Ku Hye Sun က ကွာရှင်းဖို့ တမင်အကွက်ချစီစဉ်နေတာလို့ ခင်ပွန်းဖြစ်သူ မိတ်ဆွေမှ ဖွင့်ဟလာ

မင်းသမီး Ku Hye Sun နဲ့ မင်းသား Ahn Jae Hyun တို့ ကွာရှင်းမယ့်ကိစ္စဟာ အခုထိကို သတင်းများစွာ ထွက်ပေါ်လာပြီး  Ku Hye Sun ဘက်ကို ကိုယ်ချင်းစာပေးကြတာ ပရိသတ်တွေ အသိဘဲ ဖြစ်ပါတယ်။


အခု သတင်း ကတော့ Ahn Jae hyun ရဲ့ သူငယ်ချင်း ဖြစ်သူက ဒီကိစ္စဟာ အလိမ်ညာတွေပါ လို့ ဖွင့်ဟလာတာ ဖြစ်တယ်။  Ku Hye sun က သူ့မိသားစုကို ကာကွယ်ရမယ် ဆိုတဲ့ စကားတစ်ခွန်းတည်းနဲ့ အားလုံးကို လိမ်နေတာပါတဲ့ ။ 


Ku Hye Sun ဘက်က ဒီ Relationship ကို အဆုံးသတ်ချင်နေတာပါလို့ Ahn Jae Hyun က ကျနော့်ကို လွန်ခဲ့တဲ့ သုံးလက တွေတုန်း ရင်ဖွင့်ခဲ့တယ်။ သူ ဘယ်လိုလုပ်ရမလဲ လို့ မေးတုန်းက အဆင်ပြေဖို့ ဘဲ နှစ်သိမ့်ပေးခဲ့တယ်။


   အခု ကိစ္စမှာ Ku Hye Sun ဘက်က ရှေ့နေ့ကလည်း Ahn Jae Hyun ငှားပေးတဲ့ ရှေ့နေမဟုတ်ပါဖူး  အစကတည်းက Ku Hye Sun ရဲ့ လူယုံ ရှေ့နေတစ်ယောက်ဘဲ။ ပိုင်ဆိုင်မှုတွေ ခွဲဝေဖို့ စာချုပ်ကို သူ့ဘာသာ စီစဉ်နေတာ ။ ကျနော့်သူငယ်ချင်းက ဘာမှတောင် သိမှာမဟုတ်ပါဖူး 


သူ့အမေက ဒီအကြောင်းကို မသိခင်တည်းက နေမကောင်းဖြစ်နေတာ ကြာပြီ။ ဒါကို အကျပ်ကိုင်ပြီး Ahn Jae hyun ကြောင့် ဖြစ်ရတာဆိုပြီး Ahn Jae Hyun ဘက်ကို စာတွေ ပို့တယ်။ တောင်းပန်ခိုင်းတယ်။  ပြီးတော့ ss တွေ ကို တင်တယ်။ အပေါ်က စာတွေကိုကျ  ဘာလို့ မတင်တာလဲ ? 


ကွာရှင်းမယ့် ကိစ္စကို Ahn Jae Hyun က တိတ်တဆိတ်ဘဲ ဖြေရှင်းချင်တာ။  ဒါပေမဲ့သူမက social media ကို အကုန်အသိပေးလိုက်ပြီလေ ။ ဆက်တိုက်ဘဲ အေဂျင်စီက သူ့ကို ထွက်ခိုင်းတယ်။ Ahn Jae Hyun လဲ ကားရိုက်တာတွေ ရပ်ထားရတယ်။ ဒါအရမ်းကို မြန်ဆန်လွန်းပါတယ်။ ကျနော့်သူငယ်ချင်းလဲ အခုထိ အဆက်သွယ်မရသေးဖူး ။ Ahn Jae Hyun ရဲ့ ဖြေရှင်းချက်ကို စောင့်ပေးကြပါ။  


သူက အရမ်းချစ်လို့ ချစ်သူဖြစ်ပြီးချင်းဘဲ လက်ထပ်ခဲ့တာ Ku Hye Sun အသက်အရွယ်အရကြောင့် Ahn Jae Hyun က  မြန်မြန်ဆန်ဆန် လက်ထပ်ခဲ့တယ် လို့  သူငယ်ချင်းက ထပ်ပြီး Fan တွေကို ရှင်းပြခဲ့တယ်။ လက်ထပ်ပွဲကို တခမ်းတနား မဖြစ်ဘဲ ဘုရားကျောင်းမှာ နစ်ဦးသဘောတူ လက်မှတ်ထိုးရုံ လုပ်ခဲ့တယ်။ 


အခုချိန်မှာ Ahn Jae Hyun ကို နားလည်ပေးကြပါ။ 


ဒီကိစ္စမှာ ဘယ်သူက အမှားလဲ ဘယ်သူအမှန်လဲ ဝေခွဲမရတာအမှန်ပါ။ Ahn Jae Hyun သူငယ်ချင်း ဖြေရှင်းပြီးနောက် Ku Hye Sun က ဘာမှ ထပ်မပြောပြသေးပါဖူး 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။