
Mytel မှ ရေဘေးဒဏ်သင့်နေရာများ သို့သွားရောက်ကူညီ
သြဂုတ် ၂၁ ၊ ၂၀၁၉ ၊ ရန်ကုန် ၊ မြန်မာ ။
မြန်မာနိုင်ငံတွင် မထင်မှတ်ပဲ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံခြင်းများနှင့် မြေပြိုမှုများဖြစ်ပေါ်စေခဲ့သည်။ ထို့ကြောင့် Mytel သည် ဂရုအစိုက်ဆုံး အော်ပရေတာဆိုသော ဆောင်ပုဒ်နဲ့အညီ မွန်ပြည်နယ် ၊ ပဲခူးတိုင်းအရှေ့ပိုင်းဒေသ နှင့် တနင်္သာရီတိုင်းဒေသကြီးတို့ရှိ မြေပြိုမှုဒဏ်နှင့် ရေဘေးဒဏ်ခံစားနေရသော ပြည်သူများကို လျင်မြန်တက်ကြွစွာ သွားရောက်ကူညီပေးခဲ့ပါသည်။ Mytel သည် ရှေးဦးစွာဖြင့် စုစုပေါင်းတန်ဖိုးငွေကျပ်မှာ ၁၃,၄၂၃,၀၀၀ ရှိပြီး ဘေးဒဏ်သင့်ပြည်သူများအတွက် အဓိကလိုအပ်သော ရေ ၊ အစာအစားများ ၊ အသက်ကယ်လှေ နှင့် အခြားအရေးပေါ်လိုအပ်သည့် ပစ္စည်းများကို သွားရောက် ထောက်ပံ့လှူဒန်းပေးခဲ့ပါသည်။
သြဂုတ် ၁၀၊ ၂၀၁၉ တွင် Mytel ၏အရောင်းဆိုင်ခွဲများမှ ဝန်ထမ်းများမှလည်း မွန်ပြည်နယ်၊ ပဲခူးတိုင်းအရှေ့ပိုင်းဒေသနှင့် တနင်္သာရီတိုင်းဒေသကြီးတို့ရှိ မြေပြိုမှုဒဏ်နှင့် ရေဘေးဒဏ်ခံစားနေရသော ပြည်သူများကို ချက်ချင်းသွားရောက်ကူညီခဲ့ပါသည်။ ဘေးဒဏ်သင်ြ့ပည်သူများအတွက် လိုအပ်သည့် ဆန် ၊ ရေ၊ ဆီ ၊ အသင့်စားသုံးနိုင်သော ခေါက်ဆွဲထုပ်များနှင့် ငါးသေတ္တာဘူးများကို မွန်ပြည်နယ်ရှိ ရေးမြို့နယ်နှင့် ပေါင်မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးရှိ လောင်းလုံမြို့နယ်နှင့် ကလိုင်အောင်မြို့နယ်၊ ပဲခူးတိုင်းအရှေ့ပိုင်းဒေသရှိ စပ်စုရွာ၊ အောင်သာယာရွာ၊ ရွှေကြင်းမြို့နယ် ရွှေကြင်းစခန်း တို့တွင် အသီးသီး လှူဒါန်းခဲ့ပါသည်။
တိုင်းဒေသကြီး/ပြည်နယ်/ ဒေသ | လှူဒါန်းသည့်နေရာ | လှူဒါန်းသောပစ္စည်း | လှူဒါန်းမှုတန်ဖိုး |
မွန်ပြည်နယ် | ရေးမြို့နယ်နှင့် ပေါင်မြို့နယ် | ဆန်၂၀၈၀ ပေါင်၊ ရေ၊ လှေ ၁၀ စီးနှင့်အခြားလိုအပ်သောပစ္စည်းများ | ၇,၅၀၀,၀၀၀ ကျပ် |
တနင်္သာရီတိုင်းဒေသကြီး | လောင်းလုံမြို့နယ်နှင့် ကလိုင်အောင်မြို့နယ် | ဆန်အိတ် ၂၅၀၊ ရေသန့်ဘူး ၁၂၅ ပါကင်၊ ဆီ၂၁ ပါကင်၊ ခေါက်ဆွဲခြောက် ၁၂၅ထုပ်၊ ငါးသေတ္တာဘူး ၅ ပါကင် နှင့် အခြားလိုအပ်သောပစ္စည်းများ | ၄,၉၂၃,၀၀၀ ကျပ် |
ပဲခူးတိုင်းအရှေ့ပိုင်းဒေသ | ရွှေကြင်းမြို့နယ် ရှိ စပ်စုရွာ၊ အောင်သာယာရွာ၊ ရွှေကြင်းစခန်း | ဆန် ၂၂ အိတ်၊ ခေါက်ဆွဲခြောက် ၄၃ ဘူး၊ ဆီ ၄၃ ဘူး၊ လှေ ၁ စီး နှင့်အခြားလိုအပ်သောပစ္စည်းများ | ၁,၀၀၀,၀၀၀ ကျပ် |
လှူဒါန်းမှုများအတွက် အသေးစိတ်အချက်အလက်ကိုအောက်ပါအတိုင်း တွေ့နိုင်ပါသည်။
we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။