ကမ်းစပ်က သဲတွေကို အဏုကြည့်မှန်ပြောင်းနဲ့ အဆ၃၀၀ ချဲ့ကြည့်လိုက်တဲ့အခါ

ကောင်းကင်ပြာပြာ၊ ပင်လယ်ရေလှိုင်းဖွေးဖွေးနဲ့ သောင်ပြင်ကမ်းစပ်ညိုညိုလေးလောက် လှတဲ့နေရာရှိပါအုံးမလား။ ပင်လယ်ပြာပြာရဲ့အောက်မှာ တန်ဖိုး မဖြတ်နိုင်လောက်အောင် လှတဲ့ သန္တာကျောက်တန်းတွေ ရှိသလို သောင်ယံက သဲပွင့်လေးတွေဟာလည်း သူ့အလှနဲ့သူ ရှိတယ်ဆိုတာ သိပါသလား။ အညိုရောင် သဲပွင့်လေးတွေဟာ အနီးကပ်ကြည့်ရင် ဘယ်လောက်လှလဲဆိုတာ မြင်ဖူးပါသလား။

Image result for beach sand

Image result for doctor greenberg sand

အခုဆိုရင်တော့ ဒေါက်တာ Gary Greenberg ရဲ့ စူးစပ်လေ့လာမှု ကျေးဇူးနဲ့ သဲမှုန်လေးတွေရဲ့ အသေးစိတ်အလှကို ခံစားနိုင်ပါပြီနော်။ ဒေါက်တာ Greenberg ဟာ သူ့ရဲ့အဏုကြည့် ကင်မရာနဲ့ သဲပွင့်လေးတွေကို ဓာတ်ပုံရိုက်ယူခဲ့ပါတယ်။ ဒီသဲပွင့်လေးတွေကို အဆပေါင်း ၃၀၀ တောင် ချဲ့ပြီးကြည့်ထားတာပါ။ သဲပွင့်တစ်ပွင့်စီတိုင်းဟာ သူ့အလှနဲ့သူ ထူးခြားလှပနေပါတယ်။


ဒေါက်တာ GreenBerg ဟာ အဆင့်မြင့် 3D အဏုကြည့်မှန်ပြောင်းကို ကိုယ်တိုင် တီထွင်ခဲ့ပြီး အဲဒီမှန်ပြောင်းနဲ့ အခုလိုလှပတဲ့ပုံလေးတွေကို ရိုက်ယူခဲ့တာပါ။ အခုဆိုရင်တော့ အဲဒီအဏုကြည့်မှန်ပြောင်းကို သူ့ရဲ့မူပိုင်ခွင့်နဲ့ ရောင်းချနေပါပြီ။ Greenberg ဟာ အသက် ၃၃ နှစ်မတိုင်ခင်ထိ ဓာတ်ပုံနဲ့ဗီဒီယို ရိုက်ကူးရေးသမား လုပ်ခဲ့တာပါ။ LA ကနေ London ကိုပြောင်းပြီး Biomedical နဲ့ Ph.D. ဘွဲ့ယူပြီးတဲ့အခါမှာတော့ အခုလိုမျိုး နည်းပညာမြင့်တဲ့ ပစ္စည်းတွေကို တီထွင်ဖို့ကြိုးစားခဲ့တာပါ။

Image result for doctor greenberg sand

သဲပွင့်လေးတွေရဲ့ပုံသဏ္ဍာန်က နေရာဒေသပေါ်လိုက်ပြီးတော့ ကွာခြားပါတယ်။ ဒေါက်တာ Greenberg ကတော့ ဟာဝိုင်အီမှာ နေတာကြောင့် သူစမ်းသပ်ထားတဲ့ သဲတွေက ဟာဝိုင်အီကမ်းစပ်က သဲတွေပါ။ အချို့သဲပွင့်တွေမှာတော့ အမှိုက်အကြွင်းအကျန်နဲ့ ရေနေသတ္တဝါတွေရဲ့အပိုင်းအစလေးတွေ ပါပါတယ်။ အချို့သဲပွင့်မှာတော့ ကျောက်တုံးကျောက်ခဲ၊ သတ္တုနဲ့ ကျောက်မျက်ရတနာ အပိုင်းအစတွေ ပါဝင်ပါတယ်။ သေချာတာကတော့ အရမ်းကိုထူးဆန်းတဲ့ ပုံသဏ္ဍာန်လေးတွေ လှနေတာပါပဲ။



Image result for doctor greenberg sand

By Paulina


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။