ်းဝင်ခဲ့တာနဲ့ ပတ်သက်ပြီး အသိပညာပေးဆွေးနွေးမှုတွေ၊ ကုသမှုတွေ ခံယူရမှာ ဖြစ်ပါတယ်။

By Paulina


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။